September 2021

  • ခြောက်သွေ့ဒေသအတွက်သံလွင်မြစ်ရေအသုံးချရေး

    တရုတ်တောင်ပိုင်းကရေကို ရေရှားသည့်မြောက်ပိုင်းသို့ပို့သည့် ရေလွှဲစီမံကိန်း၊ အိန္ဒိယတွင် မြောက်ပိုင်းမှရေတွေကိုတောင်ပိုင်းပို့မည့် စီမံကိန်းများအကြောင်းတွေးရင်း သံလွင်မြစ်ရေကို နိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားအရပ်သို့ပို့သင့်ကြောင်း စိတ်ကူးရလာသဖြင့် အများသိအောင် ပို့စ်ရေးခဲ့သည်။ ယင်းပို့စ်ကိုဖတ်ရသော ဆရာသမား၊ သူငယ်ချင်းဆည်မြောင်းအင်ဂျင်နီယာများက သံလွင်ရေအသုံးချရေးအတွက် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်ကတည်းက အစီရင်ခံစာရေးသားတင်ပြခဲ့ဖူးကြောင်း ပြောလာသည်။ ၁၉၈၁ ဖေဖော်ဝါရီက သူတို့လေ့လာပြုစုတင်ပြခဲ့သော “သံလွင်မြစ်ဆည်မြောင်းစီမံကိန်း ပဏာမ စူးစမ်းလေ့လာမှုအစီရင်ခံစာ”အရ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း၌ ရေလွှဲအဆောက်အအုံ တည်ဆောက်ပြီး…

  • မြေအောက်ရေကြောအဓိကနှစ်မျိုး

    မြေအောက်ရေကြော(aquifer)အဓိကနှစ်မျိုးရှိသည်။ မြေအောက်ရေရှိရာသဲထု၏အောက်တွင်သာ ရွှံ့၊ ကျောက်လွှာစသောရေပိတ်လွှာရှိသည့် ရေကြောကို unconfined aquifer ဟုခေါ်ပြီး အပေါ်ရောအောက်ပါရေပိတ်လွှာရှိသည့် ရေကြောကို confined aquifer ဟုခေါ်သည်။ တစ်ဖက်ပိတ်ရေကြောနှင့်နှစ်ဖက်ပိတ်ရေကြောဟု ပြန်ဆိုနိုင်မည်ထင်သည်။ ဥပမာအလွယ်ပေးရလျှင် တစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် မြစ်ချောင်းထဲတွင်စီးသည့်ရေနှင့်တူပြီး နှစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် ပိုက်ထဲတွင်စီးသည့်ရေနှင့်တူသည်။ ခန်းခြောက်လျော့နည်းသွားသည့်မြေအောက်ရေကိုပြန်ဖြည့်ရာတွင် ယေဘုယျအားဖြင့် တစ်ဖက်ပိတ်ရေကြောကို ဖြည့်ရတာက ပိုလွယ်သည်။ လွယ်သည်ဆိုသော်လည်း မြေအောက်ရေကြော တည်နေပုံ၊ တည်ဆောက်ပုံ၊ သဲလုံးများ၏အရွယ်အစားစသည်တို့ကို…

  • မြေအောက်ရေပြန်ဖြည့်ခြင်း

    သာဓက(၁) အိန္ဒိယအိန္ဒိယသည် မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်ခြင်းကို တက်ကြွစွာလုပ်ဆောင်နေသောနိုင်ငံဖြစ်သည်။ မွမ်ဘိုင်းကဲ့သို့သောမြို့ကြီးတွင်ပင် မိုးရေကိုကျယ်ပြန့်စွာအသုံးချဖို့စီစဉ်နေသည်။ အချို့မြို့ကြီးများတွင် အဆောက်အအုံဆောက်လျှင် မိုးရေခံစနစ်ပါမှ ဆောက်ခွင့်ပေးသည်။ မိုးရေခံစနစ်တည်ဆောက်ခြင်းလက်စွဲ စာအုပ်များကိုထုတ်ဝေထားသည်။ တစ်မြို့လုံးတစ်ရွာလုံးအတွက်အပြင် တစ်အိမ်ချင်း မြေအောက်ရေ ဖြည့်ရာတွင် အထောက်အကူရစေသောပုံများကိုလည်း ဖြန့်ဝေကြသည်။ သာဓက(၂) ဘင်္ဂလားဒက်ရှ်ဘင်္ဂလားဒက်ရှ်သည်လည်း မြန်မာကဲ့သို့ မိုးကောင်းစွာရသော်လည်း အချို့အရပ်များတွင် နွေအခါရေရှားသည်။ ယင်းအခက်အခဲကို ယူနီဆက်အပါအဝင် အဖွဲ့အစည်းများ၏အကူကိုယူ၍ မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်သည့်စနစ်များ တည်ဆောက်ဖြေရှင်းနေကြပုံကို ပုံတွင်တွေ့နိုင်သည်။…

  • မိုးကာခင်းကန်

    (ဤပို့စ်သည် Saw Ardar Poe က ညွှန်းသဖြင့် Maung Maung Oo အကောင့်တွင် တင်ထားသည် တို့ကို သဘောကျ၍ တစ်ခုတည်း ဖြစ်အောင် စုစည်းထားသောပို့စ် ဖြစ်ပါသည်။ ) ငါန်းဇွန်နယ်ကြော၏မြေအနေအထားသည် အနိမ့်အမြင့်မညီ၊ မိုးရေကန်အများစုသည် ရေလမ်းကြောင်း အဆင်မပြေသဖြင့် လှောင်ရေလည်း ခက်သည်။ ကန်တွင်းရလာသည့်ရေသည် အောက်ခံမြေစုပ်ယူအားနှင့် အငွေ့ပျံဖြစ်စဉ်ကြောင့် ကြာကြာမသုံးကြရ။ ရွာတွေမှာ…

  • ရေဒလိမ့်တုံး

    ရေရှားသောမြန်မာ့ကျေးရွာများ၌ ညနေစောင်းတွင် ရေအိုးကိုယ်စီရွက်၍ ရေခပ်ဆင်းကြသော လုံမပျိုတို့အကြောင်း ကဗျာဖွဲ့ကြ၊ စာအလှသီကုံးကြသည်။ ကဗျာနှင့်စာကိုဖတ်ရတာ ချောနေသော်လည်း ရေအပြည့်ပါသောအိုးတို့ ပုံးတို့ကို ရွက်၍ပြန်လာရသည့် လုံမပျိုတို့၏ဘဝသည်မူ လှပသည်ဟု မဆိုနိုင်။ ရေအတွက်အချိန်ပေးရသဖြင့် အလုပ်ပျက်၊ ပညာရေးဘက်တွင် အချိန်လျှော့ပေးရသည့်အပြင် ကြာလျှင် ခါးနာ ကျောရိုးဒဏ်ရာရစသဖြင့် ကျန်းမာရေးထိခိုက်ကြသည်။ ထိုနည်းတူ အိန္ဒိယ၊ အာဖရိကနိုင်ငံအချို့ စသည်တို့ရှိ အမျိုးသမီးကြီးငယ်တို့သည်လည်း သောက်ရေသုံးရေတို့အတွက် ဝေးလံသောအရပ်များသို့…

  • လျော့နည်းလာနေသော မြေပေါ် မြေအောက်ရေ (Terrestrial Water Storage (TWS)) ပမာဏ

    ဒေသတစ်ခု၏ ရေရရှိရေး အခြေအနေကို သိရန်၊ အနာဂတ် ရေရရှိရေး အလားအလာကို ခန့်မှန်း တွက်ချက်ရန် Terrestrial Water Storage (TWS) သည် အရေးပါသော အချက်များအနက် တစ်ခု ဖြစ်သည်။ မြေအောက်ရေ၊ မြေမျက်နှာပြင် အနီးရှိ သစ်မြစ်ဇုန်၊ မြေဆီလွှာ စသည်တို့ရှိရေ၊ သစ်ပင်များထဲရှိ ရေ၊ မြစ်ရေ၊ ကန်ရေ၊ ဆီးနှင်း၊ ရေခဲပြင်၊…

  • ရေချိုပမာဏလျော့နည်းလာခြင်း

    ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီး စသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ်ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တုနှစ်လုံး(The Gravity Recovery and Climate Experiment – GRACE)က မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထုအတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက်တိုင်းတာနိုင်သည့် ပထမဆုံးဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့်အချက်အလက်များသည် အခြားဂြိုဟ်တုများမှရသည်တို့ထက် ပိုမိုတိကျသည်။…