Awareness
-
လူတိုင်းရေချွေတာစွာသုံးစွဲရေး
စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူများ ပါဝင်သည့် ရေသုံးစွဲမှုဖြစ်စဉ် ကွင်းဆက်တွင် လူသည် နောက်ဆုံးသုံးသူ ဖြစ်သည့်အတွက် လူတိုင်းရေချွေတာကြဖို့ အရေးကြီးလှသည်။ ယင်းဖြစ်စဉ်၌ နိုင်ငံသားများအား ဦးဆောင်စည်းရုံးပညာပေးကာ ရေချွေတာရေးကို နိုင်ငံအဆင့် အောင်မြင်အောင် လုပ်သည့် နိုင်ငံများအနက် စင်ကာပူသည် ထင်ရှားသည်။ စင်ကာပူနိုင်ငံသားတို့၏ တစ်ဦးချင်း ရေသုံးစွဲမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၄၃ ဂါလန်ခန့် ရှိခဲ့ရာမှ…
-
မြန်မာပြည်မှာရွာသည့်မိုး
မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ်ပမာဏသည် တစ်နှစ်လျှင်ကုဗမိုင် ၂၄၀ ကျော်ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ နိုင်ငံ၏ရေသုံးစွဲမှုမှာ ပြန်ပြည့်နိုင်သောပမာဏ၏ သုံးရာခိုင်နှုန်းမျှသာရှိသဖြင့် မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါသော နိုင်ငံစာရင်းတွင် ဝင်သည်။ သို့သော် ယင်းကိန်းဂဏန်းမှာ တစ်နိုင်ငံလုံးခြုံ၍တွက်ထားသောပျမ်းမျှကိန်းသာ ဖြစ်ပြီး လက်တွေ့တွင် မိုးရွာသွန်းမှု နေရာဒေသအားဖြင့်ရော၊ အချိန်ကာလအားဖြင့်ပါ မညီမျှသည့်အပြင် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေနှင့် လုပ်ငန်းသုံးရေဆိုင်ရာ…
-
စင်ကာပူမှာရွာသည့်မိုး
ရန်ကုန်နှင့် စင်ကာပူတို့သည် လူဦးရေငါးသန်းခွဲခန့်စီ ရှိကြသောအချက်တို့တွင် တူညီကြသည်။ ရန်ကုန်ရော၊ စင်ကာပူတွင်ပါ တစ်နှစ်လျှင်မိုးရေချိန်လက်မ ၁၀၀ ခန့်စီရွာသည်။ ရန်ကုန်စည်ပင်သာယာသည် တစ်ရက် ရေဂါလန် ၂၀၅ သန်းခန့်သာ ပေးနိုင်သော်လည်း စင်ကာပူတွင် တစ်ရက်ရေဂါလန်သန်း ၄၃၀ ခန့်ပေးနေရာ ရန်ကုန်ထက် နှစ်ဆကျော်ဖြစ်သည်။ ၁၉၆၅ ခုနှစ်က ရန်ကုန်တွင် ရေပြဿနာကြီးကြီးမားမားမရှိခဲ့ချိန်တွင် ယင်းအချိန်က စင်ကာပူ၌ သောက်ရေအတွက် လမ်းဘေးတွင်တန်းစီစောင့်ဆိုင်းရယူနေခဲ့သည့်အဖြစ်မှ…
-
ရေမရှိ အသက်မရှိ
လေးဂါလန်ဆန့်ရေပုံးနှစ်ပုံးကိုထမ်းပိုးဖြင့်သယ်သွားနေသော ရေထမ်း သမားတစ်ယောက်ကိုကြည့်၍ မိမိတို့သာဆိုလျှင် သူကဲ့သို့ သယ်ရန် မလွယ်လှကြောင်း တွေးမိကြမည်။ ကိုယ်တိုင်ကသတိမပြုမိသော် လည်း လူတို့သည် ရေထမ်းသမား သယ်နေသည့် ရေသုံးပုံးခန့်ကို အမြဲသယ်နေရသည်။ ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇၀ ရာခိုင်နှုန်းသည် ရေများဖြစ်ကြရာ မိမိကိုယ်တွင်းရှိ ရေပမာဏကို သိလိုလျှင် ကိုယ်အလေးချိန် (ပေါင်)ကို ၀ . ၇ နှင့်မြှောက်ရသည်။ ယင်းကိုဂါလန်ဖြင့်…
-
ထိုင်းနိုင်ငံ မိုးရေလှောင်ကန်များ
သောက်ရေကန်များကို လေးထောင့်ပုံ၊ အဝိုင်းပုံစသည်ဖြင့် အမျိုးမျိုး ဆောက်လုပ်ကြသည့်အနက် ထိုင်းနိုင်ငံရှိ ရာဝင်အိုးပုံစံမိုးရေလှောင်ကန်များသည် အောင်မြင်မှုလည်း ထူးခြားစွာ ရရှိသည်။ ထိုင်းအစိုးရသည် မိုးရေအသုံးချရာတွင် အစဉ်အလာရှိပြီးသော ထိုင်းလူမျိုးတို့ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာ သုံးကြရန်အစီအမံတစ်ခုကို ၁၉၈၀ ခုနှစ်က စတင်ခဲ့သည်။ ယင်းအစီအမံအရ ထိုင်းအစိုးရက မိုးရေလှောင်ကန် တည်ဆောက်နည်း သင်တန်းများကို ကြီးမှူးဖွင့်လှစ်ပို့ချပြီး တစ်ရွာလျှင် သင်တန်းသားနှစ်ဦးစီ သင်ယူစေကာ…
-
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုကို လျှော့ချခြင်း
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုလျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တစ်ခုရှိ သောက်သုံးရေကန်၌ စမ်းသပ်ခဲ့သည်။ စေတနာရှင်တစ်ဦးက ဦးစီး လုပ်ဆောင်ခဲ့သည့် အဆိုပါစမ်းသပ်ချက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဇာစိမ်းစများဖြင့် ကန်ရေပြင်ကို အုပ်မိုးပေးထားသည်။ ဇာစိမ်းစကိုသုံးရခြင်းမှာ နေရောင်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ကာ အပူချိန်နည်းစေသည့်အပြင် ကန်ပေါ်ရွာကျလာမည့်မိုးရေများကိုလည်း အဟန့်အတား မဖြစ်သောကြောင့် ဖြစ်သည်။ ဇာစိမ်းစများကို ပင့်ထားနိုင်ရန် ပလတ်စတစ်ပုံး၊ ဝါးလုံးစသည်တို့ဖြင့် အောက်ခံ “ဖောင်”သဖွယ် ဦးစွာ…
-
အထက်ဆန်သည့်ရေ
အိမ်၊ ကျောင်း၊ ရပ်ကွက်စသည်တို့၏သောက်သုံးရေအတွက် အလုံပိတ် မိုးရေလှောင်ကန်များဖြင့် စနစ်တကျ ရယူခြင်းသည် ကျန်းမာရေးအတွက် စိတ်ချရသော်လည်း အချို့နေရာဒေသများတွင် ယင်းကန်များကို တည်ဆောက်ရန် လုံလောက်သောငွေကြေးမရနိုင်သဖြင့် ရပ်ရွာတွင်း မြေလွတ်များတွင် ကန်များတူး၍ မိုးရေစုဆောင်းကြရသည်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါကန်မျိုး အများအပြားကို တွေ့နိုင်ရာ မြို့တော်ရန်ကုန်နှင့် ရေမြေချင်းဆက်စပ်နေသော်လည်း ရေအခက်အခဲကြီးမားသည့် ဒလမြို့နယ် တစ်ခုတည်းတွင်ပင် ယင်းကန်မျိုး ၂၀၀ ခန့်ရှိသည်ဟု…


