September 2021
-
ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း
ကျေးလက်လူဦးရေက မြို့နေလူဦးရေထက် များနေသေးသော်လည်း ယခုအခါ ကမ္ဘာတွင် မြို့နေလူဦးရေသည် ကျေးလက်လူဦးရေထက် ကျော်လွန်သွားပြီး ဖြစ်သည်။ တသဲသဲ ဝင်လာနေသော လူတို့အတွက် နိုင်ငံအတော်များများတွင် မြို့ပြအကွက်အကွင်းများကို လျင်မြန်လှသောအရှိန်အဟုန်ဖြင့် ချဲ့ထွင်နေကြရသည်။ အသစ်အသစ်သောအဆောက်အအုံများသာမက မြို့ပြအင်္ဂါရပ်များဖြစ်ကြသည့် ကွန်ကရစ်နှင့်ကတ္တရာပြင်များ၊ လမ်းများသည်လည်း ဟိုမှသည်မှ ပေါ်ထွက်လာနေသည်။ ကွန်ကရစ်နှင့် ကတ္တရာပြင်များ၊ လမ်းများကြောင့် သွားလာပို့ဆောင်ရေးတွင် အကျိုးရှိသည်မှာမှန်သော်လည်း မိုးရေများ မြေအောက်စီးဝင်နေမှုကို ပိတ်ဆို့လိုက်သည့်…
-
ထိုင်းနိုင်ငံ မိုးရေလှောင်ကန်များ
သောက်ရေကန်များကို လေးထောင့်ပုံ၊ အဝိုင်းပုံစသည်ဖြင့် အမျိုးမျိုး ဆောက်လုပ်ကြသည့်အနက် ထိုင်းနိုင်ငံရှိ ရာဝင်အိုးပုံစံမိုးရေလှောင်ကန်များသည် အောင်မြင်မှုလည်း ထူးခြားစွာ ရရှိသည်။ ထိုင်းအစိုးရသည် မိုးရေအသုံးချရာတွင် အစဉ်အလာရှိပြီးသော ထိုင်းလူမျိုးတို့ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာ သုံးကြရန်အစီအမံတစ်ခုကို ၁၉၈၀ ခုနှစ်က စတင်ခဲ့သည်။ ယင်းအစီအမံအရ ထိုင်းအစိုးရက မိုးရေလှောင်ကန် တည်ဆောက်နည်း သင်တန်းများကို ကြီးမှူးဖွင့်လှစ်ပို့ချပြီး တစ်ရွာလျှင် သင်တန်းသားနှစ်ဦးစီ သင်ယူစေကာ…
-
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုကို လျှော့ချခြင်း
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုလျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တစ်ခုရှိ သောက်သုံးရေကန်၌ စမ်းသပ်ခဲ့သည်။ စေတနာရှင်တစ်ဦးက ဦးစီး လုပ်ဆောင်ခဲ့သည့် အဆိုပါစမ်းသပ်ချက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဇာစိမ်းစများဖြင့် ကန်ရေပြင်ကို အုပ်မိုးပေးထားသည်။ ဇာစိမ်းစကိုသုံးရခြင်းမှာ နေရောင်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ကာ အပူချိန်နည်းစေသည့်အပြင် ကန်ပေါ်ရွာကျလာမည့်မိုးရေများကိုလည်း အဟန့်အတား မဖြစ်သောကြောင့် ဖြစ်သည်။ ဇာစိမ်းစများကို ပင့်ထားနိုင်ရန် ပလတ်စတစ်ပုံး၊ ဝါးလုံးစသည်တို့ဖြင့် အောက်ခံ “ဖောင်”သဖွယ် ဦးစွာ…
-
အထက်ဆန်သည့်ရေ
အိမ်၊ ကျောင်း၊ ရပ်ကွက်စသည်တို့၏သောက်သုံးရေအတွက် အလုံပိတ် မိုးရေလှောင်ကန်များဖြင့် စနစ်တကျ ရယူခြင်းသည် ကျန်းမာရေးအတွက် စိတ်ချရသော်လည်း အချို့နေရာဒေသများတွင် ယင်းကန်များကို တည်ဆောက်ရန် လုံလောက်သောငွေကြေးမရနိုင်သဖြင့် ရပ်ရွာတွင်း မြေလွတ်များတွင် ကန်များတူး၍ မိုးရေစုဆောင်းကြရသည်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါကန်မျိုး အများအပြားကို တွေ့နိုင်ရာ မြို့တော်ရန်ကုန်နှင့် ရေမြေချင်းဆက်စပ်နေသော်လည်း ရေအခက်အခဲကြီးမားသည့် ဒလမြို့နယ် တစ်ခုတည်းတွင်ပင် ယင်းကန်မျိုး ၂၀၀ ခန့်ရှိသည်ဟု…
-
မိုးကျရေချို
မြန်မာနိုင်ငံရှိ အိမ်တိုင်းအိမ်တိုင်းသည် မိုးရေကို တစ်နည်းမဟုတ်တစ်နည်း သုံးဖူးကြသည်။ သို့သော် အချို့က မိုးရေခံယူသုံးစွဲခြင်းဖြင့် လုံလောက်သော ရေပမာဏရနိုင်ပါမည်လောဟု သံသယရှိကြသည်။ မိုးရေရယူသိုလှောင်ရာ၌ နည်းစနစ်မှန်ကန်လျှင် ရေမလုံလောက်သောနေရာများတွင် သန့်ရှင်းသော ရေကောင်းရေသန့်ကို အတိုင်းအတာတစ်ခုအထိရနိုင်ကြောင်း အောက်ပါတွက်ချက်မှုများအရ သိနိုင်သည်။ အိမ်ခေါင်မိုးပေါ် တစ်နှစ်အတွင်းကျလာသည့် မိုးရေပမာဏကိုသိလိုလျှင် အမိုးအကျယ်အဝန်းကို ဒေသတွင်း ရွာကျသည့်မိုးရေချိန်နှင့် မြှောက်ရသည်။ ဥပမာ- တစ်နှစ်မိုးရေချိန်လက်မ ၁၀၀ ရွာသောရန်ကုန်တွင်…
-
အရည်ပျော်ရေခဲပြင်များ
မြောက်လတ္တီတွဒ် ၆၆ ဒီဂရီ မျဉ်းကြောင်းကို အာတိတ်စက်ဝိုင်းဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းသည် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှား၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း၊ အိုက်စလန်တို့ကို ဖြတ်သည်။ ယင်းမျဉ်းကြောင်းဝန်းကျင်ဒေသများကို အာတိတ်စက်ဝိုင်း ဒေသများဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းဝန်းကျင်ဒေသများတွင် နွေပျမ်းမျှနေ့စဉ်အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက် မပိုသည့်အပြင် သစ်ပင်များလည်း မပေါက်ရောက်နိုင်ချေ။…
-
ရေဖောင်မည်ကတစ်မျိုး မိုးခေါင်မည်ကတစ်သွယ်
ရေနွေးအိုးတည်သောအခါ ရေအပူချိန်မြင့်လာမှုကြောင့် အငွေ့ပျံပြီး အခန်းထဲတွင် ရေငွေ့များလာသကဲ့သို့ မြင့်တက်လာနေသော ကမ္ဘာ့အပူချိန်သည် ရေထုကို အပူတိုက်သဖြင့် အငွေ့ပျံမှုပိုလာကာ လေထုထဲရှိ ရေငွေ့ပမာဏ တိုးတက် များပြားလာလျက် ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် သဘာဝရေသံသရာ လည်ပတ်မှု ထိခိုက်ပြောင်းလဲကာ မိုးရွာသွန်းမှုပုံစံကို တစ်နည်းတစ်ဖုံကမောက်ကမ ဖြစ်စေလျက် ရှိသည်။ အချို့နေရာ မိုးပိုရွာ ယခုအခါ ပူနွေးလာသည့် ကမ္ဘာ့ရာသီဥတုကြောင့် ရေထုတွင်းမှ ရေငွေ့ပျံမှု…


