ရန်ကုန်မြို့လမ်းမပေါ်မှာ ရေလျှံပြီး ရေထဲပြတ်ကျနေတဲ့ ဓာတ်ကြိုးကြောင့် လမ်းသွားနေတဲ့ ကျောင်းသား လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်၊ မိုးတွင်းမှာ မြန်မာပြည် တော်တော်များများမြို့တွေမှာ ရေလျှံပြီး နောက်ဆက်တွဲ ဒုက္ခတွေ၊ ရောဂါဘယတွေ၊ လူသေမူတွေ ဖြစ်လာပါတယ်။
တချို့နိုင်ငံတွေမှာ မြို့ပြတစ်ခု တည်ဆောက်တော့မယ်ဆိုရင် ရေဆိုး၊ မိလ္လာပိုက်စံနစ်၊ domestic and industrial sewer ၊ ရေလျှံရေမြောင်း stormwater drainage, link sewers, underground sewer စတာတွေကို ကြိုတင်စဉ်းစားပြီး plan drawing တွေ နဲ့ ဆွဲထားကြပါတယ်၊ လူဦးရေ ထူထပ်များပြားတဲ့ မြို့ကြီးတွေမှာ ရေမြောင်းများကို စနစ်တကျ တည်ဆောက်ထားကြပြီး မြေပေါ် မြေအောက်လိုဏ်ခေါင်းများနှင့် မိုးတွင်းရေလျှံရေကြီးမှုများကို ကာကွယ်ကြပါတယ်။

ရေထုတ်စနစ်နှစ်မျိုးရှိပါတယ်၊ မိုးရေနဲ့ အိမ်နဲ့စက်ရုံထွက်ရေဆိုးများကို တစ်ပေါင်းတည်းသယ်ယူစွန့်ပစ်စနစ်(combine sewer system)အပေါ်ပုံနဲ့ မိုးရေက သတ်သတ်၊ အခြားစွန့်ပစ်ရေဆိုးက သတ်သတ် သယ်ယူစွန့်ပစ်စနစ်(separate sewer system)အောက်ပုံတို့ ဖြစ်ကြပါတယ်၊ မိမိတို့မြို့နဲ့ ကိုက်ညီသင့်လျော်သော စနစ်ကို အသုံးပြုကြပါတယ်။


ဥပမာ၊ ဘန်ကောက်မြို့ တိုကျိုမြို့တွေမှာ မြေအောက်ပိုက်လိုင်းများ၊ လိုဏ်ခေါင်းများကတဆင့် ရေများကို စီးဆင်းစေကာ မြေအောက်ရေလှောင်ကန်များ underground reservoirs နှင့် ရေကို သိုလှောင်ကြသလို ပိုလျှံသောရေများကို မြစ်၊ ပင်လယ်ဘက်သို့ စွန့်ထုတ်ကြပါတယ်။
ပုံမှန်အချိန်မှာ မိုးရေတွေကို ရေလှောင်ကန်တွေဆီပို့၊ သန့်စင်ပြီး ပြန်သုံးကာ မိုးသည်းထန်တဲ့အချိန်မှာ မိုးရေတချို့ကို ကန်ထဲပို့၊ ပိုလျှံမိုးရေတွေကို ကန်နဲ့မြစ်ထဲ စွန့်ပစ်ကြတာ အောက်ပုံမှာ တွေ့နိုင်ပါတယ်။

စင်ကာပူလို မြေအောက်ရေကို အားကိုးလို့မရတဲ့ နိုင်ငံမှာ ရေကို အထူးဂရုစိုက် တန်ဖိုးထားသလို ရေမြောင်းစနစ်၊ ရေဆိုးမြောင်းစနစ်များကို ကြိုတင် ထည့်သွင်း ဒီဇိုင်းဆွဲပြီး စနစ်တကျ တည်ဆောက်ထားပါတယ်၊ မြေနေရာ ရှားပါးလို့ မြေအောက်ရေလိုဏ်ခေါင်း စနစ် underground sewer systems များ ကို ရေပိုက် အသေး pipe jacking ဖြင့် Link sewers များ၊ လိုဏ်ခေါင်း စနစ် deep sewer tunnel တို့ကို ကွန်ယက်သဖွယ် တည်ဆောက်ထားပြီး အဓိကနေရာတွေမှာ water reclamation plants ရေသန့်စက်ရုံတွေ၊ သောက်ရေ သုံးရေအတွက် ရေပန့်စက်ရုံတွေ ၊ treatment plants, pumping stations နဲ့ water gates ရေတံခါးတွေကို မြေပေါ်မှာ တပ်ဆင်တည်ဆောက်ထားပါတယ်။
စင်ကာပူနိုင်ငံရဲ့ ရေပိုက်ခေါင်းလေးခုလို့ ခေါ်တဲ့ 4 national water taps ရေအရင်းအမြစ် လေးခု ရိုပါတယ်၊ ၁. မလေးရှား ဂျဟိုး ရေလှောင်ကန်က လာတဲ့ရေ၊ ၂. Reservoir ရေလှောင်ကန်ကြီးများမှ ရေ၊ ၃. နေအိမ်များမှ စွန့်လိုက်သော ရေ used water ကို ပြန်ချက်တဲ့ရေ၊ ၄. Desalination ဆားငန်ရေမု ပြန်ချက်တဲ့ရေ တို့ ဖြစ်ပါတယ်။
နံပတ် ၃ ဖြစ်တဲ့ စက်ရုံများနဲ့ နေအိမ်များက စွန့်ပစ်လိုက်တဲ့ ရေတွေကို မြေအောက်ရေမြောင်း deep sewers tunnels လိုဏ်ခေါင်းတွေကတဆင့် ရေချိုချက်စက်ရုံ water reclamation plants တွေ က ရေချိုပြန်ချက်ပြီး တိုင်းပြည်ရဲ့ ရေလိုအပ်မှု ၄၀ % ရာခိုင်နှုန်းအထိ ဖြည့်နိုင်အောင် လုပ်နေပါတယ်။
ထို့အတူ စင်ကာပူမြစ် ပင်လယ်ဝမှာ ရေကာတာ barrage လုပ်ပြီး ငါးခုမြောက် ရေလှောင်ကန် man – made reservoir လုပ်ထားသလို မြို့တွင်းရေလျှံမူဖြစ်ရင် ရေမြောင်းများမှတဆင့် မြစ်ထဲကို ရေများ ဝင်စေခြင်းဖြင့် ရေလွှမ်းမှု ကို ကာကွယ်ဖို့အတွက် စီစဉ်ထားပါတယ်၊ နေရာ တော်တော်များများမှာ ရေထိန်း ရေတံခါးများ တပ်ဆင်ထားပြီး ရေလှောင်ကန်များကိုလည်း တည်ဆောက်ထားပါတယ်။
တကယ်တော့ မြို့ပြတစ်ခုမုာ မိုးတွင်းရေလျှံမူများကို မြေပေါ်ရေမြောင်းများ၊ ရေလှောင်ကန်များ၊ ရေကာတာများ၊ မြေအောက်ရေ ပိုက်လိုင်းများနဲ့ စနစ်တစ်ကျတည်ဆောက်ကာကွယ်ကြရပါတယ်၊ စနစ်တကျ အမှိုက်စွန့်ပစ်မှု၊ မြေပေါ်မြေအောက်ရေမြောင်းများကို စနစ်တကျ တည်ဆောက်ခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်တဲ့အပြင် ရေသန့် ပြန်ချက်ယူနိင်ခြင်း၊ ဘေးထွက် လောင်စာ recycled energy အဖြစ် ပြန်သုံးနိုင်ခြင်းစတဲ့ အကျိုးတွေကို ရစေပါတယ်၊ ဒီစနစ်တွေ အတွက် ငွေအား အသိအတတ်ပညာအားတွေအပြင် နိုင်ငံခေါင်းဆောင်တွေရဲ့ ရေရှည်အနာဂတ် မျိုးဆက်နဲ့ နိုင်ငံတော်အတွက် အမြော်အမြင်ကြီးမှု စေတနာအားတွေဟာလည်း အလွန်အရေးကြီးပါတယ်။
နိဂုံးအနေနဲ့ ရန်ကုန်မြို့တော်အပါအဝင် မြို့တွေ ရွာတွေ လမ်းတွေမှာ နှစ်စဉ် မိုးတွင်း ရေလွှမ်းမှုများကို လေ့လာပြီး လက်ရှိနှင့် ထပ်မံတည်ဆောက်သင့်တဲ့ ရေမြောင်းစနစ် ကွန်ယက် drainage networks များ ပင်လယ်ဒီရေ အတက်အကျ အနိမ့်အမြင့် high and low tide အချက်အလက်များ အပြင် ရေထိန်းတံခါးများ၊ ရေကာတာများကို စနစ်တကျတည်ဆောက်သင့်ကြောင်း အကြံပြုရင်း စင်ကာပူနဲ့ နိုင်ငံတကာနမူနာအချို့ကို ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။


ရန်ကုန် မြို့တွင်း ၆ မြိုနယ် အတွက် နှစ်စဥ်လိုလို အမြဲဖြစ်နေတတ်တဲ့ ရေကြီးရေလျံကာကွယ်ရေး စီမံကိန်းကို ခေတ်ကောငါးလျိန်မှာ ကမ္ဘာဘဏ် အကူအညီ အထောက်အပံ့နဲ့စတင် ဆောင်ရွက်နေခဲ့ဘူးပါတယ်
ရန်ကုန်မြို့တွင်းမှာ နှစ်ဆိုင်းဖြစ်နေတတ်တဲ့ ရေကြီးရေလွမ်းမှုတွေ လျော့ပါး သက်သာ ပျောက်ကင်းအောင် နည်းဘမ်းမျိုးစုံတွေးဆပြီး ပြည်တွင်းပြည်ပ ရေအင်ဂျင်နီယာများပူးပေါင် ခါ သီမံချက်များရေးဆွဲဆောင်ရွက်နေခဲ့တာ အခြေခံ ဒီဇိုင်းပုံထုတ်လုပ်ငန်းတွေးပြီးသွားပြီလို့ မှတ်သားရပါတယ်
ယနေ့အချိန်အခါမှာတော့ နိုင်ငံတကာ ဆက်ဆံရေူတွေအများစုပျက် သုဥ်းသွားခဲ့တာကြောင့် လဲကမ္ာ့ဘဏ်အဖွဲ့နဲ့အတူ နိုင်ငံတကာ ပညာရှင်တွေ နိုင်ငံကိုစွန့်ခွါသွားခဲ့ကြပြီဘို့ယူဆရပါတယ်
စ္မံကိန်းလုပ်ငန်းကြီးက ကောင်းတဲ့အလုပ်တစ်ခုပါ
နိုင်ငံအတွက် အမှန်တကယ်ဘိုအက်ဘို့လဲ့ ကမ္ဘာ့ဘဏ်ကအကူအညီပေးခဲ့တာပါ
ဆောင်ရွက်နေဆဲလုပ်ငန်းတွေအခြေအနေ ဘယ်အဆင့် ရောက်လ၀ခဲ့သလဲတော့မသိ
တည်ဆောက်ရေးလုပ်ငန်းအလျို့ သတင်ကောင်းစတင်နေခဲ့မယ်ဘလို့ယူဆရပါတယ်
သိရှိသူများက
အများပြည်သူအတွက် သတင်းစကာူမျှဝေပေးစေလိုပါတယ်
LikeLike