October 2021
-
ရာသီဥတုကို လွှမ်းမိုးခြယ်လှယ်နေသည့် ရေထု
မိုးရွာခြင်း လေတိုက်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ၊ နွေ မိုး ဆောင်း ရာသီဥတုများသည် လေထုကြောင့် အဓိကပေါ်ပေါက်သည့် သဘာဝ အခြင်းအရာများဟု သိရှိကြသည်။ သို့သော် ယင်းတို့ ဖြစ်ပေါ် ပြောင်းလဲရာတွင် ရေထုသည်လည်း လေထုကဲ့သို့ပင်အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ ရေမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမျှကို ပိုင်ဆိုင်ထားသည့်အတွက် မိုးလေဝသ နှင့်ရာသီဥတုဖြစ်စဉ်များကို မောင်းနှင်နေသည့် နေရောင်ကိုစုပ်ယူနိုင်သည့်ဧရိယာပမာဏသည် ကုန်းမြေထက် ပိုသည်။…
-
ကမ္ဘာ့ရာသီဥတုအကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းအကြောင်းများ
ကမ္ဘာ၏သက်တမ်း နှစ်ပေါင်း ၄၆၀၀ အတွင်း ရာသီဥတု အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ ပြောင်းခဲ့သည့် အကြောင်းကလည်း အမျိုးမျိုးရှိသည်။ အာကာသဟင်းလင်းပြင်အတွင်း လှည့်လည်နေသော ကမ္ဘာ၏ တည်နေရာနှင့် အနေအထား၊ ကမ္ဘာပေါ်သို့ ဥက္ကာခဲကျရောက်မှု၊ လေထုတွင်းရောက် အမှုန်များ၏ သဘာဝနှင့်ပမာဏစသည်တို့ ဖြစ်သည်။ ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု ကမ္ဘာ၏တောင်နှင့်မြောက်ဝင်ရိုးစွန်းတို့ကို စိတ်ကူးဖြင့် မျဉ်းသားဆက်သွယ်ကြည့်လျှင် ပေါ်လာသော မျဉ်းကြောင်းသည် ကမ္ဘာ့ဝင်ရိုး ဖြစ်သည်။ တစ်ဖန်…
-
မျိုးပျောက်မှာစိုးကြောက်နေရသည့်သတ္တဝါများ
ရာသီဥတုပြောင်းလဲမှုသည် လူ့ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် သက်ရှိမျိုးစိတ်အများအပြားကို မျိုးတုံးစေပြီး ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားစေရန် ခြိမ်းခြောက်နေသည်။ မျိုးစိတ်ဆိုသည်မှာ အပင်နှင့် သက်ရှိသတ္တဝါများကို အုပ်စုဖွဲ့ခေါ်ဝေါ်သည့် ဇီဝဗေဒဝေါဟာရ ဖြစ်သည်။ မျိုးစိတ်တစ်ခုအတွင်းရှိ သက်ရှိများသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အမူအရာစသည့် ကိုယ်ပိုင်ထူးခြားသော လက္ခဏာများရှိကြပြီး အချင်းချင်းမျိုးပွားခြင်းအမှုကိုဆောင်ရွက်ကာ မျိုးဆက်သစ်များ ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် လူ၊ ခွေး၊ ငါး၊ ငှက် စသောသတ္တဝါများ၊ သစ်ခွ၊…
-
ပူနွေးကမ္ဘာနှင့်နယ်ချဲ့ရောဂါများ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် လေထုနှင့်ရေထုကိုသာမက လူနှင့်အခြားသက်ရှိများကိုလည်း တိုက်ရိုက်ထိခိုက်လျက် ရှိသည်။ လူတို့ ရောဂါဖြစ်ပွားမှုများနှင့်သေဆုံးမှုများ တိုးပွားနေသည်။ အပူချိန်မြင့်မားလာနေသောကမ္ဘာတွင် အပူလှိုင်းကျရောက်မှုတိုးပွားလာရန် သေချာနေကြောင်း ပညာရှင်များက ပြောဆိုထားသည်။ ပူပြင်းသောအချိန်များတွင် ကိုယ်ခန္ဓာအေးမြစေရန်အတွက် နှလုံးနှင့် သွေးကြောစနစ်များ ပိုအားစိုက်၍ အလုပ်လုပ်သည်။ နှလုံး ပိုအလုပ်လုပ်ရမှုကြောင့် ပင်ကိုက နှလုံး အားနည်းသူ နှလုံးရောဂါရှိသူများအတွက် နှလုံးထိခိုက်တတ်သည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း အပြင် အသက်ရှူလမ်းကြောင်းရောဂါများလည်း…
-
လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
၁၉၀၀ ပြည့်နှစ်က ကမ္ဘာပေါ်တွင်လူသန်း ၁၆၅၀ သာရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင်ကမ္ဘာ့လူဦးရေသန်း ၆၀၀၀ ပြည့်ခဲ့ပြီး ယနေ့သန်း ၇၈၀၀ ကျော်သွားခြင်းဖြစ်စဉ်နှင့်အတူ စီးပွားရေးမြင့်မားလာ၍ ပျမ်းမျှတစ်ဦးချင်း ဝင်ငွေ ကောင်းလာပြီး လူနေမှုအဆင့်အတန်းလည်းတိုးတက်လာခြင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ ရေသုံးစွဲမှု မကြုံစဖူး မြင့်မားလာခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရေသုံးစွဲမှုပမာဏ ခြောက်ဆတက်ခဲ့သည်။ ဆက်လက်၍တက်နေသော ကမ္ဘာ့လူဦးရေသည် ၂၀၃၀…
-
စင်ကာပူမှာရွာသည့်မိုး
ရန်ကုန်နှင့် စင်ကာပူတို့သည် လူဦးရေငါးသန်းခွဲခန့်စီ ရှိကြသောအချက်တို့တွင် တူညီကြသည်။ ရန်ကုန်ရော၊ စင်ကာပူတွင်ပါ တစ်နှစ်လျှင်မိုးရေချိန်လက်မ ၁၀၀ ခန့်စီရွာသည်။ ရန်ကုန်စည်ပင်သာယာသည် တစ်ရက် ရေဂါလန် ၂၀၅ သန်းခန့်သာ ပေးနိုင်သော်လည်း စင်ကာပူတွင် တစ်ရက်ရေဂါလန်သန်း ၄၃၀ ခန့်ပေးနေရာ ရန်ကုန်ထက် နှစ်ဆကျော်ဖြစ်သည်။ ၁၉၆၅ ခုနှစ်က ရန်ကုန်တွင် ရေပြဿနာကြီးကြီးမားမားမရှိခဲ့ချိန်တွင် ယင်းအချိန်က စင်ကာပူ၌ သောက်ရေအတွက် လမ်းဘေးတွင်တန်းစီစောင့်ဆိုင်းရယူနေခဲ့သည့်အဖြစ်မှ…
-
ရေပေါ်မြို့
သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် မိုင် ၄၀၀ ကျော်အကွာ အိန္ဒိယသမုဒ္ဒရာထဲတွင် ရှိပြီး ကျွန်းငယ်ပေါင်း ၁၂၀၀ ခန့် ပါဝင်သည့် မော်လ်ဒိုက်(မော်လ်ဒိ(ဗ်)ဟုလည်းအသံထွက်)နိုင်ငံတွင် ရှုမောဖွယ်ကမ်းခြေများ၊ လှပသည့် သန္တာကျောက်တန်းများ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ကြသည်။ မော်လ်ဒိုက်ကျွန်းများ၏ထူးခြားချက်မှာ အလွန်တရာ ညီညာပြန့်ပြူးသော မြေမျက်နှာပြင်ရှိသည့်အချက် ဖြစ်သည်။ မြေပြင်သည် ပြန့်ပြူးရုံတင်မဟုတ် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှသုံးပေခွဲမျှသာ မြင့်သဖြင့် မြင့်တက်လာနေသည့် ပင်လယ်ရေပြင်အောက်သို့ တစ်နိုင်ငံလုံး…


