Water

  • မမြင်ကွယ်ရာမှ ရေများသည်ပင်

    လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှ ရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင်ပါသည့် လစ်ဗျားတွင်…

  • အမြင်၌ ပေါများသော်လည်း လက်တွေ့တွင် ရှားနေသော သောက်သုံးရေ

    အထက်ပါပုံ၌ ပုံသေးကို ကြည့်လျှင် ကမ္ဘာ့မျက်နှာပြင်ဧရိယာ အတော်များများကို ရေဖုံးနေသဖြင့် ကမ္ဘာကြီးတွင် ရေအလျှံပယ်ကြွယ်ဝသည်ဟု ထင်ရသည်။ တကယ်တွင်လည်း ကမ္ဘာသည် မျက်နှာပြင် ဧရိယာ၏ ၇၁ ရာခိုင်နှုန်း၌ ရေများဖြင့် အတိပြီးနေသည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်ရှိ ရေအားလုံးကို ထုတ်ယူစုစည်းကာ ရေစက်တစ်စက်တည်းအသွင်ဖြင့် ကမ္ဘာလုံးပေါ် အချိုးကျ တင်ပြထားသည့် ပုံကြီးကို ကြည့်လျှင် ရေထုထည်စုစုပေါင်းသည်…

  • ပြောင်းလဲနေသော ရေသံသရာကို ရေဖူလုံရေးရှုထောင့်မှလေ့လာခြင်း

    ကမ္ဘာပေါ်၌ အရည်၊ အခဲ၊ အငွေ့ အသွင်သုံးမျိုးဖြင့် တည်ရှိနေသည့် ရေများသည် အဓိကအားဖြင့် ငါးနေရာတွင် စုဖွဲ့နေကြသည်။ ယင်းတို့မှာ ပင်လယ် သမုဒ္ဒရာရေများ၊ လေထုတွင်းရှိ ရေငွေ့များ၊ ဆီးနှင်းနှင့် ရေခဲပြင်များ၊ မြေပေါ်ရေနှင့် မြေအောက်ရေများ ဖြစ်ကြသည်။ အထက်ပါအတိုင်း စုဖွဲ့မှုသည် တည်ငြိမ်ခြင်းမရှိဘဲ အမြဲလှုပ်ရှားနေသည်။ ကမ္ဘာပေါ်တွင် လူနှင့်သက်ရှိများ ရှင်သန်ခြင်းသည် ရေရှိခြင်းက အကြောင်းတစ်ခု ဖြစ်သကဲ့သို့…

  • မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ

    မိုးခေါင်ခြင်းဆိုသည်မှာ ဒေသတစ်ခု၌ ရက်ရှည် လများ မိုးမရွာ (သို့မဟုတ်) ပုံမှန်အောက် လျော့နည်းပြီး ရွာသဖြင့် ခြောက်သွေ့နေသောကြောင့် လူနှင့် သဘာဝ ပတ်ဝန်းကျင်တို့၏ ရေလိုအပ်ချက်ကို လုံလောက် ပြည့်မီအောင် မရနိုင်သော ကာလကို ခေါ်သည်။ ဒေသတစ်ခု ၌ မိုးခေါင်မခေါင် သတ်မှတ်ရန် ယင်းဒေသတွင် ရသော ပုံမှန်မိုးပမာဏနှင့် ရေလိုအပ်ချက်ကို စဉ်းစားရသည်။ ဒေသတစ်ခုနှင့်တစ်ခု ပုံမှန်မိုးရရှိမှုနှင့်…

  • ဧရာဝတီတိုင်း၊ ပင်လယ်ဘေးနားက ရေငတ်နေတဲ့ရွာ ‘ဂေါ်ဒူ’

    အောင်မျိုးထွဋ် DVB April 3, 2024 “ကျမတို့ဒေသက ရေတွေပေါပြီး သုံးမရတဲ့ ရေငန်တွေဖြစ်နေတာ” ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ မွေးကတည်းက နေထိုင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မဝင်းဌေးက သူ့ပတ်ပတ်လည်မှာ ဝိုင်းနေတဲ့ ရေတွေကိုကြည့်ပြီး ပြောပါတယ်။ ​သူငယ်ငယ်တုန်းက ရေချိုအတွက် ခပ်ခဲ့တဲ့ ရွာဘုန်းကြီးကျောင်းဝင်းထဲက လက်ယက်တွင်းတွေလည်း အခုတော့…

  • အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော ရေအောင်းလွှာ (ဦးမြင့်သိန်း – မောင်ကျေးရေ)

    အမေရိကန်နိုင်ငံ၏ အကြီးဆုံးသောရေအောင်းလွှာဖြစ်သည့် အိုဂလ်လလာရေအောင်းလွှာသည် ၁၇၄၀ဝ၀ စတုရန်းပေ ကျယ်ဝန်းသည်။ တောင်ဒါကိုတာ၊ ဝမ်အမင်း၊ နီဘရာစကာ၊ ကော်ရိုရာဒို၊ ကန်ဆက်၊ နယူးမက်စီကို၊ အုပ်ကလာဟိုးမားနှင့် တက်ဆက်ပြည်နယ်၊ ပေါင်း ၈ ပြည်နယ်အောက်တွင် ဖြစ်တည်နေပြီး ထို ၈ ပြည်နယ်၏ ရေအရင်းအမြစ်ဖြစ်သည်၊ ၁၈၉၈ ခုနှစ်တွင် ဘူမိဗေဒပညာရှင် အင်အိပ်ချ်ဒါတွန်က ရေအောင်းလွှာအနီးရှိ အိုဂယ်လလမြို့ကို အစွဲပြု အမည်ပေးထားခြင်း…

  • စက်ရေတွင်းဟုခေါ်ဝေါ်သုံးနှုန်းကြပါစေလို (ဦးမြင့်သိန်း – မောင်ကျေးရေ)

    (ဤဆောင်းပါးကို ၂၀၂၀ ခုနှစ်ဖေဖဝါရီလ ၁၉ ရက် က ရေးသားပြီး ကာတွန်းပုံကို ကျွန်တော်၏ မြေအောက်ရေမိတ်ဆွေ ဦးဇော်မိုးလှိုင် (ရေအရင်းအမြစ်) က ဆွဲပေးပါသည်။ မြန်မာနိုင်ငံတွင် စက်ရေတွင်းကို“ အဝိစီတွင်း” ဟု ခေါ်ဝေါ်သော အရပ်စကားအသုံးအနှုန်းသည် မသင့်လျော်ဟု ယူဆသောကြောင့် ရေးသားခြင်း ဖြစ်ပါသည်။) စက်ရေတွင်း(ခေါ်ဝေါ် သုံးစွဲရမည့် စကားလုံး) အဝီစိတွင်း (မခေါ်ဝေါ် မသုံးစွဲသင့်သော…