Water
-
နယ်ချဲ့ညစ်ညမ်းရေ
အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်း အတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။…
-
ပင်လယ်ရေတကယ်ခန်း
အင်းတော်ကြီးရေစပ်မှကြည့်လျှင် ရေလယ်ရှိရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာရှိဆဲ၊ ကြည်ညိုစွာဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းမိုင် ၁၀ဝ ကျယ်သဖြင့် အရှေ့တောင် အာရှတွင် အကြီးဆုံးရေကန် စာရင်းဝင်ဖြစ်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်းကောစပြုလာနေသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့၏ အနောက်ဘက်တွင် ရှိသော အင်းတော်ကြီးထဲသို့ ပတ်ဝန်းကျင် တောင်တန်းများမှ စီးကျလာသော ချောင်း ၁၂…
-
အရည်ပျော်တောင်ထိပ်များ
‘စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲမဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီ မှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး’ ဟု ‘ညီပုလေး’က ‘စိမ်းလန်းတဲ့တောင်ကုန်း မြင့်မားတဲ့တောင်တန်း’ စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ‘ညီပုလေး’ ကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ”ကျွန်တော်တို့ဟာ…
-
မမြင်ကွယ်ရာမှရေများသည်ပင်
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါြွကယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အဖိုးတန်လှသော အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၀ဝဝဝ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတု မျှတနေစဉ်က ရွာသွန်းခဲ့သောမိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင် ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။ ရုပ်ကြွင်းရေ…
-
အမြင်၌ ပေါများသည်ထင်ရသော်လည်း
ဖြစ်စဉ်-၁၊ လပေါ်ရေတွေ့ အိမ်မှာရေမတွေ့ လမျက်နှာပြင်ပေါ်ရှိ တွင်းငယ်ပေါင်း ၄၀ ကျော်၌ ရေခဲအမြောက်အမြား တွေ့ရှိရကြောင်း သတင်းတစ်ပုဒ် ၂၀၁၀ ပြည့်နှစ် အတွင်းကထွက်ပေါ်ခဲ့သည်။ လပေါ်တွင် ရေရှိမရှိလေ့လာခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ၂၀ဝ၉ ခုနှစ်က လပေါ်ရှိဖုန်မှုန့်များတွင် ရေအချို့ ရောယှက်ပါဝင်နေကြောင်းတွေ့ရှိပြီးနောက် တွင်းငယ်များထဲ၌ ရေခဲများကိုတွေ့ရခြင်းမှာ လလေ့လာရေးကဏ္ဍတွင် အလွန်ထူးခြားသောသတင်း ဖြစ်သည်။ ရေခဲများကို စူးစမ်းဖော်ထုတ်နိုင်ခဲ့သည်မှာ အမေရိကန်လုပ်ကိရိယာများဖြစ်သော်လည်း ယင်းကိရိယာများကို…
-
ရေကြည်တစ်ပေါက် (ဒစ်ဂျစ်တယ်စာအုပ်)
၂၀၂၀ ပြည့်နှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည့် ရေကြည်တစ်ပေါက်(စတုတ္ထအကြိမ်)စာအုပ်ကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ဖတ်ရှုလိုသူများ အောက်ပါအခန်းများကို နှိပ်၍ လေ့လာနိုင်ကြပါသည်။ ၂၀၂၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော မူအတိုင်း တင်ပြထားခြင်းဖြစ်၍ အချို့သော အချက်အလက်များနှင့် ကိန်းဂဏန်းများသည် ယခုအခြေအနေနှင့် ကွဲလွဲချက်ရှိနိုင်သော်လည်း အဓိကအကြောင်းအရာများ၊ သုံးသပ်ချက်များသည် ခိုင်လုံဆဲ၊ မှန်ကန်ဆဲ ဖြစ်ပါသည်။ ပုံနှိပ်မူတွင် မပါဝင်ခဲ့သောဓာတ်ပုံများ၊ ပုံနှိပ်မူတွင် မပါဝင်နိုင်သည့် ဗီဒီယိုပြကွက်များ၊ ဆက်စပ်လေ့လာနိုင်သော…


