
ရန်ကုန်လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြေအောက်ရေကို မှီခိုနေ။
စည်ပင်တွင်း ၅၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၉၀၀၀၀ ကုဗမီတာ၊ ပုဂ္ဂလိကတွင်း ၂၀၀၀၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၄၇၅၀၀၀ ကုဗမီတာထုတ်ယူနေ။
လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ကမာရွတ်မြို့နယ်တွင် မြေအောက်ရေပြင် ၁၂ မီတာ၊ လှိုင်မြို့နယ်တွင် ၉ မီတာနှင့် အင်းစိန်တွင် ၇ .၅ မီတာမျှ နိမ့်ဆင်းသွားခဲ့။
၂၀၁၈ ခုနှစ်ဇွန်လနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လအကြား ဂြိုဟ်တုရေဒါပုံရိပ်များကို အသုံးပြုတွက်ချက်မှုအရ ရန်ကုန် ပုဇွန်တောင်ချောင်းဝန်းကျင်နှင့် အရှေ့ဘက်မြေပြင်သည် ပျမ်းမျှတစ်နှစ်လျှင် ၁၀ မီလီမီတာနှင့် ၂၀ မီလီမီတာကြား နိမ့်ကျ၊ ရန်ကုန်အနောက်ဘက် ရန်ကုန်မြစ်နှင့် ပန်းလှိုင်မြစ်ကြားတွင်လည်း မြေပြင်နိမ့်ကျသည်ကိုတွေ့ရှိ၊ မြို့ပြ တိုးချဲ့မှုနှင့် မြေအောက်ရေထုတ်ယူမှုလွန်ကဲခြင်းတို့ကြောင့် ဖြစ်နိုင်။
ရန်ကုန်မြို့ပြတိုးချဲ့မှုဧရိယာသည် ကျွံဝင်မှုဖြစ်ပေါ်နိုင်သောမြေ(Quaternary lithology)မျိုးပေါ်တွင် ဖြစ်နေကြောင်း တွေ့ရှိ။ ဘန်ကောက်နှင့်ဂျကာတာတို့၏သင်ခန်းစာကို ယူသင့်။
ရန်ကုန်ဧရိယာတွင် မိုးရေ၊ မြစ်ရေတို့ဖြင့် မြေအောက်ရေပြန်ဖြည့်ခြင်းကို လုပ်ဆောင်နိုင်သည့် အလားအလာများ ရှိနေသဖြင့် လေ့လာအကောင်အထည်ဖော်သင့်။
(ဦးမြင့်သိန်းပေးပို့သည့် Yangon Groundwater Outlook 2020 (U Myint Thein) နှင့် Groundwater Scoping Study for the Yangon Region, Myanmar(Delft University of Technology (TU Delft), in cooperation with Utrecht University, Mott MacDonald, and Water Bridge Myanmar) တို့မှ ကောက်နုတ်ဝေမျှခြင်း ဖြစ်ပါသည်။)