ပျက်ယွင်းရေသံသရာ

ကမ္ဘာ့မြေပုံကိုကြည့်လျှင်အာရှတိုက်၏အရှေ့မြောက်ထောင့်နှင့် မြောက်အမေရိကတိုက်၏အနောက်မြောက်ထောင့်တို့ကြားတွင် ဘယ်ရင် ရေ လက်ကြားက ခြားထားသည်ကိုတွေ့ရမည်။ ထို့ကြောင့် ယင်းတိုက် နှစ်တိုက်ကြား အဆိုပါနေရာမှကူးသန်းလိုလျှင် သင်္ဘောဖြင့်ကူးရ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ဝ၀ ခန့်အချိန်အထိမူ ထိုသို့မဟုတ် ချေ။ ဘယ်ရင်ရေလက်ကြားတွင် ရေခန်းနေသဖြင့် … Continue reading ပျက်ယွင်းရေသံသရာ

တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်

ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုတွင်းသို့တိုးတက်ရောက်ရှိလာခြင်း၏ တိုက်ရိုက် အကျိုးဆက်မှာ လေထုတွင်း သဘာဝဖန်လုံအိမ်အာနိသင် တိုးမြင့်လာခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် သဘာဝကြောင့် ဖြစ်ပေါ်နေသော အလောတော်ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မြင့်တက်လာစေလျက် ရှိသည်။ စက်မှုတော်လှန်ရေးခေတ်မတိုင်မီက ကမ္ဘာ့အပူချိန်နှင့် ယင်းအချိန်နောက်ပိုင်း ကမ္ဘာ့အပူချိန်တို့ကို နှိုင်းယှဉ် လေ့လာလျှင် … Continue reading တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်

ဂျကာတာသင်ခန်းစာ

ညစ်ညမ်းသောလေထု၊ ဆိုးရွားလွန်းသည့် ယာဉ်ကြောပိတ်ဆို့မှု၊ ကျွံဝင်နေသော အဆောက်အအုံ စသည့် ပြဿနာများသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ ဆက်လက်ရှင်သန်ရေးကို လက်ငင်းလက်တွေ့ ခြိမ်းခြောက်လျက် ရှိသည်။ ယင်းပြဿနာများအနက် စိုးရိမ်စရာအကောင်းဆုံးမှာ မြို့တော်တစ်ခုလုံးနီးပါး ရေအောက်ရောက်မည့်ဘေး ဖြစ်သည်။ ဂျကာတာ၏ ပထဝီအနေအထားကပင် … Continue reading ဂျကာတာသင်ခန်းစာ

မြေလျှိုးမိုးရေ

လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများအနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများချို့ယွင်းလျှင် အများအားဖြင့် အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကိုမကြာခဏကြုံကြရသည်။ ထို့အတူ လူတို့သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက် မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများ လျော့နည်းလာလျှင် ပြန်ဖြည့်ရန် အနှေးနှင့်အမြန်အားထုတ်ကြသော်လည်း မြေအောက်ရေများ လျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ … Continue reading မြေလျှိုးမိုးရေ

ဟိုတောင်ဆီမှာပြိုသည့်မိုး

“စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင် ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်” “မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ်တစ်ကြိမ်မီအောင် ကြိုးစားပမ်းစားစိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလိုမစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ” “ဆောက်ခဲ့တဲ့ဆည်အချို့ဟာ ရေမရှိတဲ့ဆည်ကောများသာ ဖြစ်နေတယ်။ ရေရှိတဲ့ ဆည်အချို့ကျတော့ မြောင်းမရှိလို့ … Continue reading ဟိုတောင်ဆီမှာပြိုသည့်မိုး

ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ခန့်ကတည်းက မိုးရေလှောင်ကန်များကို အသုံးပြု ခဲ့ကြသည်။ တစ်ချိန်တည်းတွင် အရှေ့အလယ်ပိုင်းဒေသ ယခုခေတ် အစ္စရေး နှင့်ဂျော်ဒန်နိုင်ငံ နက်ဂက်(ဗ်) သဲကန္တာရ စိုက်ခင်းများသို့ ရေလွှမ်းမိုးတတ်သောနေရာများမှ ရေကိုသွယ်ယူ၍စိုက်ပျိုးခဲ့ကြသလို အမေရိကန် … Continue reading ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

ဒေသအချို့၌ ရေရှားပါးနေခြင်းမှာ မိုးရေကို ထိရောက် အကျိုးရှိစွာ အသုံးမချခြင်းက အကြောင်းတစ်ရပ် အနေနှင့် ပါဝင်သည်။ ရေပေါသောကမ္ဘာ ဖြစ်၍ မိုးရေကို အားမကိုးဘဲ အခြား ရေအရင်းအမြစ် များမှ ရယူလျှင် လည်း ရေဖူလုံသည်ဟု အထင်ရောက်ကြ … Continue reading အရေးပါသလောက်နေရာမရသေးသည့်မိုးရေ