Climate Change

  • ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးနှင့် ကမ္ဘာ့ရှေ့ရေး

    ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုအစည်းအဝေး အစီအစဉ်တစ်ဝက်ကျိုးချိန်တွင် ထွက်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ သတင်းဌာနအချို့က အကောင်းမြင်ကြသော်လည်း ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ အတော်များများက အဆိုးမြင်ကြသည်။ သတင်းဌာနများ၏အဆိုအရ နိုင်ငံအတော်များများက ကျောက်မီးသွေးစက်ရုံများကို ယခုဆယ်စုနှစ်အကုန်တွင် ပိတ်သိမ်းခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန်၊ သစ်တောပြုန်းတီးမှုကို လုံးဝရပ်တန့်ရန် ကတိပြုကြကြောင်း သိရသည်။ ယင်းအတိုင်းဖြစ်လာပါက ကမ္ဘာ့အပူချိန်ကို ၁ . ၉ ဒီဂရီစင်တီဂရိတ်ထက် ပိုမတက်အောင် ထိန်းနိုင်မည်ဟု ယူဆကြသည်။ သို့သော်…

  • ရာသီဥတုပြောင်းလဲခြင်းနှင့် ကျောက်မီးသွေး

    စွမ်းအင်အတွက် အသုံးချနေကြသော လောင်စာအမျိုးမျိုးရှိသည့်အနက် လောင်မြိုက်နိုင်သော အနည်ကျ ကျောက်တစ်မျိုးဖြစ်သည့် ကျောက်မီးသွေးကို အများဆုံး သုံးစွဲနေကြသည်။ အခြားကျောက်များတွင် သက်ရှိများနှင့် မဆက်စပ်သော အင်အော်ဂဲနစ်ပစ္စည်းများ အဓိကပါသော်လည်း ကျောက်မီးသွေးတွင်မူ သက်ရှိများနှင့်ဆက်စပ်သော အော်ဂဲနစ်ပစ္စည်းများ အဓိကပါသည်။ ကျောက်မီးသွေးဖြစ်ပေါ်လာပုံ လွန်ခဲ့သော နှစ်သန်းပေါင်း ၃၀၀ ခန့်က ကျောက်မီးသွေး စတင်ဖြစ်ပေါ်ခဲ့သည်။ ယင်းအချိန်က ကမ္ဘာပေါ်တွင် သစ်ပင်ကြီးအများအပြား ပါဝင်သည့် ရွှံ့ညွန်တောကြီးများ…

  • စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု

    စက်မှုတော်လှန်ရေးဆိုသည်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည်တို့၌ လူအား၊ တိရစ္ဆာန်တို့၏အားစသည်တို့ကို အဓိကသုံးနေရာမှ လောင်စာသုံးစက်ကိရိယာများဖြင့် လုပ်ငန်းပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပြီးမြောက်လာစေနိုင်ခြင်း ဖြစ်စဉ်ကို ခေါ်သည်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်မှာ ရေနွေးငွေ့အင်ဂျင်ကို တီထွင်အသုံးပြုနိုင်မှုကြောင့် အဓိကဖြစ်သည်။ ရေနွေးငွေ့အင်ဂျင်မှ အစပြုလိုက်သော စက်ကိရိယာများကို အသုံးချနိုင်ခြင်းသည် လူ့သမိုင်း၌ မီးကို သုံးစွဲတတ်ခြင်းပြီးလျှင် ကြီးမားကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။ ရေနွေးငွေ့၏ရွေ့လျားတွန်းကန်အားဖြင့်…

  • ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း

    ကမ္ဘာ့လူဦးရေနှင့် ရုပ်ကြွင်းလောင်စာအသုံး များပြားလာခြင်းတို့ကြောင့် ရာသီဥတုစနစ်ပြောင်းလဲပုံ အဆင့်ဆင့် ခုနှစ် ဖြစ်ရပ် ၁၇၁၂ ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် ကျောက်မီးသွေးအများအပြားစတင်အသုံးပြု ၁၇၆၀ အင်ဂျင်စက်အများအပြား အသုံးပြုခြင်းဖြင့် ပထမစက်မှုတော်လှန်ရေး စတင် ၁၈၀၀-၁၈၇၀ လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၂၉၀ ပီပီအမ်ကမ္ဘာ့ပျမ်းမျှအပူချိန် ၁၃ . ၆ ဒီဂရီစင်တီဂရိတ် ၁၈၀၄ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ပြည့် ၁၈၂၄ ပြင်သစ်ပညာရှင်…

  • ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး

    စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ကျင်းပလျက်ရှိသော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း အစည်းအဝေး၏ တရားဝင်အမည်မှာ COP26 ဖြစ်သည်။ COP26 သည် Conference of the Parties 26 ၏ အဖျားဆွတ် အတိုကောက်ဖြစ်ပြီး ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ၏ ၂၆ ကြိမ်မြောက် အစည်းအဝေးဟု ပြန်ဆိုနိုင်သည်။ ပါဝင်ပတ်သက်သော အဖွဲ့အစည်းများဆိုသည်မှာ ၁၉၉၄ ခုနှစ်က…

  • အန္တာတိက

    ပင်လယ်ခြားသော ရပ်ဝေးနယ်များသို့ သင်္ဘောများဖြင့် မသွားနိုင်မီကပင် ကမ္ဘာ၏ တောင်ဘက်စွန်းတွင် တိုက်ကြီးတစ်တိုက် ရှိနေနိုင်ကြောင်းကို ဂရိလူမျိုးတို့က မှန်းဆခဲ့သည်။ ယင်းအချိန်က ကမ္ဘာ၏ မြောက်ဘက်စွန်း အာတိတ်ဒေသကို တွေ့ပြီးဖြစ်ရာ တောင်ဘက်စွန်း၌ ရှိနေနိုင်သည့်တိုက်ကို အာတိတ်၏ ဆန့်ကျင်ဘက်ဟု အဓိပ္ပာယ်ရသည့် အန္တာတိတ်(အန္တာတိက)ဟု ခေါ်ခဲ့သည်။ စွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ်သည် ၁၇၇၃ ခုနှစ်တွင် အန္တာတိကတိုက်အနီးသို့ ရောက်သော်လည်း ကုန်းမြေကို မမြင်ခဲ့ရချေ။…

  • ဂရေ့စ် — ရေနှင့်ရာသီဥတုလေ့လာရေးဂြိုဟ်တုများ

    ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု အများအပြားရှိသည့်အနက် စီးဆင်း အရည်ပျော် အငွေ့ပျံ စသောနည်းများဖြင့် ကမ္ဘာ့ရေထု ရွေ့လျားနေပုံကို ဒြပ်ဆွဲအား(Gravity) အသုံးပြု၍ တိုင်းတာပြီး ရရှိသည့် အချက်အလက်များကို ကမ္ဘာသို့ ပြန်လည် ပေးပို့နေသော ဂြိုဟ်တုနှစ်လုံးကို ဂရေ့စ်(Gravity Recovery and Climate Experiment, or GRACE)ဟု အဖျားဆွတ်၍ ခေါ်ကြသည်။ ရေထုရွေ့လျားမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်သွယ်နေရာ ရေထုကို…