Myanmar

  • မြန်မာပြည်မှာရွာသည့်မိုး

    မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ်ပမာဏသည် တစ်နှစ်လျှင်ကုဗမိုင် ၂၄၀ ကျော်ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ နိုင်ငံ၏ရေသုံးစွဲမှုမှာ ပြန်ပြည့်နိုင်သောပမာဏ၏ သုံးရာခိုင်နှုန်းမျှသာရှိသဖြင့် မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါသော နိုင်ငံစာရင်းတွင် ဝင်သည်။ သို့သော် ယင်းကိန်းဂဏန်းမှာ တစ်နိုင်ငံလုံးခြုံ၍တွက်ထားသောပျမ်းမျှကိန်းသာ ဖြစ်ပြီး လက်တွေ့တွင် မိုးရွာသွန်းမှု နေရာဒေသအားဖြင့်ရော၊ အချိန်ကာလအားဖြင့်ပါ မညီမျှသည့်အပြင် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေနှင့် လုပ်ငန်းသုံးရေဆိုင်ရာ…

  • အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေ

    အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)၏ GRACE-FO ဂြိုဟ်တုနှင့် အခြားလေ့လာချက်များမှရရှိသည့် အချက်အလက်များဖြင့် ပေါင်းစပ်ပုံဖော်ထားသော ၂၀၂၀ ဒီဇင်ဘာ ၂၈ ရက်(ပြီးခဲ့သည့်လေးရက်) အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေပြပုံကို ဝေမျှပါသည်။ ပုံများသည် ၁၉၄၈ မှ ၂၀၁၂ ကြားအခြေအနေနှင့် လက်ရှိအခြေအနေတို့ကို နှိုင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်ပြီး အပြာရောင်ဒေသများသည် ပုံမှန်ထက်စိုစွတ်(မြေအောက်ရေများ)နေပြီး အစိမ်း၊ အညိုရောင်ချယ်ဒေသများသည် ပုံမှန်ထက်ခြောက်သွေ့(မြေအောက်ရေလျော့နည်း)နေကြောင်း ညွှန်းဆိုသည်။

  • ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ

    “ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ ” အစီရင်ခံစာပါ ရေနှင့်ပတ်သက်သောအချက်အလက်များမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ဆိုင်သည်များကို ရွေးထုတ်ဝေမျှပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုမှ မြန်မာနိုင်ငံအား ရာသီဥတုဖြစ်စဉ် ပြင်းထန်လွန်မှုများကြောင့် ထိခိုက်အလွယ်ဆုံး (၃) နိုင်ငံတွင် ထည့်သွင်းထားသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရေဆိုးနုတ်စနစ် – ၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်း အိမ်ထောင်စုများအားလုံး၏ (၂၆%) သည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ် ကင်းမဲ့နေကာ၊ (၃၁%) သည်…

  • လျော့နည်းလာနေသော မြေပေါ် မြေအောက်ရေ (Terrestrial Water Storage (TWS)) ပမာဏ

    ဒေသတစ်ခု၏ ရေရရှိရေး အခြေအနေကို သိရန်၊ အနာဂတ် ရေရရှိရေး အလားအလာကို ခန့်မှန်း တွက်ချက်ရန် Terrestrial Water Storage (TWS) သည် အရေးပါသော အချက်များအနက် တစ်ခု ဖြစ်သည်။ မြေအောက်ရေ၊ မြေမျက်နှာပြင် အနီးရှိ သစ်မြစ်ဇုန်၊ မြေဆီလွှာ စသည်တို့ရှိရေ၊ သစ်ပင်များထဲရှိ ရေ၊ မြစ်ရေ၊ ကန်ရေ၊ ဆီးနှင်း၊ ရေခဲပြင်၊…

  • ရေချိုပမာဏလျော့နည်းလာခြင်း

    ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီး စသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ်ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တုနှစ်လုံး(The Gravity Recovery and Climate Experiment – GRACE)က မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထုအတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက်တိုင်းတာနိုင်သည့် ပထမဆုံးဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့်အချက်အလက်များသည် အခြားဂြိုဟ်တုများမှရသည်တို့ထက် ပိုမိုတိကျသည်။…

  • မော်လိုက်ကလေး တောင်ရွာတဖက်ပိတ်ဆည်

    ThantZin Lynn is with Vum Lun Dal and 13 others. ရေမကြာခဏ လွမ်းတာခံရသလို အနီးအနားက မြစ်ချောင်းကမ်းပါးတွေ ပြိုလို့ ရပ်ရွာတွေပြောင်းရွေ့ရတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါ။ အဲလို ရပ်ရွာထဲမှာ ကလေးမြို့နယ်၊ ဖောင်ကူးချောင်းကမ်းဘေးက မော်လိုက်ကလေးရွာစုလဲ ပါဝင်ပါတယ်။ တောင်ရွာ၊ မြောက်ရွာ ဆိုပြီး ရှိခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ကျန်ခဲ့တာလို့…

  • ပင်လယ်ရေပြင်မြင့်တက်လာခြင်း

    ကမ္ဘာ့ပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ၀ . ၂၀ မီတာမြင့်တက်ခဲ့သည်။ ၁၉၀၁ ခုနှစ်နှင့် ၁၉၇၁ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၃ မီလီမီတာနှုန်း ၁၉၇၁ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၉ မီလီမီတာနှုန်း ၂၀၀၆ ခုနှစ်နှင့် ၂၀၁၈…