Category: Water


  • ရန်ကုန်မြေအောက်ရေအဝင်အထွက်

    ဇလဘူမိပညာရှင်ဦးမြင့်သိန်းက ရန်ကုန်တွင် အဝီစိတွင်းပေါင်း နှစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းသည်။ မြို့လယ် တိုက်ကြိုတိုက်ကြား မြေညီထပ်မီးဖိုခန်းရှိတွင်းများမှစကာ မြို့သစ်များရှိ ပေ ၄၀ ခြား၊ အချို့နေရာများတွင် ပေ ၂၀ ခြားရှိသည့်တွင်းများကိုပါ စဉ်းစားလျှင် ဦးမြင့်သိန်းမှန်းတာ မှန်သည်ဟုထင်၏။ တစ်တွင်းတစ်ရက်ဂါလန်… READ MORE

  • , , ,

    ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း

    ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ(Hindu Kush Himalayan Region (HKH))တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်အပါအဝင် တောင်မြင့်များစွာပါဝင်သဖြင့် ကမ္ဘာ့ခေါင်မိုးဟုလည်းကောင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲပြင် ရေခဲမြစ်အများဆုံးရှိ၍ တတိယဝင်ရိုးစွန်းဟုလည်းကောင်း… READ MORE

  • ,

    မြစ်ရေညစ်ညမ်းမှု

    ဂင်္ဂါမြစ်ထဲသို့ရေဆင်းချိုးလျှင် ပြုခဲ့သောအပြစ်တို့ကွာကျကင်းစင်သွားသည်ဟု ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ ထို့ပြင် ဂင်္ဂါရေကို လူပေါင်းသန်း ၄၀၀ တို့က သောက်သုံးရေအတွက် မှီခိုနေရသည်။ သို့သော် ဂင်္ဂါမြစ်၏ ကျန်းမာရေးကို လုံလောက်စွာဂရုမပြုခဲ့ကြချေ။ မြစ်ရိုးတစ်လျှောက်ရှိ… READ MORE

  • ,

    အစ္စရေးရေအရင်းအမြစ်

    အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့… READ MORE

  • ခြောက်သွေ့ဒေသအတွက်သံလွင်မြစ်ရေအသုံးချရေး

    တရုတ်တောင်ပိုင်းကရေကို ရေရှားသည့်မြောက်ပိုင်းသို့ပို့သည့် ရေလွှဲစီမံကိန်း၊ အိန္ဒိယတွင် မြောက်ပိုင်းမှရေတွေကိုတောင်ပိုင်းပို့မည့် စီမံကိန်းများအကြောင်းတွေးရင်း သံလွင်မြစ်ရေကို နိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားအရပ်သို့ပို့သင့်ကြောင်း စိတ်ကူးရလာသဖြင့် အများသိအောင် ပို့စ်ရေးခဲ့သည်။ ယင်းပို့စ်ကိုဖတ်ရသော ဆရာသမား၊ သူငယ်ချင်းဆည်မြောင်းအင်ဂျင်နီယာများက သံလွင်ရေအသုံးချရေးအတွက် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်ကတည်းက အစီရင်ခံစာရေးသားတင်ပြခဲ့ဖူးကြောင်း ပြောလာသည်။… READ MORE

  • မြေအောက်ရေကြောအဓိကနှစ်မျိုး

    မြေအောက်ရေကြော(aquifer)အဓိကနှစ်မျိုးရှိသည်။ မြေအောက်ရေရှိရာသဲထု၏အောက်တွင်သာ ရွှံ့၊ ကျောက်လွှာစသောရေပိတ်လွှာရှိသည့် ရေကြောကို unconfined aquifer ဟုခေါ်ပြီး အပေါ်ရောအောက်ပါရေပိတ်လွှာရှိသည့် ရေကြောကို confined aquifer ဟုခေါ်သည်။ တစ်ဖက်ပိတ်ရေကြောနှင့်နှစ်ဖက်ပိတ်ရေကြောဟု ပြန်ဆိုနိုင်မည်ထင်သည်။ ဥပမာအလွယ်ပေးရလျှင် တစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် မြစ်ချောင်းထဲတွင်စီးသည့်ရေနှင့်တူပြီး နှစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် ပိုက်ထဲတွင်စီးသည့်ရေနှင့်တူသည်။… READ MORE

”လူတွေဟာ အတော်ရှုပ်တဲ့သတ္တဝါတွေပါလား၊ သဲကန္တာရတွေကို ကျယ်ပြန့်လာစေပြီး ရေကန်တွေကို ခန်းစေကြတယ်”

– ဂီလ်စတန်း