
ကျွန်းများရှိ မြေအောက်ရေချိုကြောသည် ယေဘုယျအားဖြင့် မှန်ဘီလူးခုံးပုံဖြစ်ပေါ်နေသည်။ ရေငန်ပတ်လည်ဝိုင်းနေသော ယင်းရေကြောသို့ မိုးရေကလွဲ၍ အခြားမည်သည့် ရေချိုအရင်းအမြစ်မှ မဝင်ရောက်နိုင်ချေ။
မူလနေထိုင်သူကျွန်းသားများက သုံးလိုက်၊ မိုးရေပြန်ပြည့်လိုက်ဖြင့်အဆင်ပြေသော်လည်း ဟိုတယ်၊ အပန်း ဖြေလုပ်ငန်းစသည်တို့ရောက်ရှိလာပြီး ကျွန်း၏မြေအောက် ရေချိုကိုအဆပေါင်းများစွာတိုး၍ သုံးစွဲကြမည် ဆိုလျှင် ရေချိုလျော့နည်းခန်းခြောက်၍ ဘေးပတ်လည်မှရေငန်တိုးဝင်လာမည်။
ကျွန်းများ၏ မြေအောက်ရေကိုရယူမည်ဆိုလျှင် ရှိပြီးရေချိုအရင်းအမြစ်၊ သုံးစွဲလိုသည့်ပမာဏကိုတွက်ချက်၍ ရှိပြီးရေချိုမထိခိုက်နိုင်မှထုတ်ယူရသည်။ ယင်းသို့ မလုပ်ဆောင်ပါက လုပ်ငန်းရှိရာ၌အပြင် တစ်ကျွန်းလုံး ရေငန်ဝင်လာကာ ဒေသခံတို့၏သောက်သုံးရေကိုပါထိခိုက်လာနိုင်သည်။
မြန်မာ့ကမ်းလွန်ရှိ ကျွန်းပေါင်းများစွာကို ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းရှင်တို့မျက်စိကျကာ သူဦးငါအရင် လိုချင်နေကြရာ အထက်ပါအချက်ကို သေချာစွာတွက်ချက်ဆန်းစစ်သင့်သည်။