https://news-eleven.com/ Published 26 April 2022

မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊ မြစ်များ၏ မြစ်ဝှမ်းဒေသ (Basin) ဧရိယာ တိုင်းတာ တွက်ချက် ဆောင်ရွက်ရန်၊ သဲနုန်း အနည်ကျမှုနှုန်းကို အသေးစိတ်စူးစမ်းလေ့လာ တိုင်းတာ ဆောင်ရွက်ရန်၊ မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ အချက်အလက်များအား စုစည်း ဆောင်ရွက်ရန်၊ တိုင်းတာရရှိသည့် အချက်အလက်များကို အခြေခံ၍ ရေနည်းချိန်နှင့် ရေများချိန် ရေထုစီးနှုန်းများ တွက်ချက် ဆောင်ရွက်ရန်၊ ရေကြောင် းပို့ဆောင်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပေးဝေရေးစသည့် ဘက်စုံ ဖွံ့ဖြို းတိုးတက်ရေး ဆိုင်ရာ လေ့လာ ဆန်းစစ် ဆောင်ရွက်ရန်၊ မြစ်များတွင် အကောင်အထည်ဖော်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် သက်ရောက်နိုင်မှုများအပေါ် လေ့လာ ဆန်းစစ် ဆောင်ရွက်ရန်၊ လိုအပ်သော လုပ်ငန်းအဖွဲ့ခွဲများ ဖွဲ့စည်း ဆောင်ရွက်ရန်၊ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေကို ပြည်ထောင်စု အစိုးရ အဖွဲ့သို့ အစီရင်ခံ တင်ပြရန် စသည်တို့ ဆောင်ရွက်ရမည်ဖြစ်သည်။
ရေအား အရင်းအမြစ် စူးစမ် းလေ့လာရေးအဖွဲ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေ းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရေတပ် ပင်မတိုင်းတာရေ းတပ် တပ်မှူးစသည့် ပုဂ္ဂိုလ်များလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။