မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း

၂၀၁၇ ခုနှစ် အတွင်းက တစ်ကမ္ဘာလုံး၌ မြေအောက်ရေ ၉၅၉ ကုဗ ကီလိုမီတာ ထုတ်ယူ သုံးစွဲခဲ့သည်၊ စိုက်ပျိုးရေး အတွက် ၆၉ ရာခိုင်နှုန်း၊ သောက်သုံးရန် ၂၂ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းများအတွက် ၉ ရာခိုင်နှုန်း အသီးသီး သုံးခဲ့သည်။

ဆည်မြောင်း ရေသွယ် စနစ်တွင် မြေအောက်ရေကို ၂၅ ရာခိုင်နှုန်း သုံးသည်၊ မြေအောက်ရေအပေါ် မြောက်အမေရိက ဆည်မြောင်း ရေသွယ် စနစ်က ၅၉ ရာခိုင်နှုန်းနှင့် တောင်အာရှ ဆည်မြောင်း ရေသွယ် စနစ်က ၅၇ ရာခိုင်နှုန်း အသီးသီး မှီခိုနေရသည်။

ကဏ္ဍစုံ၌ အာရှ ပစိဖိတ်ဒေသက မြေအောက်ရေ အများဆုံး သုံးသည်၊ ကမ္ဘာ့ မြေအောက်ရေ အသုံးဆုံး ဆယ်နိုင်ငံသည် ကမ္ဘာ့ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ကို ထုတ်ယူနေသည်၊ အဆိုပါ ဆယ်နိုင်ငံအနက် ခုနစ်နိုင်ငံသည် အာရှပစိဖိတ်ဒေသမှ ဖြစ်သည်၊ ဘင်္ဂလားဒက်ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ ပါကစ္စတန်နှင့် တူရကီတို့ ဖြစ်ကြသည်။

ကမ္ဘာ့ မြို့ပြနေထိုင်သူ ဦးရေ၏ ထက်ဝက်ခန့်သည် မြေအောက်ရေ အပေါ် မှီခိုနေသည်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြို့ရေပေးရေး စနစ်များ၌ ပုဂ္ဂလိက ရေတွင်း တူးဖော်ခြင်းသည် အရှိန်အဟုန်ဖြင့် များပြားလာနေသည်။

ပြောင်းလဲနေသော ရာသီဥတုကြောင့် မိုးနည်းခြင်း မိုးခေါင်ခြင်းတို့က သဘာဝအလျောက် မြေအောက်ရေ ပြန်ပြည့်ခြင်းကို လျော့နည်းစေသည်၊ မိုးရေစိမ့်ဝင်မှု နည်းသောအခါ အမြဲစီး မြစ်ချောင်းများ ရေတိမ်ဒေသများ ရေကန်တို့ထဲမှ ရေအချို့ မြေအောက်သို့ စိမ့်ဝင်ကြသည်၊ မိုးနည်းခြင်းကြောင့် မြေအောက်ရေကို ထိခိုက်သကဲ့သို့ မိုးများလွန်းခြင်းကြောင့် လျှံတက်လာသော ရေများသည် တွင်းတိမ် တွင်းနက်များထဲသို့ ဝင်ကာ ညစ်ညမ်းစေသည်။

မြေပေါ်ရေကို ရေလှောင်ကန်များတွင် သိုလှောင်သကဲ့သို့ မြေအောက်ရေကို စနစ်တကျ စီမံ ဖြည့်တင်းခြင်း (Managed aquifer recharge (MAR) ) သည် ကုန်ကျသလောက် အကျိုးရှိပြီး ရေငွေ့ပျံဆုံးရှုံးမှု မရှိသည့်အပြင် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ချေ၊ အကျိုးများသဖြင့် ကမ္ဘာတွင် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်အတွင်း မြေအောက်ရေကို စနစ်တကျ စီမံဖြည့်တင်းခြင်း ဆယ်ဆခန့် များပြားလာသည်။

ကိုးကား – The UN World Water Development Report 2022 “Groundwater – making the invisible visible”

Keywords မြေအောက်ရေ ဆည်မြောင်းရေသွယ်စနစ် မြေအောက်ရေကိုစနစ်တကျပြန်လည်ဖြည့်တင်းခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s