Water
-
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးနှင့် ကမ္ဘာ့ရှေ့ရေး
ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုအစည်းအဝေး အစီအစဉ်တစ်ဝက်ကျိုးချိန်တွင် ထွက်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ သတင်းဌာနအချို့က အကောင်းမြင်ကြသော်လည်း ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ အတော်များများက အဆိုးမြင်ကြသည်။ သတင်းဌာနများ၏အဆိုအရ နိုင်ငံအတော်များများက ကျောက်မီးသွေးစက်ရုံများကို ယခုဆယ်စုနှစ်အကုန်တွင် ပိတ်သိမ်းခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန်၊ သစ်တောပြုန်းတီးမှုကို လုံးဝရပ်တန့်ရန် ကတိပြုကြကြောင်း သိရသည်။ ယင်းအတိုင်းဖြစ်လာပါက ကမ္ဘာ့အပူချိန်ကို ၁ . ၉ ဒီဂရီစင်တီဂရိတ်ထက် ပိုမတက်အောင် ထိန်းနိုင်မည်ဟု ယူဆကြသည်။ သို့သော်…
-
သုံးပင်လိမ်အရင်းအမြစ်များ
စက်ကိရိယာများမပါ လူအားသက်သက်ဖြင့်သာ လုပ်ခဲ့စဉ်က ပြီးမြောက်နိုင်သော အလုပ်ပမာဏသည် လွန်စွာ နည်းပါးသည်။ ပျမ်းမျှယောက်ျားတစ်ယောက် တစ်ရက်စားသော အစာ၌ စွမ်းအင် ကယ်လိုရီ ၂၀၀၀ မှ ၃၀၀၀ ခန့်သာပါသည်။ ယင်းသည် ဓာတ်ဆီ ၁၀၀ မီလီလီတာတွင်ပါသော စွမ်းအင်နှင့်တူညီသည်။ ထို့ကြောင့် သူလုပ်၍ ပြီးနိုင်သော အလုပ်ပမာဏမှာလည်း ဓာတ်ဆီ ၁၀၀ မီလီလီတာမှ ရသော စွမ်းအင်ထက်…
-
ဂရေ့စ် — ရေနှင့်ရာသီဥတုလေ့လာရေးဂြိုဟ်တုများ
ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု အများအပြားရှိသည့်အနက် စီးဆင်း အရည်ပျော် အငွေ့ပျံ စသောနည်းများဖြင့် ကမ္ဘာ့ရေထု ရွေ့လျားနေပုံကို ဒြပ်ဆွဲအား(Gravity) အသုံးပြု၍ တိုင်းတာပြီး ရရှိသည့် အချက်အလက်များကို ကမ္ဘာသို့ ပြန်လည် ပေးပို့နေသော ဂြိုဟ်တုနှစ်လုံးကို ဂရေ့စ်(Gravity Recovery and Climate Experiment, or GRACE)ဟု အဖျားဆွတ်၍ ခေါ်ကြသည်။ ရေထုရွေ့လျားမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်သွယ်နေရာ ရေထုကို…
-
ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment…
-
ကျွန်းအသစ်များကို ဖော်ထုတ်နေသော မော်လ်ဒိုက်
ကျွန်းနိုင်ငံများဟုဆိုလျှင် ဖီဂျီ၊ မော်လ်ဒိုက်အစရှိသော ကျွန်းငယ်များကိုသာ သွားသတိရတတ်သည်။ စင်စစ် ယူကေ၊ သြစတေးလျ၊ အိုက်စလန်၊ သီရိလင်္ကာ စသည်တို့လည်း ကျွန်းနိုင်ငံများပင် ဖြစ်ကြသည်။ ကျွန်းနိုင်ငံ အကြီးရော အငယ်များကိုပါ ထည့်၍ရေတွက်လျှင် ကမ္ဘာပေါ်တွင် ကျွန်းနိုင်ငံပေါင်း ၄၇ ခုရှိသည်။ သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် အိန္ဒိယသမုဒ္ဒရာထဲရှိ မော်လ်ဒိုက်နိုင်ငံကို ကျွန်းပေါင်း ၁၂၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်၏…
-
ရန်ကုန်မြို့တော် ရေပေးရေးဆိုင်ရာ အချက်အလက်အချို့
ရန်ကုန်ရေပေးရေးသမိုင်း စတင်သည့်ခုနှစ် အရင်းအမြစ် ၁၈၄၂ ရေတွင်းကြီး ၃၀ ၁၈၇၉ ကန်တော်ကြီးကန် ၁၈၈၄ အင်းလျားကန် ၁၉၀၄ လှော်ကားရေလှောင်ကန် ၁၉၄၀ ဂျိုးဖြူရေလှောင်ကန် ၁၉၉၂ ဖူးကြီးရေလှောင်ကန် ၂၀၀၅ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်) ၂၀၁၄ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) ဆက်စပ်ဖတ်ရှုရန် နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ်…
-
မြေအောက်ရေ၏အခြေခံသဘော
အထက်ပါပုံသည် မြေအောက်ရေ၏သဘောသဘာဝကို ရှင်းပြရာ၌ ကောင်းစွာအထောက်အကူပြုသောပုံ ဖြစ်သည်။ (သို့သော် ယင်းပုံသည် သရုပ်ပြပုံသာဖြစ်၍ နေရာတိုင်း၌ ဤအတိုင်းတွေ့ရမည်ဟု မှတ်ယူရန်မဟုတ်ပါ။) မြေလွှာကို အပေါ်ယံမြေဆီလွှာ(Top Soil)၊ မြေဆီလွှာ၏အောက်ရှိ ကြေမွဇုန်(Weathered Zone)ဟူ၍ နှစ်ပိုင်းခွဲထားသည်။ မြေဆီလွှာတွင် အဓိကပါဝင်သော ရွှံ့လုံးများကြား၌ ရေရှိသော်လည်း ဖြည်းညင်းစွာ ရွေ့လျားသည်။ ကြေမွဇုန်တွင် သဲလုံးများ ကျောက်ကျိုးအကြေအမွများ အဓိကပါဝင်သဖြင့် ယင်းတို့ကြားတွင် ရေရွေ့လျားစီးဆင်းရန်…


