October 2021

  • မြေအောက်ရေအထုတ်လွန်၍ မြေကျွံခြင်း

    မြေအောက်ရေအထုတ်လွန်ခြင်း၏ အကျိုးဆက်ဖြစ်သည့် ရေမျက်နှာပြင်နိမ့်ကျလာခြင်းကြောင့် မြို့ကြီးများ၏ မြေပြင်ကျွံဆင်းခြင်းတည်းဟူသောထပ်ဆင့်အကျိုးဆက်ကို ဖြစ်ပေါ်စေလျက် ရှိသည်။ သဲလုံး ကျောက်လုံး များကြားတွင် ရေများမရှိတော့သောအခါ ဂလိုင်ပေါက်ငယ်များ ဖြစ်လာပြီး အပေါ်မြေလွှာများ၏ ဝန်အားကို မခံနိုင်တော့သဖြင့် တဖြည်းဖြည်းအိကျလာကာ နောက်ဆုံးတွင် အပေါ်ပိုင်းမြေလွှာများပါ ကျွံဆင်းလာသည်။ ယင်းဖြစ်ရပ်မျိုးကို မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးတွင်သိသာစွာမြင်နိုင်ကြသည်။ မက္ကဆီကိုစီးတီးတွင် လိုအပ်သော သောက်ရေပမာဏ၏ ၇၀ ရာခိုင်နှုန်းကို မြေအောက်မှ ရယူနေရာ…

  • အာရှမြေအောက်ရေ

    ကမ္ဘာ့ အဓိက မြေအောက်ရေကြော ၃၇ ခုအနက် ၂၁ ခုသည် ပြန်မပြည့်နိုင်တော့သည် အထိ ဆိုးရွားစွာ ရေလျော့နည်းလာနေကြောင်း အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)နှင့် ဂျာမနီတို့ ပူးတွဲ လွှတ်တင်ထားသည့် ဂရေ့စ်ဂြိုဟ်တုများ၏ လေ့လာချက်က ဆိုသည်။ ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီးစသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ် ရွေ့လျားနေရာ…

  • အိုဂါလားလာရေကြော

    ကမ္ဘာ့အကြီးဆုံးစိုက်ပျိုးကဏ္ဍထုတ်လုပ်သူဖြစ်သည့် အမေရိကန်နိုင်ငံသည်လည်း အိုဂါလားလာ Ogallala Aquifer ဟုခေါ်သော ဧရာမမြေအောက်ရေကြောကြီးတစ်ခုကိုပိုင်ဆိုင်သည်။ စတုရန်းမိုင် ၁၇၀၀၀၀ ကျုယ်ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ်ရှစ်ခုအောက်တွင် ဖြန့်ကြက်တည်ရှိသော အိုဂါလားလာမြေအောက်ရေကြောသည် အများအားဖြင့်ပေ ၂၀၀ ခန့် ထူသည်။ မြေအောက်ရေကြော၏ ရေမျက်နှာပြင်သည်မြေပေါ်မှပေ ၅၀ နှင့် ပေ ၅၀၀ ခန့်အတွင်း၌ ရှိသည်။ ရေကြောတည်ရှိရာပြည်နယ်များသည် ခြောက်သွေ့သောရာသီဥတုရှိသဖြင့် အဆိုပါရေကြောမှရေများကို ၂၀…

  • နျူဘီယန်းသဲကျောက်မြေအောက်ရေကြော

    လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံသယံဇာတ ပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကိုရေနံမှရသည်။ ရေနံအပြင် အဖိုးတန်လှသောအခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာလွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀၀ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ပုံမှန်အခြေအနေတွင် မြေပေါ်ရေများစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ပြန်ပြည့်မြဲသယံဇာတ…

  • မြန်မာပြည်မှာရွာသည့်မိုး

    မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ်ပမာဏသည် တစ်နှစ်လျှင်ကုဗမိုင် ၂၄၀ ကျော်ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ နိုင်ငံ၏ရေသုံးစွဲမှုမှာ ပြန်ပြည့်နိုင်သောပမာဏ၏ သုံးရာခိုင်နှုန်းမျှသာရှိသဖြင့် မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါသော နိုင်ငံစာရင်းတွင် ဝင်သည်။ သို့သော် ယင်းကိန်းဂဏန်းမှာ တစ်နိုင်ငံလုံးခြုံ၍တွက်ထားသောပျမ်းမျှကိန်းသာ ဖြစ်ပြီး လက်တွေ့တွင် မိုးရွာသွန်းမှု နေရာဒေသအားဖြင့်ရော၊ အချိန်ကာလအားဖြင့်ပါ မညီမျှသည့်အပြင် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေနှင့် လုပ်ငန်းသုံးရေဆိုင်ရာ…

  • တရုတ်ပြည်မှာရွာသည့်မိုး

    တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး သုံးမြို့စလုံးနှင့်တူညီသောအကွာအဝေးတွင်ရှိ၍ တရုတ်အစိုးရအဆက်ဆက်သည် ဝူဟန်ကို နယူးယောက်၊ လန်ဒန်စသည်တို့ကဲ့သို့ ကမ္ဘာ့မြို့တော်ကြီးတစ်ခုဖြစ်လာအောင် ရည်ရွယ်သည်။ တတိယအချက်မှာ မြို့တွင်းနှင့် မြို့ဝန်းကျင်တွင်…

  • ရှေးဟောင်းရာသီဥတုကိုတူးဖော်လေ့လာခြင်း

    ကမ္ဘာ၏ သက်တမ်း နှစ်သန်းပေါင်း ၄၆၀၀ အတွင်း၌ ကမ္ဘာ့ ရာသီ ဥတုသည် အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြောင်း သိခဲ့ကြရပြီ။ မည်သည့်အကြောင်းကြောင့် မည်သည့်အချိန်က မည်သို့ပြောင်းခဲ့ကြောင်း သိပ္ပံပညာရှင်တို့က ပြောနိုင်ခြင်းမှာ ရှေးဟောင်းရာသီဥတုဗေဒပညာရပ်၏ ကျေးဇူးကြောင့် ဖြစ်သည်။ ရှေးဟောင်းရာသီဥတုဗေဒသည် အပူချိန်ကိုတိုင်းသော သာမိုမီတာ၊ လေဖိအားကို တိုင်းသော ဘာရိုမီတာ အစရှိသည့် သိပ္ပံကိရိယာများဖြင့် မှတ်တမ်းမတင်နိုင်မီ အချိန်က ရာသီဥတုအခြေအနေများကို…