September 2021

  • ဂေဟစနစ်နှင့် ဂေဟဗေဒ

    ဂေဟစနစ်(ecosystem)ဆိုသည်မှာ နေရာတစ်ခု၌ အတူယှဉ်တွဲဖြစ်ပေါ်နေသည့် အပင်များ၊ သက်ရှိသတ္တဝါအမျိုးမျိုး၊ ယင်းနေရာရှိ ကျောက်တုံး မြေသား၊ အပူချိန် စိုစွတ်မှုစသည့် မိုးလေဝသအခြေအနေများကို စုစည်းခေါ်ဝေါ်သည်။ ဂေဟစနစ်အပါအဝင် သတ္တဝါများအချင်းချင်း၊ သတ္တဝါများနှင့် ရုပ်ဝတ္ထု သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုများအား လေ့လာသည့် ဘာသာရပ်ကို ဂေဟဗေဒ(ecology)ဟု ခေါ်သည်။ သစ်တောများတွင် ဂေဟစနစ်ပေါင်းများစွာရှိသကဲ့သို့ သဲကန္တာရများ၊ ရေခဲပြင်များတွင်လည်း ဂေဟစနစ်များ အသီးသီးရှိကြသည်။ သေးငယ်သောဂေဟစနစ်များရှိသကဲ့သို့ ကြီးမားကျယ်ပြန့်သော…

  • ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်

    ကမ္ဘာ့အပူချိန်တက်ခြင်းသတင်းများ၊ ထုတ်ပြန်ချက်များတွင် ဒီဂရီဝက် တစ်ဒီဂရီ နှစ်ဒီဂရီ စသဖြင့် တက်ခြင်းကို ဘေးအန္တရာယ်ဟု အရေးတကြီးဖော်ပြနေကြရာ သာမန်တွေးပါက ယင်းမျှတက်ရုံဖြင့် ဘေးအန္တရာယ်ကြီးများ ကြုံရမည်ဆိုခြင်းသည် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ အဆိုပါသံသယကို လူတိုင်းဖြစ်ဖူးကြသော ဥပမာနှင့် ချေဖျက်နိုင်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ရာ နေမကောင်းဖြစ်လျှင် အချို့ ၃၉၊ ၄၀၊ အချို့ထို့ထက်ပို၍ တက်သည်။…

  • မီသိန်း

    မီသိန်း(methane)သည် ပူနွေးစေရာတွင်နှင့် ရာသီဥတုပြောင်းလဲစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပြီးလျှင် အန္တရာယ် အများဆုံးဓာတ်ငွေ့ဖြစ်သည်။ ဟိုက်ဒရိုဂျင်အတမ်လေးလုံးနှင့် ကာဘွန်အတမ်တစ်လုံးတို့ဖြင့် ဖွဲ့စည်းထားသည့် မီသိန်းသည် သဘာဝဓာတ်ငွေ့၏ အခြေခံဓာတ်ပစ္စည်း ဖြစ်သောကြောင့် လူတို့အတွက် အရေးပါသည့် စွမ်းအင်ဇာစ်မြစ်တစ်မျိုး ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မီသိန်းသည် လေထုတွင်းရောက်ပြီး နှစ်ပေါင်း ၁၀၀ ကြာသည့်တိုင်အောင် ကာဘွန်ဒိုင်အောက်ဆိုက်ထက် ၂၈ ဆမျှပိုပူစေနိုင်စွမ်းရှိသေးသည်။ သို့သော် မီသိန်းအတော်များများသည် လေထုတွင်ရောက်ပြီး ဆယ်နှစ်ခန့်ကြာလျှင်…

  • ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် အားထုတ်လုပ်ဆောင်နိုင်သူ

    ၂၀၂၁ သြဂုတ် ၉ ရက်နေ့က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)သည် “ရာသီဥတုပြောင်းလဲခြင်း လေ့လာဆန်းစစ်မှုအစီရင်ခံစာ”၏ ပထမပိုင်းကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာသည် ဆဋ္ဌမမြောက်ဖြစ်ပြီး ပြီးခဲ့သောအစီရင်ခံစာနှင့် စာလျှင် ထောင့်ပိုစုံ၊ ပိုပြည့်စုံသည်။ ယင်းအစီရင်ခံစာတွင် ရာသီဥတု မည်သို့ပြောင်းလဲသည်၊ မည်သည့်နေရာတွင်ပြောင်းလဲသည်၊ မည်သည့်အတွက်ကြောင့် ပြောင်းလဲသည်တို့ကို သေသေချာချာ နှံ့နှံ့စပ်စပ် ဖော်ပြထားပြီး အနာဂတ်တွင် ကျွန်ုပ်တို့ မည်သည်တို့ကို မျှော်လင့်တွေ့ထိရမည်ဆိုသည်တို့ ပါရှိသည်။…

  • မြစ်ရေကိုနေရာပေးခြင်း

    မြစ်တစ်စင်း ချောမွေ့သန့်ရှင်းစွာ စီးဆင်းနေနိုင်ခြင်းတွင် မြစ်ကြမ်းပြင်၊ မြစ်ကမ်းပါးစသည်တို့ မပျက်စီးဖို့ လိုသည့်အပြင် ရေဝေဒေသ၊ ရေလွှမ်းလွင်ပြင်တို့ကို ထိန်းသိမ်းခြင်းကလည်း အရေးပါသည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာသောခေတ်တွင် ရေဝေဒေသ၏ တန်ဖိုး၊ ရေဝေဒေသအား ကောင်းစွာ ထိန်းသိမ်းရမည်ဆိုသည်တို့ကို သိလာကြသော်လည်း ရေလွှမ်းလွင်ပြင်၏အရေးပါပုံကိုမူ ကျယ်ပြန့်စွာ မသိကြသေးချေ။ ရေလွှမ်းလွင်ပြင်ဆိုသည်မှာ ပုံမှန်ထက်တိုးလာသောမြစ်ရေများ ကမ်းပါးတစ်ဖက်တစ်ချက်ကို ကျော်လွန်ကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်သွားသော နယ်မြေဖြစ်သည်။ မြစ်ရေပြန်ကျသောအခါ…

  • အရည်ပျော်ရေခဲပမာဏ

    ၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။ အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း) အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း) တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း) ဂရင်းလန်းကျွန်းမှ ၃ .…

  • မြို့ပြ၊ အပူကျွန်းနှင့် သစ်ပင်

    ကမ္ဘာ့မြေမျက်နှာပြင်၏ စတုရန်းကီလိုမီတာ ၄ . ၅ သန်းမျှသောမြေပြင်ကို မြို့များက နေရာယူထားသည်။ ၂၀၂၀ ပြည့်နှစ်စာရင်းအရ ကမ္ဘာ့လူဦးရေသန်း ၄၄၀၀ သည် မြို့ကြီးများ၌ နေထိုင်ကြသည်။ မြို့နေလူဦးရေ ဆက်လက်တိုးပွားလာနေရာ ၂၀၃၅ ခုနှစ်တွင် မြို့ကြီးများ၌ ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမျှ နေကြမည်ဟု ခန့်မှန်းရသည်။ မြို့ကြီးများရှိ ကားများ စက်ရုံများ စသည်တို့မှ ထွက်သော…