Water
-
ရေငန်မြစ်ချောင်း ကမ်းရိုးတန်းများ ပတ်လည်ဝိုင်းနေသောမြို့ရွာဒေသများတွင် ရေ(ချို)အောင်းလွှာ-ဇုန် ရှာဖွေနည်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
ဤဆောင်းပါးသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ကျွန်တော်၏ ဖေ့စ်ဘုတ်ဂရု မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ဗဟုသုတမျှဝေကြအစီအစဉ်တွင် ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသများတွင် စက်ရေတွင်းတူးနေကြသော တွင်းတူးအဖွဲ့များ အဆင်ပြေစေရေး သုတမျှဝေခြင်း ဖြစ်ပါသည်။ ပင်လယ်ရေပတ်လည်ဝိုင်းနေသော ကျွန်း(သို့) ရေတက်ရေကျရှိသော၊ ရေငန်ရှိသော မြစ်ချောင်းများ ဝိုင်းပတ်နေသည့်မြို့ရွာများ (သို့) ရေငန်အောင်းလွှာများနှင့် တွဲတွေ့ရသည့်…
-
ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
၂၀၂၂ ခုနှစ် ကမ္ဘာ့ရေနေ့ (World Water Day) နီးလာသောအခါ ဆောင်းပါးများ ရေးပို့ရန်၊ စာရေးသူ ဆက်သွယ်ထားသောအဖွဲ့များနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော နိုင်ငံတကာရေအဖွဲ့အစည်းများက ကြော်ငြာစာတမ်းများ၊ ခံယူချက်များ၊ စာရွက်စာတမ်းများ စာရေးသူထံ အီးမေးလ်ကတဆင့် ပေးပို့လာသည်။ ထိုသူတို့ထံသို့ ဆောင်းပါးတစ်စောင် ပို့ခဲ့ပါသည်။ ယခုဆောင်းပါးကို မိမိနိုင်ငံ၏ ပြည်သူအများ ရေအရေး မမေ့ကြစေဖို့ တန်ဖိုးထားစေရေး သတိပေးဆောင်းပါးအဖြစ်…
-
စက်ရေတွင်း ရေဝင်ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ – ဦးမြင့်သိန်း (မောင်ကျေးရေ)
(ဤဆောင်းပါးကို ၂၀၂၂ ခုနှစ်၊ မတ်လက ရေးသားခဲ့ပါသည်။ စာရေးသူ၏မိတ်ဆွေ စက်ရေတွင်းတူးဆရာ တစ်ယောက် ကြုံတွေ့ရသည့် စက်ရေတွင်းမှ ရေမှုတ်(သို့) စုတ်ထုတ်ပါက သဲလိုက်နေကြောင်း၊ ရေဝင်ဆန်ခါပိုက်သည်လည်း လက်ထိုးလွှဖြင့် စိတ်ရသည်က များကြောင်း၊ သို့ပါ၍ မည်သို့ ပြုလုပ်သင့်ကြောင်း ဘာကြောင့် ပြုလုပ်သင့်ကြောင်းများ မေးသဖြင့် ဤဆောင်းပါးကို ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သည့်အတိုင်း ပြန်လည်မှတ်တမ်းတင်ထားပါသည်။) က။ ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ…
-
ရန်ကုန် မြေအောက်ရေအောင်းလွှာအကြောင်း၊ ရန်ကုန်မြို့တစ်နေရာ၌ မြေအောက်ရေနေနှင့် မြေပြင်နိမ့်ကျလာခြင်း – ဦးမြင့်သိန်း (မောင်ကျေးရေ)
(စာရေးသူ၏ မိတ်ဆွေအိမ်က စက်ရေတွင်းအခြေအနေကို မိတ်ဆွေ၏ ပြောပြချက်များပေါ် မူတည်ကာ ထပ်မံ ဆွေးနွေးမေးမြန်းပြီး နိုင်ငံတကာပညာရေး အင်တာနက်(အကယ်ဒမီကာ) စာမျက်နှာ၌ ၂၀၂၂ ခုနှစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြခဲ့ပါသည်။ ဖရန့်တီယားမြန်မာ သတင်းထောက်ကလည်း ယင်းအကြောင်းကို စာရေးသူနှင့် ဆွေးနွေးမေးမြန်းပြီး ဆောင်းပါးရေးသားခဲ့သေးသည်။ ယခု မြန်မာပရိသတ် အတွက် လိုရင်းတိုရှင်း မြန်မာဘာသာဖြင့် ရေးသားတင်ပြပါသည်။) ရန်ကုန်မြို့တည်နေရာ၊ လူဦးရေ၊ ဧရိယာနှင့်…
-
မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)
(အမေရိကန်ရေလုပ်ငန်းများအသင်းအောက်တွင် ဖွဲ့စည်းထားသော အဖွဲ့ငယ်တစ်ခုဖြစ်သည့် စက်ရေတွင်း ပိုင်ရှင်များ အကြံပေးအဖွဲ့က ထုတ်ဝေသည့် စာစောင်ကို မှီငြမ်းပြီး မြန်မာပြည်သူများအတွက် မျှဝေသုတ အနေဖြင့် ၂၀၂၃ ဇန်နဝါရီလက ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် မြေအောက်ရေကို မြန်မာပြည်အလယ်ပိုင်း ပူအိုက်စွတ်စိုသောအရပ်ဒေသများ၌ တွေ့ရသည်။ သို့သော် ဖလူအိုရိုက်ဒ် ပါဝင်မှုပမာဏ မမြင့်မားလှပါ။) ဖလူရိုရိုက်ဒ်သည် ဓာတုဒြပ်စင်တစ်ခုဖြစ်သည်။ မြေအောက်ရေတွင် အများအားဖြင့် တွေ့ရပြီး…
-
ရေရှားပါးခြင်းကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုး ၁၀ ချက် – ဦးမြင့်သိန်း (မောင်ကျေးရေ)
(သန့်စင်သောရေရရှိရေး နည်းပညာများ ထောက်ပံ့ရေးအဖွဲ့မှ ဆောင်းပါးရှင် ဒီဘိုရှပ်ချ်ဘင်ဆင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ရေးသားသည့် ဆောင်းပါးကို မှီငြမ်း၍ ဤဆောင်းပါးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ၂၆ ရက်နေ့၌ ရေးသားသည်။ မြန်မာနိုင်ငံတွင်လည်း နေရာဒေသ အချိန်အခါ ရာသီဥတုပြောင်းလဲမူများကြောင့် ယင်းအခြင်းအရာများ ဖြစ်နေနိုင်၊ ဖြစ်လာစရာအကြောင်းများ ရှိနေနိုင်သောကြောင့် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။) သန့်ရှင်းသော သောက်သုံးရေရရှိမူသည်…
-
လှေကားထစ်ရေကန် (Ye Htwe)
လှေကားထစ်ရေကန် Stepwell ဆိုသည်မှာ ရှေးခေတ် အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို အထပ်ပေါင်းများစွာ နက်နက်ရှိုင်ရှိုင်း၊ အချိုမှာ နက်ရှိုင်းလွန်းသဖြင့် ရေကို တစ်ထပ်မှ တစ်ထပ် နွားရဟတ်ဖြင့် ဆွဲငင်ရသည်။ စိုက်ပျိုးရေနှင့်…


