အပူအုပ်ဆောင်း၊ အပူလှိုင်း

အပူလှိုင်း(heatwave)ဆိုသည်မှာ ဖြစ်မြဲထက် သိသာစွာမြင့်မားသောအပူချိန်များ ဒေသတစ်ခု၌ နှစ်ရက်နှင့်အထက် ဆက်တိုက်ဖြစ်ပေါ်နေသော အခြေအနေကို ခေါ်သည်။

လှုပ်ရှားမှု နည်း၍ ခြောက်သွေ့သော နွေအခါ၌ ပူနွေးသော လေထု အစုအဝေး ဖြည်းဖြည်းချင်း ဖြစ်ထွန်း ပေါ်ပေါက်လာတတ်သည်။ ယင်းလေထု အစုအဝေးကို အပေါ်ပိုင်းလေထုက ဖိချလိုက်သောအခါ မူလက ပူနွေးနေပြီးသော လေထုသည် ဆိုင်ရာဒေသအပေါ် အပူအုပ်ဆောင်း (heat dome) နှင့် ရက်အတန်ကြာ အုပ်ထားသကဲ့သို့ ဖြစ်ကာ ပို၍ ပူလာခြင်းကို အပူလှိုင်း ဖြစ်ပေါ်သည်ဟု ခေါ်သည်။

အပူအုပ်ဆောင်းနှင့် အပူလှိုင်းများသည် ယခင်ကလည်း ဖြစ်လေ့ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်သည့်အကြိမ် ပို၍စိပ်လာလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ခန့်မှန်းချက်အရ အပူလှိုင်းဒဏ်ခံရသူဦးရေသည် ၂၀၀၀ ပြည့်နှစ်ကထက် ၂၀၁၆ ခုနှစ်တွင် ၁၃၅ သန်းမျှ တိုးမြင့်လာသည်။

Key words: အပူအုပ်ဆောင်း၊ အပူလှိုင်း

(၁၆ . ၆ . ၂၂ တွင် ဖြည့်စွက် ရေးသားသည်။

One response to “အပူအုပ်ဆောင်း၊ အပူလှိုင်း”

  1. […] ဖြစ်ပေါ်ခဲ့သော အပူလှိုင်းများကြောင့် လူရာပေါင်းများစွာ […]

    Like

Leave a reply to ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ – Water Security and the Changing Climate Cancel reply