ukyawoo
-
မမြင်ကွယ်ရာမှရေများသည်ပင်
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်း ခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီ ဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင် ပါသည့် လစ်ဗျားတွင် အမြဲစီးနေသည့်မြစ်…
-
ဂရင်းလန်းကျွန်း
ဂရင်းလန်း(Greenland)ကျွန်းသည် ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်သောနယ်မြေ ဖြစ်သော်လည်း သီးခြားအစိုးရရှိသည်။ ၂ . ၁၆ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၈၃၆၀၀၀)ကျယ်ပြီး ကမ္ဘာ့အကြီးဆုံးကျွန်း ဖြစ်သည်။ လူဦးရေ ၅၀၀၀၀ ကျော် နေထိုင်သည်။ အပေါ်ပုံ၏ အလယ်ဘက် တြိဂံပုံကုန်းမြေသည် ဂရင်းလန်းကျွန်းဖြစ်ပြီး ဂရင်းလန်းကျွန်း၏ထိပ်ရှိ အဖြူကွက်သည် အာတိတ်ရေခဲပြင် ဖြစ်သည်။ ပုံအောက်ဘက်တွင် ကနေဒါ၊ အပေါ်ဘက်တွင် ရုရှားနှင့် ဥရောပမြောက်ပိုင်းတို့ကို တွေ့နိုင်သည်။…
-
ရာသီဥတုပြောင်းလဲခြင်းဖတ်စာ
လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်ကစ၍ တက်လာခဲ့သော ကမ္ဘာ့အပူချိန်သည် လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော်ခန့်မှ စ၍ သိသာစွာ မြင့်တက်လာခဲ့သည် (အပေါ်ပုံ)။ ယင်းသို့ မြင့်တက်လာခြင်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာဝန်းကျင်ခန့်က ကျောက်မီးသွေး အစရှိသော လောင်စာများဖြင့် စက်ကိရိယာများကို မောင်းနှင်ရာမှ ထွက်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ဖြစ်သည်။ ကမ္ဘာ့အပူချိန်တက်ကာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဘေးမျိုးစုံ စတင်ကြုံတွေ့နေကြရပြီ။ ဆက်လက်မြင့်တက်ပါက ပို၍ကြီးမားပြင်းထန်သော ဘေးအန္တရာယ်များ ကျရောက်မည်၊…
-
ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၉)
အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တစ်ဒီဂရီ၏ အစိတ်အပိုင်းတစ်ခုမျှ တက်လျှင်ပင် ရာသီဥတုစနစ်ကို ထိခိုက်မှု အနည်းအကျဉ်း ရှိသည်။ အပူချိန်ယင်းမျှတက်နေခြင်းသည် တစ်နှစ် နှစ်နှစ် သုံးလေးနှစ်ဆိုလျှင် မသိသာလှသော်လည်း နှစ်ပေါင်းရာချီသော ကာလအတွင်း နည်းနည်းချင်းစီ တက်ခဲ့ရာမှ ဖြစ်ပေါ်သည့် ထိခိုက်မှုများသည် တအိအိနှင့် စုပုံများပြားလာခဲ့သောကြောင့် ယခုအခါ ပြင်းထန်သောအပူလှိုင်း၊ အားကောင်းသောမုန်တိုင်း၊ ဆိုးရွားသောရေကြီးမှု၊ မကြုံစဖူးကြီးမားသော တောမီးစသည်တို့ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။…
-
ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၈)
ရာသီဥတုဘေးမှ သက်သာရာရစေရန် ဖော်ပြခဲ့သည့် ရာသီပြောင်းဆိုးကျိုးများ၏ ဒဏ်ကို သက်သာရာရအောင်လုပ်နိုင်သော နည်းလမ်းအများ ရှိရာ ယင်းတို့အနက် လောလောဆယ် လက်တွေ့လုပ်ဆောင်နိုင်သည့် အဓိကနည်းလမ်း သုံးခု ရှိသည်။ ပထမနည်းမှာ ရုပ်ကြွင်းလောင်စာများ၏ နေရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ မထွက်သော။ သို့မဟုတ် အထွက်နည်းသော စွမ်းအင်များဖြင့် အစားထိုးသုံးစွဲခြင်း၊ ဒုတိယနည်းမှာ စွမ်းအင်ချွေတာခြင်းနှင့် တတိယနည်းမှာ ရာသီပြောင်းဆိုးကျိုးများ၏ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်…
-
ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၇)
ဘေးအန္တရာယ်အသွယ်သွယ် အပူလှိုင်း ကမ္ဘာ့အပူချိန် မြင့်တက်လာသည်နှင့်အမျှ အပူလှိုင်းဖြစ်ပေါ်မှု အကြိမ်စိပ်လာပြီး ပို၍လည်း ပြင်းထန်လာနေသည်။ အပူလှိုင်း တည်ရှိသည့်ရက် ပို၍ရှည်ကြာလာသည်။ ဖြစ်နေကျအပူချိန်ထက် နှစ်ရက် သို့မဟုတ် သုံးရက်ဆက်တိုက် ပိုမိုမြင့်တက်ပူပြင်းသောဖြစ်စဉ်ကို အပူလှိုင်းဟု ခေါ်သည်။ အထက်ပါပုံအရ လေသည် ပူသောအခါ ပွလာပြီး လေထုအပေါ်ပိုင်းသို့ ဆန်တက်သည်။ လေထုအပေါ်ပိုင်းတွင် လေများ ပိုမိုရောက်ရှိလာခြင်းကြောင့် ဖိအားများလာသည်။ ဖိအားများသောလေသည် အခြားတစ်နေရာသို့…
-
ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၆)
အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း အတိတ်က ရာသီဥတုအကြောင်းကို သိခဲ့ကြပြီ။ ပစ္စုပ္ပန်ရာသီဥတုကို ခံစားတွေ့ထိနေကြရပြီ။ အနာဂတ် ရာသီဥတုအခြေအနေ မည်သို့ ဖြစ်လာမည်နည်း။ ကမ္ဘာ့အပူချိန် ဆက်တက်ဦးမည်လော၊ တက်လျှင် မည်မျှတက်မည်နည်း။ ရာသီဥတုစနစ်သည် ကြီးမားကျယ်ပြန့်သလောက် အလွန်အမင်း ရှုပ်ထွေးလှသည်။ ထို့ကြောင့် ရာသီဥတု ဖြစ်ပေါ်မှု ပြောင်းလဲမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေ၊ ဆက်စပ်နေသော ဘာသာရပ် အမျိုးမျိုး၊ အချက်အလက် အထွေထွေကို ထည့်သွင်းစဉ်းစား…


