Tag: Rainwater


  • , ,

    မိုးရေစုဆောင်းအသုံးချမှုကိုအားပေးသောအိန္ဒိယနိုင်ငံ

    လေ့လာတွေ့ရှိသမျှ ကမ္ဘာပေါ်တွင် မိုးရေခံစနစ်ကို အားအပေးဆုံး၊ လက်တွေ့တပ်ဆင်အသုံးပြုမှုအရှိဆုံး နိုင်ငံသည် အိန္ဒိယဖြစ်သည်။ အိန္ဒိယပြည်နယ်အများအပြား၌ အဆောက်အအုံများတွင် မိုးရေခံစနစ်များ ထည့်သွင်းတပ်ဆင်ရန် ပြည်နယ် အလိုက် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဖြစ်သည်။ နေရာအများအပြား၌ မိုးရေခံစနစ်များကို တပ်ဆင် အသုံးပြုသဖြင့်… READ MORE

  • မိုးရေကိုစုဆောင်းသုံးစွဲကြပါဆိုသော်လည်း

    ရေချိုရေသန့်အရင်းအမြစ်လျော့နည်းလာနေသောကမ္ဘာတွင် မိုးရေကို အတတ်နိုင်ဆုံး ခံယူသုံးစွဲကြဖို့အရေး နှိုးဆော်တိုက်တွန်းနေရစဉ် ယင်းမိုးရေသည်ပင် အလွန်ရှားပါးသောအရင်းအမြစ် ဖြစ်နေသောကြောင့် မိုးရေကို စုချင်တိုင်းစု၍မရအောင် ကန့်သတ်ထားရသည့် နေရာမျိုးလည်း ရှိနေပြန်သည်။ ယင်းနေရာမှာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ဖြစ်သည်။ ကော်လိုရာဒိုပြည်နယ်တွင် တစ်နှစ်ပျမ်းမျှမိုး ၁၇ လက်မသာရွာသည်။… READ MORE

  • ,

    အုံ့ဆိုင်းသစ်တော စီးသောရေကြည်

    ရေဝေဒေသ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောများသည် လိုအပ်သောသစ်ဝါးများကို ထုတ်လုပ်ပေးသည်၊ ရေစီးကို ထိန်းသိမ်းပေးသည်၊ အေးမြသောအာဝါသကိုပေးသည်၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေသည်၊ ကာဘွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ထုတ်ပေးသည်စသဖြင့် သိကြသည်။ သစ်တောရှိသော နေရာတွင် မိုးများသည်ဟုလည်း ယေဘုယျ သိကြသည်။ မိုးရွာသွန်းစေ… READ MORE

  • တရုတ်ပြည်မှာရွာသည့်မိုး

    တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး… READ MORE

  • , ,

    စင်ကာပူမှာရွာသည့်မိုး

    ရန်ကုန်နှင့် စင်ကာပူတို့သည် လူဦးရေငါးသန်းခွဲခန့်စီ ရှိကြသောအချက်တို့တွင် တူညီကြသည်။ ရန်ကုန်ရော၊ စင်ကာပူတွင်ပါ တစ်နှစ်လျှင်မိုးရေချိန်လက်မ ၁၀၀ ခန့်စီရွာသည်။ ရန်ကုန်စည်ပင်သာယာသည် တစ်ရက် ရေဂါလန် ၂၀၅ သန်းခန့်သာ ပေးနိုင်သော်လည်း စင်ကာပူတွင် တစ်ရက်ရေဂါလန်သန်း ၄၃၀ ခန့်ပေးနေရာ… READ MORE

  • , ,

    ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

    ကျေးလက်လူဦးရေက မြို့နေလူဦးရေထက် များနေသေးသော်လည်း ယခုအခါ ကမ္ဘာတွင် မြို့နေလူဦးရေသည် ကျေးလက်လူဦးရေထက် ကျော်လွန်သွားပြီး ဖြစ်သည်။ တသဲသဲ ဝင်လာနေသော လူတို့အတွက် နိုင်ငံအတော်များများတွင် မြို့ပြအကွက်အကွင်းများကို လျင်မြန်လှသောအရှိန်အဟုန်ဖြင့် ချဲ့ထွင်နေကြရသည်။ အသစ်အသစ်သောအဆောက်အအုံများသာမက မြို့ပြအင်္ဂါရပ်များဖြစ်ကြသည့် ကွန်ကရစ်နှင့်ကတ္တရာပြင်များ၊ လမ်းများသည်လည်း… READ MORE

  • , ,

    ထိုင်းနိုင်ငံ မိုးရေလှောင်ကန်များ

    သောက်ရေကန်များကို လေးထောင့်ပုံ၊ အဝိုင်းပုံစသည်ဖြင့် အမျိုးမျိုး ဆောက်လုပ်ကြသည့်အနက် ထိုင်းနိုင်ငံရှိ ရာဝင်အိုးပုံစံမိုးရေလှောင်ကန်များသည် အောင်မြင်မှုလည်း ထူးခြားစွာ ရရှိသည်။ ထိုင်းအစိုးရသည် မိုးရေအသုံးချရာတွင် အစဉ်အလာရှိပြီးသော ထိုင်းလူမျိုးတို့ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာ သုံးကြရန်အစီအမံတစ်ခုကို ၁၉၈၀ ခုနှစ်က… READ MORE

”လူတွေဟာ အတော်ရှုပ်တဲ့သတ္တဝါတွေပါလား၊ သဲကန္တာရတွေကို ကျယ်ပြန့်လာစေပြီး ရေကန်တွေကို ခန်းစေကြတယ်”

– ဂီလ်စတန်း