Awareness

  • အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

    ဒေသအချို့၌ ရေရှားပါးနေခြင်းမှာ မိုးရေကို ထိရောက် အကျိုးရှိစွာ အသုံးမချခြင်းက အကြောင်းတစ်ရပ် အနေနှင့် ပါဝင်သည်။ ရေပေါသောကမ္ဘာ ဖြစ်၍ မိုးရေကို အားမကိုးဘဲ အခြား ရေအရင်းအမြစ် များမှ ရယူလျှင် လည်း ရေဖူလုံသည်ဟု အထင်ရောက်ကြ သည်။ ထင်သလောက်မပေါများ ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ရေက ဖုံးထားသဖြင့် ကမ္ဘာသည် ရေပေါသော ဂြိုဟ်ကြီးတစ်လုံးဟု…

  • မသိမှုမှပေါက်ဖွားလာသောပူနွေးကမ္ဘာ

    ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည်…

  • ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင်

    ဆွီဒင်နိုင်ငံ စတော့ဟုမ်းနိုင်ငံတကာရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌ ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်၌ ကျော်ကြားလှပြီး “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို လူမှုရေးစွမ်းဆောင်ရည်တည်ဆောက်ပြီး…

  • ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့

    ကျွန်တော့ကို အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွေးပါတယ်။ ကျွန်တော်တို့ရွာကလေးမှာ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေက ရေလွှဲယူထားတဲ့တူးမြောင်းတွေ ရှိတယ်။ အဲဒီရေတွေကြောင့် ရွာပတ်ဝန်းကျင်က လယ်ကွင်းတွေဟာ အမြဲစိမ်းစိုနေတယ်။ ဒါပေမဲ့ ကျွန်တော့အဖေက ကျွန်တော့ကို လယ်သမား မဖြစ်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ အာယုဗေဒဆေးပညာကို သင်ယူတယ်။ ပြီးတော့ ရာဂျက်စထန်ပြည်နယ် ဂျိုင်ပူးမြို့က လူငယ်နဲ့အားကစားဌာနမှာ အလုပ်ရပါတယ်။ ရာဂျက်စထန်ပြည်နယ်မှာ ခြောက်သွေ့ပြီး မိုးခေါင်တယ်၊…

  • ဘယ်လာဂါဗီရေအခက်အခဲ

    အိန္ဒိယနိုင်ငံ အနောက်တောင်ဘက်ရှိ လူဦးရေငါးသိန်းခန့်နေထိုင်သော ဘယ်လာဂါဗီ(Belagavi (formerly Belgaum))မြို့တွင် ၁၉၉၅ ခုနှစ်က မိုးအကြီးအကျယ်ခေါင်သဖြင့် ရေအခက်အခဲတွေ့ခဲ့သည်။ မြို့ကိုရေပေးနေသောရေကန်ကြီးတွင် ရေသိသိသာသာလျော့နည်းခဲ့သဖြင့် ရက်သတ္တတစ်ပတ်တွင် တစ်ကြိမ်သာရေပေးနိုင်တော့သည်အထိ အခြေအနေဆိုးခဲ့သည်။ ရေမရသောအိမ်ရှင်မများက ရေပုံးရေခွက်ကိုယ်စီဖြင့် မြို့တော်ဝန်ရုံးခန်းရှေ့သို့ ချီတက်ဆန္ဒပြကြသည်။ ရေအတွက် တစ်နည်းနည်းစီစဉ်ပေးရန် အော်ဟစ်ကြသည်။ မြို့တော်ဝန်လည်း ဘာမျှမတတ်နိုင်၊ အော်သံ ဆူပူသံများကြားတွင် ခေါင်းမဖော်နိုင်ခဲ့ချေ။ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင်လည်း…

  • ဘန်ဂလောရေပေးရေး

    အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဘန်ဂလော(Bangalore)မြို့သည် ကမ္ဘာတွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးကြီးထွားနေသော မြို့ကြီး ဆယ်မြို့စာရင်းဝင်ဖြစ်သည်။ လူဦးရေ ၁၂ သန်းနီးပါးနေထိုင်သောဘန်ဂလော ဖွံ့ဖြိုးရခြင်းအကြောင်းများတွင် စက်မှု၊ ဆက်သွယ်ရေး၊ လေကြောင်းအင်ဂျင်နီယာ၊ ဆေးဝါး၊ အထည်အလိပ်စသည်တို့အပြင် အိုင်တီခေါ် သတင်းအချက်အလက်နည်းပညာ အောင်မြင် ထွန်းကားသောကြောင့် ဖြစ်သည်။ ဟီတာချီ၊ အိုင်ဘီအမ်၊ အိပ်ချ်ပီစသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီရုံးခွဲများ ဘန်ဂလောတွင် ရှိသည်။ စီးပွားရေးတွင် ထိပ်ရောက်နေသော်လည်း ဘန်ဂလော၏…

  • ရန်ကုန် ရေလေလွင့် ဆုံးရှုံးမှု

    လက်ရှိ ရေလေလွင့် ဆုံးရှုံးမှု ထိမ်းသိမ်းရေးကို လုပ်ဆောင်ရာမှာ အရမ်း ပင်ပန်းပြီး risk များပါတယ်၊ ပင်ပန်းတာကတော့ စနစ်မကောင်းခဲ့တဲ့ ကာလ တစ်လျှောက်က database တွေ ပြန်စုရတာ (အခုထိ မတိကျသေးပါ)၊ distribution network အဟောင်းတွေကို JICA EXPERT များနဲ့တွဲပြီး on job training လုပ်တာတွေလည်း ငါးနှစ် ရှိပါပြီ၊…