September 2021
-
မြန်မာနိုင်ငံအလယ်ပိုင်းဇုန်
“ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ”အစီရင်ခံစာပါ ရေနှင့်ပတ်သက်သော အချက်အလက်များမှ အလယ်ပိုင်းဇုန်အခြေအနေကို ဆက်လက်တင်ပြပါမည်။ “ပုံမှန်အားဖြင့် အလယ်ပိုင်းဇုန်အတွင်း ပူပြင်းခြောက်သွေ့သည့်ရာသီတွင် အပူချိန်မှာ ၄၀ ဒီဂရီ ဆဲလ်စီယပ်ထိ ရောက်လေ့ရှိပြီး ရေခိုးရေငွေ့ပျံမှုနှုန်းများမှာ မိုးရွာသွန်းသည့်နှုန်းထက် နှစ်ဆများပြားနေပါသည်။ မိုးရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ခြင်းမှာ ယင်းဒေသတွင်းရှိ ကျေးလက်လူထုကြီးအတွက် အသက်မွေးမှု ပင်မရင်းမြစ်အဖြစ် ဆက်လက်ရှိနေပါသည်။ ထွန်ယက်စိုက်ပျိုးမြေ၏ ၁၆ ရာခိုင်နှုန်းအောက် ဖြစ်သည့် နည်းပါးသည့် စိုက်ပျိုးမြေအစိတ်အပိုင်းကိုသာ ဆည်မြောင်းရေထောက်ပံ့မှုကို…
-
ရန်ကုန်နှင့်မြေအောက်ရေ
ရန်ကုန်လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြေအောက်ရေကို မှီခိုနေ။ စည်ပင်တွင်း ၅၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၉၀၀၀၀ ကုဗမီတာ၊ ပုဂ္ဂလိကတွင်း ၂၀၀၀၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၄၇၅၀၀၀ ကုဗမီတာထုတ်ယူနေ။ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ကမာရွတ်မြို့နယ်တွင် မြေအောက်ရေပြင် ၁၂ မီတာ၊ လှိုင်မြို့နယ်တွင် ၉ မီတာနှင့် အင်းစိန်တွင်…
-
ရန်ကုန်မြေအောက်ရေအဝင်အထွက်
ဇလဘူမိပညာရှင်ဦးမြင့်သိန်းက ရန်ကုန်တွင် အဝီစိတွင်းပေါင်း နှစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းသည်။ မြို့လယ် တိုက်ကြိုတိုက်ကြား မြေညီထပ်မီးဖိုခန်းရှိတွင်းများမှစကာ မြို့သစ်များရှိ ပေ ၄၀ ခြား၊ အချို့နေရာများတွင် ပေ ၂၀ ခြားရှိသည့်တွင်းများကိုပါ စဉ်းစားလျှင် ဦးမြင့်သိန်းမှန်းတာ မှန်သည်ဟုထင်၏။ တစ်တွင်းတစ်ရက်ဂါလန် ၃၀၀ ထုတ်လျှင် တွင်းပေါင်းနှစ်သိန်းမှ တစ်ရက် ရေဂါလန်သန်း ၆၀ ထွက်သည်။ အချို့အိမ်သုံးတွင်းများသည် တစ်ရက် ဂါလန်ထောင်ချီ၊…
-
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ(Hindu Kush Himalayan Region (HKH))တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်အပါအဝင် တောင်မြင့်များစွာပါဝင်သဖြင့် ကမ္ဘာ့ခေါင်မိုးဟုလည်းကောင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲပြင် ရေခဲမြစ်အများဆုံးရှိ၍ တတိယဝင်ရိုးစွန်းဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြသည်။ ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များသည် ၁၉၇၀ ပြည့်နှစ်အလွန်မှစ၍ အရည်ပျော်မှုများလာကာ ရေခဲပြန်ဖြစ်မှုနည်းလာသဖြင့် လျော့နည်းတိုဝင်လာလျက်ရှိသည်(ခြွင်းချက်-ဒေသအနောက်ပိုင်းရေခဲမြစ်များ)။ လေ့လာချက်တစ်ခုအရ အိန္ဒိယ၊ တရုတ်၊…
-
မြစ်ရေညစ်ညမ်းမှု
ဂင်္ဂါမြစ်ထဲသို့ရေဆင်းချိုးလျှင် ပြုခဲ့သောအပြစ်တို့ကွာကျကင်းစင်သွားသည်ဟု ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ ထို့ပြင် ဂင်္ဂါရေကို လူပေါင်းသန်း ၄၀၀ တို့က သောက်သုံးရေအတွက် မှီခိုနေရသည်။ သို့သော် ဂင်္ဂါမြစ်၏ ကျန်းမာရေးကို လုံလောက်စွာဂရုမပြုခဲ့ကြချေ။ မြစ်ရိုးတစ်လျှောက်ရှိ မြို့ကြီးပေါင်း ၂၇ မြို့၊ မြို့ငယ်၊ ကျေးရွာများမှ စွန့်ထုတ်လိုက်သော မိလ္လာရည်များသည် လုံးဝသန့်စင်ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် လုံလောက်စွာသန့်စင်ခြင်းမရှိဘဲ…
-
အစ္စရေးရေအရင်းအမြစ်
အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့ ရောက်သွားပြီ။ သူတို့ ရေအရင်းအမြစ်ကိုဘယ်လိုစီမံသလဲ လေ့လာပြီး သိလာသည်ကို အတိုချုံး၍ မျှဝေပါသည်။ အစ္စရေးသည် ၁၉၄၈ ခုနှစ်…


