Climate Change
-
သဲခုံစွယ်နှင့် ပင်လယ်ရေပြင်မြင့်တက်မှု
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ကျိုက်နဲရေလယ်ဘုရားသို့ ၂၀၂၁ နိုဝင်ဘာ ၂၁ နေ့က ဘုရားဖူးသွားသူအချို့ ပင်လယ်လှိုင်းပုတ်၍ အသက်ဆုံးခဲ့ရသည်။ ကျိုက်နဲရေလယ်ဘုရား၏ ထူးခြားချက်မှာ ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်တွင်း၌ တည်ရှိပြီး ဘုရားဘက်သို့ ဦးတည်သည့် လမ်းတစ်ခုရှိခြင်း ဖြစ်သည်။ ယင်းလမ်းကို ပထဝီဝင်ဝေါဟာရဖြင့် သဲခုံစွယ်(Spit)ဟု ခေါ်ကြောင်း သိရသည်။…
-
ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး
စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တနှစ်ပတ်ကြာပြုလုပ်ခဲ့သော COP 26 ခေါ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အောက်ပါ အဓိကသဘောတူညီချက် သုံးခုကို ချမှတ်၍ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင်…
-
ရာသီဥတုပြောင်းလဲခြင်း အမေးများသော မေးခွန်းနှင့် အဖြေများ
၁-ရာသီဥတုပြောင်းလဲနေကြောင်း မည်သည့်အချိန်က စသိခဲ့သနည်း။ ၁၈၉၀ ပြည့်နှစ်လွန်အချိန်တွင် ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်နှင့် အမေရိကန်ပညာရှင် ချိန်ဘာလိန်တို့က ရုပ်ကြွင်းလောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာကြီးပိုပူလာနိုင်ကြောင်း သီးခြားစီ ပြောဆိုခဲ့သည်။ ကမ္ဘာ့လေထု၏ အချို့နေရာများတွင် ပုံမှန်ထက်ပူနွေးနေကြောင်း ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင် သိရှိခဲ့ကာ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်နေသည်ကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍…
-
ရာသီဥတု ပြောင်းလဲမှုဘေး ဒုက္ခသည်များ
(ဖြစ်စဉ်-၁) ဘင်္ဂလားဒက်ရှ်ရှိ ဂေါ်ပိုဒိုမန်ဒို၏ မိသားစုများသည် ရွှံ့ဗွက်ပေါသည့်ရွာမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာနေကြသည်။ ဦးစွာစွန့်ခွာသွားသူများကတော့ တံငါအလုပ်ဖြင့် အသက်မွေးသော ဦးလေးနှစ်ယောက် ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် ငါးအရနည်းလာ၍ အိန္ဒိယနိုင်ငံဘက်ကူးကာ ဆောက်လုပ်ရေးလုပ်သား သွားလုပ်ကြသည်။ ဂေါ်ပိုဒိုမန်ဒို၏ အစ်ကိုများသည်လည်း တံငါအလုပ်ဖြင့် ထမင်းမဝသည့်အခါ တောထဲတွင် ကျားသောင်းကျန်းနေမှန်း သိလျက်နှင့် သစ်ခုတ်၊ ပျားဖွတ်သည့်အလုပ်ကို ပြောင်းလုပ်ကြသည်။ နောက်ဆုံးတွင် အစ်ကိုများလည်း အဖေကိုခေါ်၍…
-
လေထုတွင်းရှိ ဓာတ်ငွေ့များနှင့် ရာသီဥတုပြောင်းလဲခြင်း
ကမ္ဘာ့လေထုကို ကိုယ်ပိုင်ဂုဏ်သတ္တိအသီးသီးရှိကြသော နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းတို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းထဲတွင် ဓာတ်ပြုနိုင်မှု နည်းပါးလွန်းသည့် အာဂွန်ဓာတ်များ ပါသကဲ့သို့ ကမ္ဘာ့လေထုကို ကြီးစွာ အကျိုး သက်ရောက်နိုင်သည့် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် အိုဇုန်းဓာတ်ငွေ့များ၊ ရေငွေ့များလည်း ပါသည်။ ယင်းအချိုးအဆမှာ ပုံသေမဟုတ်ဘဲ…
-
မျိုးစိတ်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရာသီဥတု
မျိုးစိတ်(species)ဆိုသည်မှာ အပင်နှင့်သက်ရှိသတ္တဝါများကို အုပ်စုဖွဲ့ခေါ်ဝေါ်သည့် ဇီဝဗေဒဝေါဟာရဖြစ်သည်။ မျိုးစိတ်တစ်ခုအတွင်းရှိ သက်ရှိများသည် ကိုယ်ပိုင် ထူးခြားသော လက္ခဏာများ (ဥပမာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အမူအရာ စသည်)ရှိကြပြီး အချင်းချင်း မျိုးပွားခြင်းအမှုကို ဆောင်ရွက်ကာ မျိုးဆက်သစ်များ ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် လူ၊ ခွေး၊ ငါး၊ ငှက် စသော သတ္တဝါများ၊ သစ်ခွ၊ ကျွန်းစသည့် အပင်များသည် မျိုးစိတ်များပင် ဖြစ်ကြသည်။…
-
မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဖြစ်လာနိုင်သည်များ
(ကြေးမုံသတင်းစာ၊ ၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ (၁၉၊ ၉၊ ၂၀၀၈) နေ့ထုတ်မှ ကောက်နုတ်ဖော်ပြသည်။) မြန်မာနိုင်ငံ၏ ၁၉၅၀ ပြည့်နှစ်မှစ၍ ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၅၀ မှ ၁၉၇၈ ခုနှစ်အထိ ပထမကာလ၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဒုတိယကာလ၊ ၁၉၉၉ ခုနှစ်မှ နောက်တတိယကာလ အဖြစ်…


