ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ

“ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ ” အစီရင်ခံစာပါ ရေနှင့်ပတ်သက်သောအချက်အလက်များမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ဆိုင်သည်များကို ရွေးထုတ်ဝေမျှပါသည်။

ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုမှ မြန်မာနိုင်ငံအား ရာသီဥတုဖြစ်စဉ် ပြင်းထန်လွန်မှုများကြောင့် ထိခိုက်အလွယ်ဆုံး (၃) နိုင်ငံတွင် ထည့်သွင်းထားသည်။

ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရေဆိုးနုတ်စနစ် – ၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်း အိမ်ထောင်စုများအားလုံး၏ (၂၆%) သည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ် ကင်းမဲ့နေကာ၊ (၃၁%) သည် သန့်ရှင်းကောင်းမွန်သည့် သောက်သုံးရေရရှိမှု မရှိဟု ဖော်ပြထားသည်။ ရခိုင်ဒေသသည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ်အဆင့်တွင် သိသာထင်ရှားစွာ အနိမ့်ဆုံးဖြစ်ကာ ဧရာဝတီ၊ ပဲခူး၊ ရခိုင်နှင့် ရန်ကုန်တိုင်းဒေသများသည် ပိုမိုကောင်းမွန်သောရေအရင်းအမြစ်ရရှိမှု အနည်းဆုံးဖြစ်သည်။ မသန့်ရှင်းသော ရေနှင့် ရေဆိုးနုတ်စနစ်ရှိသော ဒေသများသည် နေရာထိုင်ခင်း နွမ်းပါးသည့် ဒေသများနှင့် အဓိကအားဖြင့် တစ်နေရာတည်း ဖြစ်နေသည်ကို တွေ့ရပါသည်။

ရာသီဥတု အပြောင်းအလဲအပေါ်တွင် မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုအား လွှမ်းခြုံလျက်ရှိသော အမျိုးမျိုးသော ရောယှက်နေသည့်အကြောင်းတရားတို့မှာ ဧရာဝတီတိုင်းဒေသကြီးတွင် ဆုံစည်း စုပုံနေကြပါသည်။ လူတို့၏ ပြုလုပ်မှုကြောင့် ကြီးမားသည့် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများနှင့် ဖိအားများ၏ ရိုက်ခတ်သက်ရောက်မှုအကျိုးကို ပိုမိုဆိုးရွားသွားစေရာဝယ် ကမ္ဘာကြီးပူနွေးလာမှု၊ ဆိုင်ကလုန်းမုန်တိုင်းသင့်နိုင်ခြေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု နှင့် ရေထဲတွင် ဆားဓာတ်ပါဝင်မှုနှုန်းတိုးများလာခြင်းတို့ကို များစွာသော ရေကာတာများဆောက်လုပ်ခြင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် လမုပင်တောများအား ဖျက်ဆီးမှုပြုခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သောင်တူးမှုပြုခြင်းတို့အားဖြင့်ဖြစ်စေခြင်း အစရှိသဖြင့် ဖြစ်ပါသည်။

မြစ်ဝကျွန်းပေါ် လူထုအသိုင်းအဝိုင်းများထံ ကျရောက်သည့် အနီးစပ်ဆုံး ရာသီဥတုဆိုင်ရာ ဘေးသင့်နိုင်ခြေများထဲမှ တစ်ခုမှာ ရေအရင်းအမြစ်များ ပျက်စီးခြင်းဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်း နေရာများအတွင်းရှိ ရေအရင်းအမြစ်များအပေါ် ကြီးမားသည့် ဘေးသင့်နိုင်ခြေများတွင် ပတ်ဝန်းကျင်ညစ်ညမ်းစေခြင်း (အထူးသဖြင့် သတ္တုတူးဖော်ခြင်း၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့မှ စွန့်ပစ်သည့်အရာ (သို့) ပြန်လည်ပြုပြင်ပေးထားခြင်းမရှိသည့် ရေများ တို့မှဖြစ်ခြင်း)၊ ခြောက်သွေ့ရာသီတွင် ရေအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူခြင်း၊ မြစ်ရေစီးဆင်းမှုများ လွန်စွာအပြောင်းအလဲဖြစ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း နှင့် ရေကြီးမှုအန္တရာယ်ဖြစ်နိုင်ခြေများနှင့် ရေအရင်းအမြစ်များနှင့် ရေသိုလှောင်တမံများအတွင်း ဆားငန်ဓာတ် ဝင်ရောက်ခြင်း (ယင်းမှာ စူးစမ်းလေ့လာမှုများစွာ မပြုလုပ်ရသေးသည့်ကိစ္ စဖြစ်သော်လည်း ယင်းအချက်မှာ သစ်တောပြုန်းတီးမှုနှုန်းကြောင့် ဖြစ်သည်ဟု နားလည်လက်ခံထားသည်) တို့ပါဝင်ပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တစ်နိုင်ငံလုံးအတွက် ထပ်ဆင့် စိန်ခေါ်ချက်များအား လာမည့် ရာစုနှစ်အတွင်း မျှော်မှန်းထား နိုင်ပါသည်။ ယင်းမှာ အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြောက်သွေ့မှုများ ကြာမြင့်ခြင်းနှင့် မိုးရေချိန် တိုးများခြင်းတို့အနေဖြင့် လက်ရှိ ရှိထားသည့် ပြဿနာ အခက်အခဲများဖြစ်သည့် ရေရှားပါးမှုနှင့် ရေအရည်အသွေးပိုင်း ဆိုင်ရာနှင့်တကွ ရေကြီးရေလျှံမှု ဖြစ်နိုင်ခြေတို့အား ပိုမိုဆိုးရွားသွားစေသောကြောင့် အဓိကဖြစ်ပါသည်။

ရာသီဥတု အပြောင်းအလဲအတွက် ကြိုတင်ခန့်မှန်းချက်များဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန် ခန့်မှန်း (၂၅၀)မီလီမီတာတိုးခြင်း – ပိုမိုသည်းထန်သည့်မိုးရွာသွန်းမှုကာလများ ပိုမိုရှည်လျားခြင်းပိုမိုရှည်လျားသည့် ပူပြင်းခြောက်သွေ့သော ကာလများ

One thought on “ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s