September 2021

  • ဒလမြို့နယ်ရဲ့ရေပြဿနာ

    ဒလမြို့နယ်လူထုမှ ရွေးကောက်တင်မြှောက်ထားသည့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် နှင့် တွေ့ဆုံမေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။ ရန်ကုန်၊ ဇွန် ၃၊ ၂၀၂၀ ဒလမြို့နယ်က နှစ်ပေါင်းများစွာကတည်းက ရေချိုမထွက်ဘူး။ ဒလလူဦးရေက ၁၉၉၀ မတိုင်ခင်မှာ လူဦးရေ ခုနစ်သောင်းကျော်လောက်ပဲ ရှိခဲ့ရာက အခု ၂၀၂၀ ဝန်းကျင်မှာဆို တစ်သိန်းခြောက်သောင်းကျော် ဖြစ်လာတယ်။ အရင်နှစ်ပေါင်းများစွာကတည်းက ရေက ကန်ရေကို သုံးစွဲနေရတာ အဆင်ပြေတယ်။…

  • အတ္ထရံမြစ်ရေတင်စီမံကိန်း

    မော်လမြိုင်မြို့ရှိ ပြည်သူများသည် ရွှေနတ်တောင်ဆည်၊ ကင်ပွန်းခြုံဆည်နှင့် အတ္ထရံ (၁)၊ အတ္ထရံ(၂) စသည့် မြစ်ရေပေးရေး လုပ်ငန်းလေးခုမှ ရေကို အသုံးပြုကြရသည်။ ရွှေနတ်တောင်ဆည်နှင့် ကင်းမွန်းချုံဆည် နှစ်ခုမှ  တစ်နေ့လျှင် ဖြန့်ဝေပေးနေသည့် ရေဂါလန် သိန်း ၃၀ အထိရှိသည်။ မွန်ပြည်နယ် ရေရှားပါးမှုပြဿနာသည် နှစ်စဉ်ကြုံတွေ့နေရပြီး ၂၀၁၉က အဆိုးဝါးဆုံးဖြစ်ခဲ့သည်။ မော်လမြိုင်ကို ဒိုင်ခံရေဖြန့်ဖြူးပေးနေသည့် အဆိုပါဆည်နှစ်ခုတို့တွင် ရေခန်းခြောက်ခဲ့ပြီး…

  • ရန်ကုန်မြို့တော်ရေဖူလုံရေး

    ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူရေးကိစ္စကို ၂၄-၇-၂၀၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဆိုပါစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ငမိုးရိပ် ဆည်မှ ရေကို မြေသားရေပေးမြောင်း(Open Channel)ဖြင့် ရယူနေခြင်းအစား ရေပိုက်လိုင်းဖြင့် အစားထိုး ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လက်ရှိရေပေးဝေရေးစနစ်၏ ရေအရင်းအမြစ်တစ်ခုဖြစ်သော ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)သည် လိုအပ်သော…

  • အပူပိုင်းဒေသ မိုးရေစုဆောင်းနည်းသုံးမျိုး – ၀င်းစိုး (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

    မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသ ဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများဖြစ်သည်။ အကျယ်အဝန်း အားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်း ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ…

  • စင်ကာပူရေအရင်းအမြစ် (U Ye Htut)

    စင်ကာပူနိုင်ငံက နေ့စဉ် ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ စင်ကာပူ ရေဘေးဆိုတာက ရေကြီး၊ ရေလျှံတာကိုပြောတာမဟုတ်ဘူး။ နိုင်ငံရဲ့ နေ့စဉ် ရေလိုအပ်ချက် အများစုအတွက် မလေးရှားနိုင်ငံကို မှီခိုနေရတဲ့ အခြေအနေကို ဆိုလိုတာပါ။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက ဇွန်လ ၂၂ ရက်နေ့မှာ ၁၉၆၂ ခုနှစ်က ချုပ်ဆိုထားတဲ့ မလေးရှား- စင်ကာပူ ရေရောင်းချရေး သဘောတူညီချက်ကို ပြန်လည် သုံးသပ်ရမယ်လို့…

  • မြန်မာ့ရေအရင်းအမြစ်များ

    ရေအရင်းအမြစ် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် မြေပေါ်ရေ တစ်နှစ်လျှင် ၁၁၅၇ ကုဗကီလိုမီတာမြေအောက်ရေ တစ်နှစ်လျှင် ၄၅၃ . ၇ ကုဗကီလိုမီတာမြေပေါ် မြေအောက် ရောထွေးနေသောရေ တစ်နှစ်လျှင် ၄၄၃ ကုဗကီလိုမီတာပြည်တွင်း၌ ဖြစ်ပေါ်သည့် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် = တစ်နှစ်လျှင် ၁၁၆၈ ကုဗကီလိုမီတာ (၁၁၅၇ + ၄၅၃ . ၇ –…

  • ရန်ကုန်နှင့်မိုးရေ (Ko Chaw)

    ရန်ကုန်မှာ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန် လက်မ တစ်ရာကျော် ရွာတယ်။ တစ်နှစ်ကို ရွာတဲ့ မိုးအတိုင်းအတာ ကိုးပေနီးပါး ရှိတယ်။ မြို့တော် စည်ပင်သာယာ နယ်နိမိတ်က 231 square miles လောက်ရှိတယ်လို့ အချက်အလက် အချို့ အရ သိရပါတယ်။ ဒီအရွယ်က စင်ကာပူ ကျွန်းမကြီး အရွယ်အစားနဲ့ မတိမ်းမယိမ်းပါ။ တွက်ကြည့်ရင် မြို့တော်စည်ပင်…