Author: ukyawoo


  • ,

    ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးနှင့် ကမ္ဘာ့ရှေ့ရေး

    ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုအစည်းအဝေး အစီအစဉ်တစ်ဝက်ကျိုးချိန်တွင် ထွက်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ သတင်းဌာနအချို့က အကောင်းမြင်ကြသော်လည်း ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ အတော်များများက အဆိုးမြင်ကြသည်။ သတင်းဌာနများ၏အဆိုအရ နိုင်ငံအတော်များများက ကျောက်မီးသွေးစက်ရုံများကို ယခုဆယ်စုနှစ်အကုန်တွင် ပိတ်သိမ်းခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန်၊ သစ်တောပြုန်းတီးမှုကို လုံးဝရပ်တန့်ရန် ကတိပြုကြကြောင်း သိရသည်။… READ MORE

  • ရာသီဥတုပြောင်းလဲခြင်းနှင့် ကျောက်မီးသွေး

    စွမ်းအင်အတွက် အသုံးချနေကြသော လောင်စာအမျိုးမျိုးရှိသည့်အနက် လောင်မြိုက်နိုင်သော အနည်ကျ ကျောက်တစ်မျိုးဖြစ်သည့် ကျောက်မီးသွေးကို အများဆုံး သုံးစွဲနေကြသည်။ အခြားကျောက်များတွင် သက်ရှိများနှင့် မဆက်စပ်သော အင်အော်ဂဲနစ်ပစ္စည်းများ အဓိကပါသော်လည်း ကျောက်မီးသွေးတွင်မူ သက်ရှိများနှင့်ဆက်စပ်သော အော်ဂဲနစ်ပစ္စည်းများ အဓိကပါသည်။ ကျောက်မီးသွေးဖြစ်ပေါ်လာပုံ လွန်ခဲ့သော… READ MORE

  • စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု

    စက်မှုတော်လှန်ရေးဆိုသည်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည်တို့၌ လူအား၊ တိရစ္ဆာန်တို့၏အားစသည်တို့ကို အဓိကသုံးနေရာမှ လောင်စာသုံးစက်ကိရိယာများဖြင့် လုပ်ငန်းပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပြီးမြောက်လာစေနိုင်ခြင်း ဖြစ်စဉ်ကို ခေါ်သည်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်မှာ ရေနွေးငွေ့အင်ဂျင်ကို တီထွင်အသုံးပြုနိုင်မှုကြောင့် အဓိကဖြစ်သည်။ ရေနွေးငွေ့အင်ဂျင်မှ… READ MORE

  • , ,

    သုံးပင်လိမ်အရင်းအမြစ်များ

    စက်ကိရိယာများမပါ လူအားသက်သက်ဖြင့်သာ လုပ်ခဲ့စဉ်က ပြီးမြောက်နိုင်သော အလုပ်ပမာဏသည် လွန်စွာ နည်းပါးသည်။ ပျမ်းမျှယောက်ျားတစ်ယောက် တစ်ရက်စားသော အစာ၌ စွမ်းအင် ကယ်လိုရီ ၂၀၀၀ မှ ၃၀၀၀ ခန့်သာပါသည်။ ယင်းသည် ဓာတ်ဆီ ၁၀၀ မီလီလီတာတွင်ပါသော… READ MORE

  • ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း

    ကမ္ဘာ့လူဦးရေနှင့် ရုပ်ကြွင်းလောင်စာအသုံး များပြားလာခြင်းတို့ကြောင့် ရာသီဥတုစနစ်ပြောင်းလဲပုံ အဆင့်ဆင့် ခုနှစ် ဖြစ်ရပ် ၁၇၁၂ ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် ကျောက်မီးသွေးအများအပြားစတင်အသုံးပြု ၁၇၆၀ အင်ဂျင်စက်အများအပြား အသုံးပြုခြင်းဖြင့် ပထမစက်မှုတော်လှန်ရေး စတင် ၁၈၀၀-၁၈၇၀ လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၂၉၀ ပီပီအမ်ကမ္ဘာ့ပျမ်းမျှအပူချိန်… READ MORE

  • ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး

    စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ကျင်းပလျက်ရှိသော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း အစည်းအဝေး၏ တရားဝင်အမည်မှာ COP26 ဖြစ်သည်။ COP26 သည် Conference of the Parties 26 ၏ အဖျားဆွတ် အတိုကောက်ဖြစ်ပြီး… READ MORE

  • ,

    အန္တာတိက

    ပင်လယ်ခြားသော ရပ်ဝေးနယ်များသို့ သင်္ဘောများဖြင့် မသွားနိုင်မီကပင် ကမ္ဘာ၏ တောင်ဘက်စွန်းတွင် တိုက်ကြီးတစ်တိုက် ရှိနေနိုင်ကြောင်းကို ဂရိလူမျိုးတို့က မှန်းဆခဲ့သည်။ ယင်းအချိန်က ကမ္ဘာ၏ မြောက်ဘက်စွန်း အာတိတ်ဒေသကို တွေ့ပြီးဖြစ်ရာ တောင်ဘက်စွန်း၌ ရှိနေနိုင်သည့်တိုက်ကို အာတိတ်၏ ဆန့်ကျင်ဘက်ဟု အဓိပ္ပာယ်ရသည့်… READ MORE

”လူတွေဟာ အတော်ရှုပ်တဲ့သတ္တဝါတွေပါလား၊ သဲကန္တာရတွေကို ကျယ်ပြန့်လာစေပြီး ရေကန်တွေကို ခန်းစေကြတယ်”

– ဂီလ်စတန်း