Awareness

  • သုံးပင်လိမ်အရင်းအမြစ်များ

    စက်ကိရိယာများမပါ လူအားသက်သက်ဖြင့်သာ လုပ်ခဲ့စဉ်က ပြီးမြောက်နိုင်သော အလုပ်ပမာဏသည် လွန်စွာ နည်းပါးသည်။ ပျမ်းမျှယောက်ျားတစ်ယောက် တစ်ရက်စားသော အစာ၌ စွမ်းအင် ကယ်လိုရီ ၂၀၀၀ မှ ၃၀၀၀ ခန့်သာပါသည်။ ယင်းသည် ဓာတ်ဆီ ၁၀၀ မီလီလီတာတွင်ပါသော စွမ်းအင်နှင့်တူညီသည်။ ထို့ကြောင့် သူလုပ်၍ ပြီးနိုင်သော အလုပ်ပမာဏမှာလည်း ဓာတ်ဆီ ၁၀၀ မီလီလီတာမှ ရသော စွမ်းအင်ထက်…

  • မြေအောက်ရေ၏အခြေခံသဘော

    အထက်ပါပုံသည် မြေအောက်ရေ၏သဘောသဘာဝကို ရှင်းပြရာ၌ ကောင်းစွာအထောက်အကူပြုသောပုံ ဖြစ်သည်။ (သို့သော် ယင်းပုံသည် သရုပ်ပြပုံသာဖြစ်၍ နေရာတိုင်း၌ ဤအတိုင်းတွေ့ရမည်ဟု မှတ်ယူရန်မဟုတ်ပါ။) မြေလွှာကို အပေါ်ယံမြေဆီလွှာ(Top Soil)၊ မြေဆီလွှာ၏အောက်ရှိ ကြေမွဇုန်(Weathered Zone)ဟူ၍ နှစ်ပိုင်းခွဲထားသည်။ မြေဆီလွှာတွင် အဓိကပါဝင်သော ရွှံ့လုံးများကြား၌ ရေရှိသော်လည်း ဖြည်းညင်းစွာ ရွေ့လျားသည်။ ကြေမွဇုန်တွင် သဲလုံးများ ကျောက်ကျိုးအကြေအမွများ အဓိကပါဝင်သဖြင့် ယင်းတို့ကြားတွင် ရေရွေ့လျားစီးဆင်းရန်…

  • မိုးရေစုဆောင်းအသုံးချမှုကိုအားပေးသောအိန္ဒိယနိုင်ငံ

    လေ့လာတွေ့ရှိသမျှ ကမ္ဘာပေါ်တွင် မိုးရေခံစနစ်ကို အားအပေးဆုံး၊ လက်တွေ့တပ်ဆင်အသုံးပြုမှုအရှိဆုံး နိုင်ငံသည် အိန္ဒိယဖြစ်သည်။ အိန္ဒိယပြည်နယ်အများအပြား၌ အဆောက်အအုံများတွင် မိုးရေခံစနစ်များ ထည့်သွင်းတပ်ဆင်ရန် ပြည်နယ် အလိုက် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဖြစ်သည်။ နေရာအများအပြား၌ မိုးရေခံစနစ်များကို တပ်ဆင် အသုံးပြုသဖြင့် လက်တွေ့အကျိုးများကို ရရှိခံစားနေကြသည်။ မိုးရေခံစနစ်၏အကျိုး၊ မည်သည့်အတွက် မိုးရေခံစနစ်တပ်ဆင်ရန် လိုအပ်ပုံစသည်တို့ကို အများပြည်သူတို့ သိရှိရန် စည်းရုံးပညာပေးမှုလည်း အားကောင်းသည်။…

  • ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်

    ရေထိန်းသိမ်းအသုံးချနိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိ ဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင်တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်း ရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည်အထိ ကြုံတွေ့ဖို့ မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ရေအရင်းအမြစ်များကို ရှာဖွေ ထိန်းသိမ်းအသုံးပြုရာတွင် ရှေးခေတ်ကထက် နည်းပညာ သိသာစွာတိုးတက်လာသောကြောင့် ဖြစ်သည်။ ရေကိုတစ်နေရာမှ တစ်နေရာသို့စက်အားဖြင့် တွန်းပို့နိုင်လာသည်။ မြေအောက်ရေကို…

  • မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ

    ၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ ကြုံတွေ့ခဲ့ရသည့် မိုးခေါင်မှုကြောင့် ရေလျော့နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်း နေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် မိုးခေါင်၍ အငတ်ဘေးကြုံခဲ့ကာ လူပေါင်းငါးသန်းခွဲမျှ သေဆုံးခဲ့သည်။ ခေတ်သစ်ရေအခက်အခဲ ၁၉ ရာစုနှစ်များနှင့် ၂၀…

  • ရေဖိုးရေခ

    အသက်ရှင်သန်ရေးတွင် ရေသည် မရှိမဖြစ်အရည်ဖြစ်နေ၍ ကုလသမဂ္ဂ ထုတ်ပြန်ချက်အချို့နှင့် နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် လူ့အခွင့်အရေးနှင့် ရေရရှိရေးကို ဆက်စပ်ထားသော်လည်း ရေကို အခမဲ့ ပေးဝေရမည်ဟု ဖော်ပြမထားချေ။ သို့သော် ရေကိုအခမဲ့ သို့မဟုတ်အခမဲ့နီးနီးဈေးဖြင့် ဘိုးစဉ်ဘောင်ဆက် ရခဲ့ကြသည့်အတိုင်း နောင်တွင်လည်း ဆက်ရနေမည့်အရာဟု အတော်များများက မှတ်ထင်စွဲလမ်းနေကြသည်။ အချို့ကမူ ထိုသို့ထင်မှတ်နေရုံတင်မက ငွေကုန်ကြေးကျ နည်းနည်းဖြင့်ရသော ရေကို တန်ဖိုးမထားကြဘဲ အလေအလွင့်များများဖြင့်…

  • ခြေရာပျောက်ရေ

    ကမ္ဘာပေါ်ရှိ ရေပမာဏသည် လူတို့သောက်သုံး၍ မကုန်နိုင် မခန်းနိုင်သည်ကတော့ မှန်သည်။ သို့သော် သောက်သုံးနိုင်သည့် ရေချိုရေသန့် ပမာဏသည် လူတို့၏ လုပ်ဆောင်ချက် အချို့ကြောင့် တဖြည်းဖြည်း လျော့နည်းလာနေပြီး ညစ်ညမ်းသော ရေပမာဏ တဖြည်းဖြည်းများပြားလာနေသည်ကို သဘောပေါက်ရန် လိုအပ်နေသည်။ ထို့ကြောင့် ရေသုံးစွဲရာတွင်တတ်နိုင်သမျှ ချွေတာရန် နှိုးဆော်နေကြသည်။ ရေခြေရာ ယင်းနှိုးဆော်ချက်များထဲတွင် လူတို့၏ ရေခြေရာ Water Footprint…