မြစ်ဝှမ်း ၁၅ ခု ရေပြန်လည် ပြည့်သည့် ပမာဏ လျော့နည်းမှု

ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ မြစ်ဝှမ်းဒေသများသို့ ရေဝင်ရောက်မှုလျော့နည်းလာကြောင်း မကြာမီက ပြုလုပ်ခဲ့သည့်လေ့လာချက်တစ်ရပ်က ဆိုသည်။ အဆိုပါဖြစ်စဉ်သည် လက်ရှိဖြစ်ပေါ်နေသည့် ရေရှားပါးမှု ပြဿနာအား ပိုမိုဆိုးရွားစေရန်ရှိနေသည်။ ပူနွေးလာခြင်းကြောင့် ရေငွေ့ပိုပျံသည်၊ အပင်များက ရေပိုစုပ်ယူသည်၊ တစ်ချိန်တည်း၌ မိုးရွာသွန်းမှုနှင့်ဆီးနှင်းကျမှုပုံစံပြောင်းလဲခြင်းကြောင့် မြစ်ဝှမ်းများသို့ ရေအဝင်နည်းလာခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုပိုလာခြင်းနှင့်အတူ ယင်းဖြစ်စဉ်သည် ပိုမိုဆိုးရွားလာမည်။

Indian Institute of Science နှင့် University of New South Wales တို့က မြစ်ဝှမ်း ၃၁ ခု၏ ရေအဝင်အထွက်ကို သုတေသနပြုခဲ့ရာ မြစ်ဝှမ်း ၁၅ ခုတို့၌ အပူချိန်တက်မှုနှင့် ရေပြန်လည်ပြည့်သည့် ပမာဏ လျော့နည်းမှု ဆက်စပ်နေကြောင်း တွေ့ရသည်။ အပူချိန် တစ်ဒီဂရီ စင်တီဂရိတ် တက်တိုင်း ဧရာဝတီမြစ်ဝှမ်းသို့ ရေအရင်းအမြစ် ပြန်လည်ပြည့်တင်းမှု ၃၉ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွက်ချက်ရရှိသည်။ အိန္ဒုမြစ်ဝှမ်းတွင် ၂၄ ရာခိုင်နှုန်း၊ မဲခေါင်မြစ်ဝှမ်းတွင် ၁၅ ရာခိုင်နှုန်းနှင့် ဂင်္ဂါ-ဗြဟ္မပုတ္တရမြစ်ဝှမ်းတွင် ၁၄ ရာခိုင်နှုန်း အသီးသီး ရေအရင်းအမြစ် ပြန်လည်ပြည့်တင်းမှု လျော့နည်းသည်။

ယင်းသုတေသနကို ဂြိုဟ်တုများမှ ၂၀၀၂ ခုနှစ် ဧပြီနှင့် ၂၀၁၇ ဇန်နဝါရီအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေပြန်ပြည့်မှုပမာဏနှင့် အပူချိန်တို့ ဆက်နွှယ်မှု အချက်အလက်များဖြင့် တွက်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ရှိမှုသည် မြို့ပြဖွံ့ဖြိုးမှု၊ စိုက်ပျိုးဧက တိုးတက်လာမှု များလာခြင်းကြောင့် ရေအသုံးများလာသော ဒေသများအတွက် စိုးရိမ်ရကြောင်း ခေါင်းလောင်းသံပင်ဖြစ်သည်။

ဥပမာ ဧရာဝတီမြစ်ဝှမ်းဒေသ အောက်ပိုင်းတွင် စိုက်ပျိုးသော နွေသီးနှံများအတွက် မြေအောက်ရေကို အဓိကအားထားရရာ ရေပြည့်မှုလျော့နည်းလာခြင်းသည် သောက်သုံးရေအတွက် သာမက စိုက်ပျိုးရေးကိုပါ ထိခိုက်မည့်သဘောပင်ဖြစ်သည်။

အထက်ပါသုတေသနက မြန်မာ့ခြောက်သွေ့ဒေသရှိ မြေအောက်ရေ ပြန်ပြည့်မှုသည် အခြားဒေသများထက် လျော့နည်းနေသည်ဟု ဆိုသည်။

ပူးတွဲပါ အပူချိန်တက်မှုကြောင့် ရေပြန်ပြည့်မှုလျော့နည်းသောမြစ်ဝှမ်းများပုံတွင် ဧရာဝတီမြစ်ဝှမ်း ရေပြန်ပြည့်မှု လျော့နည်းခြင်းက အဆိုးရွားဆုံး ဖြစ်နေကြောင်း တွေ့နိုင်သည်။

Keywords: ရာသီဥတုပြောင်းလဲခြင်း၊ မြစ်များ၊ မြန်မာ့ခြောက်သွေ့ဒေသ

ကိုးကား – Decline in terrestrial water recharge with increasing global temperature (Chandan Banerjee, AshishSharma, Nagesh Kumar)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s