September 2021
-
ရေခဲပြင်အရည်ပျော်ခြင်း၏ကောင်းကျိုးနှစ်မျိုး
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဂရင်းလန်းကျွန်း၊ ရုရှားနိုင်ငံတို့က ဝိုင်းပတ်ထားသော အာတိတ်ဒေသများသည် တစ်နှစ်ပတ်လုံး ရေခဲနေသောနေရာ(ပထမပုံ) ဖြစ်ခဲ့သော်လည်း ကမ္ဘာ၏အပူချိန် တဖြည်းဖြည်း တက်လာသဖြင့် လွန်ခဲ့သောနှစ်များမှစ၍ ယင်းဒေသရေခဲပြင်၏ အချို့နေရာများသည် နွေအခါ စတင်အရည်ပျော်လာလျက်ရှိသည်။ အဆိုပါဖြစ်ရပ်သည် ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးဖြစ်သော်လည်း “ဘေးထွက်ကောင်းကျိုး”နှစ်မျိုး ရှိသည်။ ပထမကောင်းကျိုးမှာ ရေခဲပြင်ကြီးအရည်ပျော်သွားခဲ့လျှင် ယင်းဒေသ သမုဒ္ဒရာကြမ်းပြင်အောက်တွင် ရှိနေနိုင်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတများကိုတူးဖော်ရန်…
-
ပင်လယ်မှရေချိုအိုင်သို့
နယ်သာလန်နိုင်ငံ၏ အနောက်မြောက်ထောင့်တွင် ကုန်းတွင်းပိုင်းအထိ ပအက္ခရာပုံဖြင့် တိုးဝင်တည်ရှိနေသော Zuiderzee အမည်ရှိ ပင်လယ်ကြီးတစ်ခု ရှိခဲ့သည်။ ယင်းပင်လယ်နှင့် ထိစပ်နေသော ဒေသများသည် မုန်တိုင်းထန်သောအခါများတွင် ပင်လယ်ရေ၏ လွှမ်းမိုးဖျက်ဆီးမှုကို ခံခဲ့ရသည်။ ယင်းအဖြစ်မျိုးကို ပင်လယ်ဝ၌ တာရိုးဆောက်၍ ကာကွယ်ရန် အင်ဂျင်နီယာလည်းဖြစ်၊ နိုင်ငံရေး သမား တစ်ဦးလည်း ဖြစ်သူ Cornelis Lely က ၁၈၉၁ ခုနှစ်ကတည်းက…


