• မသိမှုမှ ပေါက်ဖွားလာသော ပူနွေးကမ္ဘာ

    နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကို မေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့် ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူး တတွဲတွဲ ရေးသား ပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့် ရာသီဥတုတို့ကို ရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊…

  • ငြိမ်းချမ်းရေးကို ရေဖြင့် ရယူခြင်း

    အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုနေကြသည်ဟု ထင်ရသော်လည်း ပို၍ နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို အထူးသဖြင့် ဂျော်ဒန်မြစ်ရေကို သူပိုရသင့် ငါပိုရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့ရသည်။ ခြောက်ရက်စစ်ပွဲဟု လူသိများသော ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ခဲ့ခြင်းအကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့် ပါဝင်ခဲ့သည်ဟု…

  • လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)

    တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊…

  • အဓိပ္ပာယ် အပြည့်ပါသည့် သဘာဝပတ်ဝန်းကျင်ရေးရာ ကာတွန်းများ

    သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူလော ရေကိုသာလိုသည် (ကြော်ငြာ) ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကို အများဆုံးနှင့် အရှည်ကြာဆုံး ခံကြရမည့် ဆယ်ကျော်သက်ရွယ်များနှင့်ကလေးငယ်များ အတွက် ရာသီဥတုပြောင်းလဲမှုအကြောင်း အခြေခံများအပြင် ယင်းဒဏ်မှ သက်သာရာ ရစေရန် သူတို့လည်း တစ်နိုင်တစ်ပိုင် လုပ်ဆောင်ပေးနိုင်ကြသည်၊ မည်သို့ လုပ်ဆောင်သင့်သည်တို့ကို အသိပေး အကြံပြုလိုသဖြင့် ဤစာအုပ်ကို ပြုစုထုတ်ဝေပါသည်။ (တစ်အုပ် ၄၀ဝ၀ ကျပ်) ပါရမီစာပေ ”ဒီလိုကောင်မျိုးကို ဒီလိုဆုံးမရတယ်”…

  • ရေသံသရာ လှည့်လည်ခြင်း အဆင့်ဆင့်ရှိ ရေပမာဏများ

    ဤပုံသည် ရေသံသရာအတွင်းရှိ အဆင့်အသီးသီး၌ တစ်နှစ်အတွင်း လှည့်လည်နေသော ရေပမာဏကို ကုဗကီလိုမီတာဖြင့် ဖော်ပြသည့် Shiklomanov (1999) ၏ ယူဆတွက်ချက်မှုများ ဖြစ်ပါသည်။ ပါမောက္ခ Igor A. Shiklomanov (၁၉၃၉ – ၂၀၁၀)သည် ရုရှားနိုင်ငံဖွား ဇလဗေဒနှင့် ရေအရင်းအမြစ်ပညာရှင် ဖြစ်ပြီး သုတေသနစာတမ်းပေါင်း များစွာကို ပြုစုခဲ့သည်။ သူ၏ စာတမ်းများနှင့် လုပ်ဆောင်ချက်များသည်…

  • ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေး တာများ – အေးမြင့်ဆွေ(ဆည်/ရေ)

    ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်း အင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှု ဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာလျက် ရှိနေပါသည်။ ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့…

  • မမြင်ကွယ်ရာမှ ရေများသည်ပင်

    လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှ ရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင်ပါသည့် လစ်ဗျားတွင်…