Security

  • နယ်စပ်ဖြတ်စီးမြစ်များ(နိုင်းလ်မြစ်)

    အီသီယိုပီးယားသည် မဟာအီသီယိုပီးယားပြန်လည်ရှင်သန်ခြင်းရေကာတာ Grand Ethiopian Renaissance Dam ဟု ခေါ်သည့်ပေ ၅၈၀၀ ကျော်ရှည်၊ ပေ ၅၀၀ နီးပါး မြင့်သောလျှပ်စစ်စွမ်းအင်မက်ဂါဝပ် ၆၀၀၀ ထုတ်နိုင်စွမ်းရှိမည့် ဧရာမ ရေကာတာကြီးကို နိုင်းလ်မြစ်၏ လက်တက်ဖြစ်သော ဘလူးနိုင်းလ်ပေါ်တွင် ဆောက်လုပ်နေရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်သည်။ နိုင်းလ်မြစ်အောက်ပိုင်းရှိ အီဂျစ်က သူတို့ရေအရနည်းသွားမည်ကိုစိုးရိမ်သဖြင့် ရေကာတာ…

  • နယ်စပ်ဖြတ်စီးမြစ်များ(မဲခေါင်မြစ်)

    မဲခေါင်မြစ်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ခြောက်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသည်။ တိဘက်ကုန်းမြင့်တွင်မြစ်ဖျားခံသော မဲခေါင်နှင့်ယင်း၏လက်တက်များသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့်ဗီယက်နမ်ရှိ လူသန်း ၆၀ တို့အတွက် အစားအစာ၊ သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ခရီးသွား လာရေးအတွက် များစွာအထောက်အကူပေးသည်။ မဲခေါင်သည် မြစ်ဖျားခံရာ တရုတ်ပြည်မှတောင်တရုတ်ပင်လယ်တွင်း စီးဝင်ရာအထိ မိုင် ၂၆၀၀…

  • နယ်စပ်ဖြတ်စီးမြစ်များ(အိန္ဒုမြစ်)

    အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံတို့ကိုဖြတ်စီးသောမိုင် ၂၀၀၀ နီးနီး ရှည်လျားသည့်အိန္ဒုမြစ်သည် တရုတ်နိုင်ငံ တိဘက်ကုန်းမြင့်တွင် မြစ် ဖျားခံကာအာရေဗျပင်လယ်ထဲသို့စီးဝင်သည်။ ဧက ၂၆ သန်းမျှ ကျယ်ဝန်းသော အိန္ဒုမြစ်ဝှမ်းစိုက်ပျိုးမြေများသည်အများအားဖြင့်ပန်ဂျပ်ဒေသ တွင်ရှိသည်။ ပန်ဂျပ်ဆိုသောစကားသည် မြစ်ငါးစင်းရှိရာမြေဟု အဓိပ္ပာယ်ရရာ မြစ်ငါးစင်းသည်အိန္ဒု့၏မြစ်လက်တက်ငါးခုဖြစ်သည့် ဂျီလမ်၊ ချီနဗ်၊ ရာဗီ၊ ဘီအာ့စ်နှင့် ဆတ်လက်ဂျ်တို့ကို ရည်ညွှန်းသည်။ ဗြိတိသျှတို့အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည့် အဆိုပါဒေသကို၁၉၄၇ ခုနှစ်တွင် နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို အိန္ဒိယအောက်ထည့်၊…

  • နယ်စပ်ဖြတ်စီးမြစ်များ(ဂျော်ဒန်မြစ်)

    မြစ်ရေရယူမှုများသထက်များလာသောကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံတည်း၏ နယ်နိမိတ်အတွင်း အစအဆုံး စီးသောမြစ်များပင် ရေလျော့နည်းလာနေသဖြင့် နယ်စပ်ဖြတ်ကျော်စီးဆင်းသောမြစ်များ၏ ရေကို သူပိုရသင့် ငါပိုရသင့် အငြင်းပွားသံများ တစ်နေ့ထက်တစ်နေ့ ပို၍ကျယ်လောင်လာနေသည်မှာ အဆန်းမဟုတ်တော့ချေ။ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် နယ်မြေလုနေကြသည်ဟုထင်ရသော်လည်း ပို၍နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို သူရသင့်ငါရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့နိုင်သည်။ ယင်းနိုင်ငံများ၌ ရှိနှင့်ပြီးလူဦးရေ…

  • အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

    လူကြီးပိုင်းအတော်များများသည် သူတို့ငယ်စဉ်က ကြည့်ဖူးခဲ့မည်ဖြစ်သော ”ပြန်လမ်းမရှိသောမြစ်”အမည်ရှိ ရုပ်ရှင်ကားကို မေ့နိုင်ကြဦး မည်မဟုတ်ချေ။ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြသော ရောဘတ်မစ်ချမ်နှင့် မာရီလင်မွန်ရိုးတို့ ပါဝင်ခဲ့ပြီး အမေရိကန် အနောက်မြောက်ပိုင်း ဒေသရှိ မြစ်တစ်စင်းကို ကျောရိုးပြု ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်ကားအဖြစ်အမှတ်ရနေကြမည်။ ”ပြန်လမ်းမရှိသောမြစ်”နည်းတူ မြစ်များကို အခြေခံဖန်တီးခဲ့သော အနုပညာလက်ရာများ မရေမတွက်နိုင်အောင်ရှိသည်။ စာရေးဆရာကြီးမတ်တွိုန်း၏ ကမ္ဘာကျော်လက်ရာ ”ဟပ်ကယ်ဘယ်ရီဖင်း၏ စွန့်စားခန်းများ”သည် အမေရိကန်နိုင်ငံမစ္စစ္စပီမြစ်ကိုအခြေခံထားသည်။ အလားတူ ကမ္ဘာ့အရှည်ဆုံးမြစ်များ…

  • လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

    ၁၉၀၀ ပြည့်နှစ်က ကမ္ဘာပေါ်တွင်လူသန်း ၁၆၅၀ သာရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင်ကမ္ဘာ့လူဦးရေသန်း ၆၀၀၀ ပြည့်ခဲ့ပြီး ယနေ့သန်း ၇၈၀၀ ကျော်သွားခြင်းဖြစ်စဉ်နှင့်အတူ စီးပွားရေးမြင့်မားလာ၍ ပျမ်းမျှတစ်ဦးချင်း ဝင်ငွေ ကောင်းလာပြီး လူနေမှုအဆင့်အတန်းလည်းတိုးတက်လာခြင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ ရေသုံးစွဲမှု မကြုံစဖူး မြင့်မားလာခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရေသုံးစွဲမှုပမာဏ ခြောက်ဆတက်ခဲ့သည်။ ဆက်လက်၍တက်နေသော ကမ္ဘာ့လူဦးရေသည် ၂၀၃၀…

  • လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း

    ဒဂုံမြို့သစ် ၄ မြို့နယ် အပါအဝင် သာကေတနှင့် ဒေါပုံမြို့များသို့ ရေပေးဝေမည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအစိုးရများ အကြား Exchange of Note နှင့် Loan Agreement များကို လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။…