Author: ukyawoo


  • အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေ

    အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)၏ GRACE-FO ဂြိုဟ်တုနှင့် အခြားလေ့လာချက်များမှရရှိသည့် အချက်အလက်များဖြင့် ပေါင်းစပ်ပုံဖော်ထားသော ၂၀၂၀ ဒီဇင်ဘာ ၂၈ ရက်(ပြီးခဲ့သည့်လေးရက်) အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေပြပုံကို ဝေမျှပါသည်။ ပုံများသည် ၁၉၄၈ မှ ၂၀၁၂ ကြားအခြေအနေနှင့် လက်ရှိအခြေအနေတို့ကို နှိုင်းယှဉ်တွက်ချက်ထားခြင်း… READ MORE

  • ရေတွင်ပါသောရောဂါပိုးကို နေရောင်ဖြင့်သေစေသည့် ရိုးရှင်းသောနည်း

    ရေသန့်ဘူးခေတ်တွင် မသန့်စင်ရသေးသော ကန်ရေ မြစ်ရေတို့ကို သောက်နေရသည်များလည်း ရှိနေရာ ရေတွင်ပါသောရောဂါပိုးကို နေရောင်ဖြင့်သေစေသည့် ရိုးရှင်းသောနည်းကို မသိသေးသောသူများအတွက် ဝေမျှလိုပါသည်။ ဆော့ဒစ်(Solar Water Disinfection (SODIS))ဟု ခေါ်သော အဆိုပါနည်းသည် မသန့်စင်ရသေးသောရေကို နေရာတကာ တွေ့နေရသော… READ MORE

  • , ,

    မြစ်ဝှမ်း ၁၅ ခု ရေပြန်လည် ပြည့်သည့် ပမာဏ လျော့နည်းမှု

    ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ မြစ်ဝှမ်းဒေသများသို့ ရေဝင်ရောက်မှုလျော့နည်းလာကြောင်း မကြာမီက ပြုလုပ်ခဲ့သည့်လေ့လာချက်တစ်ရပ်က ဆိုသည်။ အဆိုပါဖြစ်စဉ်သည် လက်ရှိဖြစ်ပေါ်နေသည့် ရေရှားပါးမှု ပြဿနာအား ပိုမိုဆိုးရွားစေရန်ရှိနေသည်။ ပူနွေးလာခြင်းကြောင့် ရေငွေ့ပိုပျံသည်၊ အပင်များက ရေပိုစုပ်ယူသည်၊ တစ်ချိန်တည်း၌ မိုးရွာသွန်းမှုနှင့်ဆီးနှင်းကျမှုပုံစံပြောင်းလဲခြင်းကြောင့် မြစ်ဝှမ်းများသို့ ရေအဝင်နည်းလာခြင်း ဖြစ်သည်။… READ MORE

  • သောက်သုံးရေကန်များခန်းခြင်း

    သောက်သုံးရေကန်များခန်းခြင်းအကြောင်းတွင် သုံးစွဲမှုအပြင် ရေငွေ့ပျံဆုံးရှုံးမှုကြောင့်လည်း ရာခိုင်နှုန်း အတော်များများ ပါသည်။ ရေငွေ့ပျံဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် အားထုတ်မှုများအနက် အိန္ဒိယနိုင်ငံ Pune အရပ်၌ ပြုလုပ်ခဲ့သောလေ့လာချက်တစ်ရပ်သည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေကန်ငယ်ရှစ်ကန်တည်ဆောက်၍ လေးကန်ကို အဖုံးအကာမရှိထားပြီး ကန်နှစ်ကန်တွင် မြေကြီးထည့်ထားသောရေသန့်ဘူးအကြည်(PET)များ၊ ကျန်နှစ်ကန်ကို ရေသန့်ဘူးအကြည်အလွတ်များဖြင့်… READ MORE

  • မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း

    လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀၀ ခန့်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဟူ၍ မရှိခဲ့ဘဲ ဧရာဝတီမြစ်ဝသည် ပြည်မြို့နေရာတွင် တည်ရှိခဲ့သည်။၊ နောက်ပိုင်းတွင် ယင်းနေရာ အောက်ပိုင်း၌ သဲခုံကြီးများ ပေါ်ထွန်းလာသည်၊ တွံတေး မြောင်းမြနှင့် ပုသိမ်မြို့ ဖြစ်လာမည့်… READ MORE

  • ကမ္ဘာပေါ်မှာ လူတွေ မရှိတော့လျှင်

    လူသားတို့သည် ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံးသက်ရှိများဖြစ်ကြသည့်အတိုင်း ကမ္ဘာ့မြေမျက်နှာပြင်၏ ၄၀ ရာခိုင်နှုန်းခန့်ကို မြို့ပြအဆောက်အအုံများ၊ လယ်ယာများ၊ စားကျက်များ ပြုလုပ်လျက် ပိုင်ဆိုင်စိုးမိုး ထားကြသည်။ ယင်းတို့သည် လူတို့နေထိုင်စားသောက်ရန် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသော်လည်း ဖန်တီးတည်ဆောက်မှု လွန်ကဲလာသောအခါ ကမ္ဘာကြီးကို ဖျက်ဆီးမှန်းမသိ… READ MORE

  • အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေ

    မြန်မာနိုင်ငံဒေသအတော်များများတွင် ကန်ရေများစောစီးစွာ လျော့နည်းခန်းခြောက်ကုန်ကြသည့်သတင်းများကို အတော်စိပ်စိပ်ကြားလာရသည်။ ကန်ရေစောစီးစွာခန်းခြင်းသည် မိုးရေအဝင်နည်းခြင်းကြောင့် အဓိကဖြစ်ပြီး မိုးစောစောပြတ်၍ အပူကြောင့် စောစောနှင့်များများရေငွေ့ပျံခြင်းကြောင့်လည်း ပါသည်။ အငွေ့ပျံသည်ကို မမြင်နိုင်သော်လည်း အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေပမာဏက အတော်များသည်။ မြန်မာနိုင်ငံဒေသ အချို့၏ရေငွေ့ပျံနှုန်းသည် တစ်နှစ်လျှင်လက်မ ၆၀(ငါးပေ)ခန့်ရှိသည်။… READ MORE

”လူတွေဟာ အတော်ရှုပ်တဲ့သတ္တဝါတွေပါလား၊ သဲကန္တာရတွေကို ကျယ်ပြန့်လာစေပြီး ရေကန်တွေကို ခန်းစေကြတယ်”

– ဂီလ်စတန်း