Category: Droughts
-
ပင်လယ်ရေ တကယ်ခန်း
အင်းတော်ကြီးရေစပ်မှ ကြည့်လျှင် ရေလယ်ရှိ ရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာ ရှိဆဲ၊ ကြည်ညိုစွာ ဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းကီလိုမီတာ ၂၆၀ ခန့်ကျယ်သဖြင့် မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ အကြီးဆုံးရေကန် စာရင်းဝင်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်း ကောစပြုလာနေသည်။ ကောရခြင်း အကြောင်းရင်းများအနက် စတုရန်းကီလိုမီတာ ၈၅၀ ခန့်ကျယ်သည့် အင်းတော်ကြီး ရေဝေဒေသရှိ သစ်တောများ ပြုန်းတီးကာ မြေပြိုလာသဖြင့် မြေစာများ အင်းထဲသို့ ဝင်ရောက် အနည်ထိုင်ခြင်းက တစ်ကြောင်းဖြစ်သည်။ တောင်ပြို မြေပြိုမှု များလွန်းသဖြင့် “အင်းထဲသို့ တောင်လိုက်ကြီး ပစ်ထည့်နေသည်နှင့် တူသည်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် စက်ယန္တယား ကြီးငယ်များဖြင့် အင်းတော်ကြီး…
-
မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ
မိုးခေါင်ခြင်းဆိုသည်မှာ ဒေသတစ်ခု၌ ရက်ရှည် လများ မိုးမရွာ (သို့မဟုတ်) ပုံမှန်အောက် လျော့နည်းပြီး ရွာသဖြင့် ခြောက်သွေ့နေသောကြောင့် လူနှင့် သဘာဝ ပတ်ဝန်းကျင်တို့၏ ရေလိုအပ်ချက်ကို လုံလောက် ပြည့်မီအောင် မရနိုင်သော ကာလကို ခေါ်သည်။ ဒေသတစ်ခု ၌ မိုးခေါင်မခေါင် သတ်မှတ်ရန် ယင်းဒေသတွင် ရသော ပုံမှန်မိုးပမာဏနှင့် ရေလိုအပ်ချက်ကို စဉ်းစားရသည်။ ဒေသတစ်ခုနှင့်တစ်ခု ပုံမှန်မိုးရရှိမှုနှင့် ရေလိုအပ်မှုတို့ မတူခြားနားကြသဖြင့် မိုးခေါင်ခြင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ဒေသပေါ်မူတည်ပြီး ကွဲပြားသည်။ မိုးခေါင်ခြင်းသည် ရှေးပဝေသဏီကတည်းက ပေါ်ပေါက်နေခဲ့သော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကမ္ဘာ့မည်သည့်နေရာတွင်မဆို မိုးခေါင်နိုင်သည်။ သမိုင်းတွင် မိုးခေါင်ကာလ အရှည်ကြာဆုံးမှာ တောင်အမေရိကတိုက် ချီလီနိုင်ငံ အရိကဒေသ၌ ကြုံတွေ့ခဲ့ရသည့် ၁၉၀၃ ခုနှစ် အောက်တိုဘာ ၁၀…
-
၂၀၂၃ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ
ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဌာန၏ ထုတ်ပြန်ချက် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း လေ့လာရေး အချက်အလက်များအားလုံး (JRA-3Q, Berkeley Earth, GISTEMPv4, HadCRUT5 and NOAAGlobalTempv5) က ၂၀၂၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကြား မြင့်တက်ခဲ့ကြောင်း ပြသသည်။ ၂၀၂၃ ခုနှစ်၏ ရက်များအနက် ထက်ဝက်နီးပါးသည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမိုမြင့်မားခဲ့သည်။ လျှပ်တပြက်ရေကြီးခြင်း၊ မိုးသည်းထန်ခြင်း၊ အပူပိုင်းမုန်တိုင်းများ၊ လေဖိအားနည်း ရပ်ဝန်းများကြောင့် ထိခိုက်ပျက်စီးမှု များပြားသော ရေကြီးရေလျှံခြင်းများ ပေါ်ပေါက်ခဲ့သည်။…
-
ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃
(ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့(အိုင်ပီစီစီ)၏ “ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃” အစီရင်ခံစာပါ အဓိကအချက်များ) ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ကမ္ဘာ့မျက်နှာပြင်ပျမ်းမျှအပူချိန်သည် ၁၈၅၀ နှင့် ၁၉၀ဝ ကြား ကာလထက် ၁ ဒသမ ဝ၉ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်။ မြေပြင်အပူချိန်သည် ၁ ဒသမ ၅၉ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ပြီး သမုဒ္ဒရာရေပြင်သည် ဝ ဒသမ ၈၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏသည် ဂိုင်ဂါတန် ၂၄၀ဝ ခန့် ဖြစ်သည်။ ယင်းပမာဏ၏ ၅၈ ရာခိုင်နှုန်းသည် ၁၈၅၀ နှင့် ၁၉၈၉…
-
၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄ ဒသမ ၅ ပီပီဘီ ဖြစ်ကာ စက်မှုခေတ်…
-
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ကြုံရဖွယ်ရှိသည့် ရေအခက်အခဲ
၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုရာသီဥတုအခြေအနေ ပေါ်ပေါက်လာနေကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ် ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။ အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့် ဆက်စပ်သော လေထုနှင့် လေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ် သမုဒ္ဒရာဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသောဒေသများ၏ မိုးလေဝသ အခြေအနေကိုပါ သက်ရောက်သည့် ဖြစ်စဉ်ကို ခေါ်သည်။ ပုံမှန်ထက် ထူးကဲစွာအေးမြလာသည့် ပစိဖိတ် သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်သည်မူ အယ်လ်နီညိုနှင့်ဆန့်ကျင်ဘက် လာနီညာရာသီဥတု အခြေအနေကို ပေါ်ပေါက်စေသည်။ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းနိုင်ငံများတွင် မိုးများပြီး စိုစွတ်သည့် အခြေအနေများ ပေါ်ပေါက်ပြီး မြန်မာအပါအဝင် ပစိဖိတ်သမုဒ္ဒရာ၏…
-
ပူတယ်လေ ဆယ်နေကဲ ရေဘယ်မှာလဲ (ဦးမြင့်သိန်း – မောင်ကျေးရေ)
ဒီရာသီ ရေရှား နေရပြီ။“ဥတုရာသီ တောကိုမှီ၏” တဲ့၊ရှေးမြန်မာလူကြီးတွေရဲ့ ဆိုစကားလေ့လာကြည့် မှန်နေ၏၊ပြောင်းနေသည့်ရာသီမြန်မာပြည်ဝယ် တနံတလျားမှီစရာတောလည်း မရှိ၊ ရှိတဲ့တောက မအုပ်တောင်လည်း မစိမ်း၊ ရေလည်း မပျို မြစ်လည်း မစိုရေကန်အိုချောက်၊ ချောင်းအိုင်ပြောက်ရောက်ယက်ခတ်ကာ သောက်ရေရှာပြည်သူတွေဒုက္ခ မသေးလှစုပေါင်းကာ အဖြေရှာရမှာပါ့။ (စာရေးသူ၏ မိတ်ဆွေ ရေနံချောင်း၊ ချောက်နေ ရေနံသာဒင်းဂါးက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဓာတ်ပုံများ ပေးပို့၍ ဆောင်းပါးရေးပေးရန် တိုက်တွန်းသဖြင့် ဤဆောင်းပါးကို သူ့ထံရေးပို့ခဲ့ပါသည်။ ထိုအချိန် (၂၀၂၀ ဝန်းကျင်)က ယင်းဒေသ၌ မိုးခေါင်ရေရှားပြီး လူနှင့် တိရစ္ဆာန်တို့အတွက် သောက်သုံးရေရှားပါး၊ ခိုနားစရာ အာဝါသမရှိ ဖြစ်နေခဲ့သည်။ ယနေ့တွင်ကား ထိုဒေသသည် ရေနံသာဒင်းဂါး၏ ဦးဆောင်မှု၊ ရွာခံ လူငယ် များ၊ အလှူရှင်များ၏ အကူအညီဖြင့် ရေနံချောင်း…