September 2021
-
မော်လိုက်ကလေး တောင်ရွာတဖက်ပိတ်ဆည်
ThantZin Lynn is with Vum Lun Dal and 13 others. ရေမကြာခဏ လွမ်းတာခံရသလို အနီးအနားက မြစ်ချောင်းကမ်းပါးတွေ ပြိုလို့ ရပ်ရွာတွေပြောင်းရွေ့ရတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါ။ အဲလို ရပ်ရွာထဲမှာ ကလေးမြို့နယ်၊ ဖောင်ကူးချောင်းကမ်းဘေးက မော်လိုက်ကလေးရွာစုလဲ ပါဝင်ပါတယ်။ တောင်ရွာ၊ မြောက်ရွာ ဆိုပြီး ရှိခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ကျန်ခဲ့တာလို့…
-
ဧရာဝတီရေဝေဒေသ
မြန်မာပြည်၏ အကြီးဆုံးရေဝေဒေသသည် ဧရာဝတီမြစ်ဝှမ်းဖြစ်သည်။ မေခနှင်မလိခမြစ်များမှ အစပြုကာ ချင်းတွင်း မြစ်ငယ်စသည့် မြစ်ချောင်းပေါင်းများစွာသည် ဧရာဝတီမြစ်ထဲသို့ပေါင်းဆုံစီးဝင်ကြသဖြင့် ဧရာဝတီ မြစ်ဝှမ်းသည် မြန်မာနိုင်ငံ မြောက်မှတောင်သို့ မြစ်ဝကျွန်းပေါ်အထိတောက်လျှောက်တန်းလျက် တည်ရှိသည်။ ဧရာဝတီမြစ်၏ ရေဝေဒေသ(သို့မဟုတ်)ဧရာဝတီမြစ်ဝှမ်းဒေသသည် ၄၁၄၀၀၀ စတုရန်းကီလိုမီတာမျှရှိသဖြင့် မြန်မာနိုင်ငံဧရိယာ၏ ၆၂ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ ဧရာဝတီမြစ်ဝှမ်းဒေသဧရိယာ၏ ၉၃ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံတွင်း၌ရှိပြီး ကျန် ၇ ရာခိုင်နှုန်းသည်…
-
ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း
ရေစီးသန်သောမြစ်အချို့၏ကမ်းပါးတလျှောက် မြေပြိုသည်ကို ကိုယ်တိုင်သော်လည်းကောင်း၊ သတင်းများတွင်သော်လည်းကောင်း မြင်ဖူးကြသည်။ ကမ်းရိုးတန်းများတလျှောက် လှိုင်းဒဏ် ဒီရေဒဏ်တို့ကြောင့် မြေများ ပဲ့ပါကာ ပင်လယ်ထဲသို့ဆုံးရှုံးနေသည်ကိုမူ မြစ်ကမ်းပါးတလျှောက် မြေပြိုမှုလောက်အသိမများကြချေ။ ရာသီဥတုပြောင်းလဲ၍ ပင်လယ်ရေပြင်မြင့်တက်လာနေသဖြင့် ကမ်းရိုးတန်းမြေဆုံးရှုံးမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ မြေဆုံးရှုံးမှုပမာဏသည် မြေသားအမျိုးအစား၊ တည်နေရာ၊ ရေစီးကြောင်း လှိုင်းပုတ်ခြင်း လေပြင်းတိုက်မှုစသည်တို့အပေါ် မူတည်၍ တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ ဂြိုဟ်တုဓာတ်ပုံများဖြင့် တိုင်းတာချက်အရ…
-
ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ
နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကိုမေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့်ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူးတတွဲတွဲ ရေးသားပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကိုရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာဖြစ်ပေါ်နေသော မိုးလေဝသ…
-
ရာသီဥတုပြောင်းလဲခြင်းအကြောင်းရင်း
ရာသီဥတုပြောင်းလဲလာရခြင်း၏အကြောင်းရင်းသည် ကမ္ဘာ့ကြီးပူနွေးလာခြင်းကြောင့်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အပူချိန်တက်လာသောအခါ ခန္ဓာ၏ဇီဝကမ္မစနစ်ကိုထိခိုက်ပြီး အစားအသောက်ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ဖြစ်လာသကဲ့သို့ လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း အပူချိန်တက်လာ၊ ပူနွေးလာသောအခါ ရေကြီး မိုးခေါင် ပင်လယ်ရေပြင်မြင့်တက် စသည့် ရာသီဥတုပြောင်းလဲမှုလက္ခဏာများ ပေါ်ပေါက်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းကို ဆက်၍လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုတွင်းသွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကိုတွေ့ရမည်။ လူတို့သည် မိမိတို့၏ခွန်အားကိုအသုံးချ၍လည်းကောင်း၊ တိရစ္ဆာန်များကို ခိုင်းစေ၍လည်းကောင်း အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သောနှစ်ပေါင်း…
-
ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့
ကမ္ဘာအပါအဝင် ဂြိုဟ်များတွင် နွေ မိုး ဆောင်း ရာသီဥတုများဖြစ်ပေါ်ရန် အခြေခံအားဖြင့် လေထုရှိနေရန် လိုအပ်သည်။ လေထုရှိနေခြင်းကြောင့် ဖြစ်ပေါ်သော ရာသီဥတုအပြောင်းအလဲကို ထိန်းချုပ်နေသော အကြောင်းခြင်းရာများအနက် တစ်ခုမှာ နေရောင်ဖြစ်သည်။ ကမ္ဘာ့လေထုလွှာများကို ရောက်ရှိရိုက်ခတ်သော နေရောင်များအနက် ၃ ပုံ ၁ ပုံသည် အာကာသထဲသို့ ပြန်ထွက်သွားပြီး ကျန် ၃ ပုံ ၂ ပုံသည်…
-
လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်း
လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်းကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့နိုင်သည်မှာ ၁၉၅၈ ခုနှစ်ကတည်းက ဖြစ်သည်။ ၁၉၅၇-၅၈ ခုနှစ်ကို နိုင်ငံတကာ ဘူမိရူပနှစ်အဖြစ် ကြေညာလုပ်ဆောင်ခဲ့ရာ သိပ္ပံပညာရှင် ဒေါက်တာဒေးဗစ်ကီးလင်းက နိုင်ငံတကာဘူမိရူပနှစ်၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ တိုင်းတာခြင်းကို ဆောင်ရွက်ရန် အဆိုပြု အကောင်အထည်ဖော်ခဲ့သည်။ ကီးလင်းသည် တိုင်းတာချက်များကို ဦးစွာ တောင်ဝင်ရိုးစွန်းဝန်းကျင်တွင် ပြုလုပ်ခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့်…


