Water
-
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ကြုံရဖွယ်ရှိသည့် ရေအခက်အခဲ
၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုရာသီဥတုအခြေအနေ ပေါ်ပေါက်လာနေကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ် ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။ အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့် ဆက်စပ်သော လေထုနှင့် လေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ် သမုဒ္ဒရာဝန်းကျင်ဒေသများအပြင်…
-
ရေ ရာသီ မြန်မာပြည် (ဦးမြင့်သိန်း – မောင်ကျေးရေ)
(၂ဝ၂၀ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ ဖေဖဝါရီလ ၁၈ ရက် သံတော်ဆင့်နှင့် Myanmar water portal တို့တွင် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။ ယင်းကာလ ရေ ရာသီ မြန်မာပြည်၏ အခြေအနေကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်ပါသည်။) ကမ္ဘာ့ရာသီဥတုသည် ၂၀၁၀ ခုနှစ်ဝန်းကျင်ကစ၍ သိသိသာသာ ပြောင်းလဲလာ၏။ ၂၀၁၀…
-
မြို့ပြနယ်မြေတိုးချဲ့လာခြင်းက မြေအောက်ရေအပေါ် ဆိုးကျိုးသက်ရောက်မှု (ဦးမြင့်သိန်း – မောင်ကျေးရေ)
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံတကာ သုတေသန အင်တာနက် စာမျက်နှာပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ၌ မြန်မာ့ရေတံခါးပေါက်၌ မြန်မာဘာသာဖြင့် ပြန်လည်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။ ၁၉၉၀ -၂၀ဝ၀ ကာလအတွင်း ရန်ကုန်မြို့ပြနယ်မြေရပ်ဝန်းသည် ၁၉၉၀ မတိုင်မီ ကာလထက် သုံးဆခန့် ပိုမိုကျယ်ပြန့်လာသောကြောင့် မြေအောက်ရေအပေါ် သက်ရောက်လာသည့် အကျိုးဆက်များ (ကောင်းကျိုး/ဆိုးကျိုး) အကြောင်း…
-
ပြောင်းလဲလာသောရာသီဥတုနှင့် ကိုက်ညီသည့် မြေအောက်ရေထုတ်ယူရေး (ဦးမြင့်သိန်း – မောင်ကျေးရေ)
(ဤဆောင်းပါးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရေးသားခဲ့သည်။ ရာသီဥတုပြောင်းလဲလာခြင်းနှင့် မိုးရွာသွန်းမှု မမှန်ကန်မူများကြောင့် ကုန်းမြေပေါ်၌ စက်ရေတွင်းတူးရေးခက်ခဲနေသည့် အချိန်ကာလတွင် အခြားသောနည်းများဖြင့် ချောင်း၊ ချောင်းကမ်းပါး၊ ချောင်းဟောင်းသောင်ပြင်များ၌ ရေထုတ်ယူနိုင်ရေး ရေတွင်းတူးနည်းပညာကို ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားမျှဝေခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။) ၁။ လွန်ခဲ့သောနှစ်များကစ၍ ကမ္ဘာ့ရာသီဥတုသည် နွေမိုးဆောင်း ဥတုသုံးလီ ပုံမှန်ပြောင်းလဲမှု မဟုတ်တော့ဘဲ မိုးသည်းထန်ခြင်း၊ မိုးနည်းခြင်း၊ မိုးခေါင်ခြင်း၊…
-
ကမ္ဘာပေါ်၌ ရေများ ပျံ့နှံ့တည်ရှိပုံ (ဦးမြင့်သိန်း – မောင်ကျေးရေ)
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်က မိုးမခစာမျက်နှာအတွက် ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။) ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေဖြင့် ဖုံးလွှမ်းနေသောကြောင့် ကမ္ဘာကို “Blue Planet” အပြာရောင်ဂြိုဟ်ဟု တင်စားခေါ်ကြသည်။ ရေသည် မြေမျက်နှာပြင်အောက်နှင့် အပေါ်တို့တွင် အရည်အသွင်ဖြင့် ရှိပြီး လေထဲတွင် အငွေ့အဖြစ် တည်ရှိပြီး အကန့်အသတ်ရှိသော အရင်းအမြစ် ဖြစ်သည်။…
-
မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့် စက်ရေတွင်းရေသုံးစွဲသူများ (ဦးမြင့်သိန်း -မောင်ကျေးရေ)
မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာနှစ်စောင်တွင် နှစ်ရက်ဆက် ဖော်ပြထားသည်ကို ဖတ်ရှု ရပါသည်။ မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်း၏ ပထမဦးဆုံးစာကြောင်းမှာ “ပြည်သူအများ လေ့လာ သိရှိ အကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်သည်၊ အကြံပြုစာများကို ပြည်တောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်သည်” ဟု စကားဦး ဖွင့်ဆိုရေးသားထားသည်။ ပြည်သူ့လွှတ်တော်၏ သဘောထားကို…
-
ကမ္ဘာ့ရေတွင်းသမိုင်း(အကျဉ်း) (ဦးမြင့်သိန်း – မောင်ကျေးရေ)
(၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့က ကျွန်တော်၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။) လွန်ခဲ့သောနှစ်ပေါင်း ၈၀ဝ၀ ဝန်းကျင်၊ ကျောက်ခေတ်နှောင်းပိုင်းကာလ (Neolithic) ကတည်းက သောက်သုံးရေအတွက် ရေတွင်းများ တူးဖော်ခဲ့ကြောင်း မှတ်တမ်းများက ပြောပြနေကြ၏။ ထိုခေတ်က မြေအောက်ရေကို မြေပေါ်သို့ရောက်ရန် လူအား၊ လက်သုံးကိရိယာများကို အသုံးပြုပြီး တွင်းတူးကြသည်။ ထိုနောက် ရေတင်ကိရိယာ…


