Featured

The Latest


  • ,

    အစ္စရေးရေအရင်းအမြစ်

    အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့… READ MORE

  • ခြောက်သွေ့ဒေသအတွက်သံလွင်မြစ်ရေအသုံးချရေး

    တရုတ်တောင်ပိုင်းကရေကို ရေရှားသည့်မြောက်ပိုင်းသို့ပို့သည့် ရေလွှဲစီမံကိန်း၊ အိန္ဒိယတွင် မြောက်ပိုင်းမှရေတွေကိုတောင်ပိုင်းပို့မည့် စီမံကိန်းများအကြောင်းတွေးရင်း သံလွင်မြစ်ရေကို နိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားအရပ်သို့ပို့သင့်ကြောင်း စိတ်ကူးရလာသဖြင့် အများသိအောင် ပို့စ်ရေးခဲ့သည်။ ယင်းပို့စ်ကိုဖတ်ရသော ဆရာသမား၊ သူငယ်ချင်းဆည်မြောင်းအင်ဂျင်နီယာများက သံလွင်ရေအသုံးချရေးအတွက် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်ကတည်းက အစီရင်ခံစာရေးသားတင်ပြခဲ့ဖူးကြောင်း ပြောလာသည်။… READ MORE

  • မြေအောက်ရေကြောအဓိကနှစ်မျိုး

    မြေအောက်ရေကြော(aquifer)အဓိကနှစ်မျိုးရှိသည်။ မြေအောက်ရေရှိရာသဲထု၏အောက်တွင်သာ ရွှံ့၊ ကျောက်လွှာစသောရေပိတ်လွှာရှိသည့် ရေကြောကို unconfined aquifer ဟုခေါ်ပြီး အပေါ်ရောအောက်ပါရေပိတ်လွှာရှိသည့် ရေကြောကို confined aquifer ဟုခေါ်သည်။ တစ်ဖက်ပိတ်ရေကြောနှင့်နှစ်ဖက်ပိတ်ရေကြောဟု ပြန်ဆိုနိုင်မည်ထင်သည်။ ဥပမာအလွယ်ပေးရလျှင် တစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် မြစ်ချောင်းထဲတွင်စီးသည့်ရေနှင့်တူပြီး နှစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် ပိုက်ထဲတွင်စီးသည့်ရေနှင့်တူသည်။… READ MORE

  • မြေအောက်ရေပြန်ဖြည့်ခြင်း

    သာဓက(၁) အိန္ဒိယအိန္ဒိယသည် မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်ခြင်းကို တက်ကြွစွာလုပ်ဆောင်နေသောနိုင်ငံဖြစ်သည်။ မွမ်ဘိုင်းကဲ့သို့သောမြို့ကြီးတွင်ပင် မိုးရေကိုကျယ်ပြန့်စွာအသုံးချဖို့စီစဉ်နေသည်။ အချို့မြို့ကြီးများတွင် အဆောက်အအုံဆောက်လျှင် မိုးရေခံစနစ်ပါမှ ဆောက်ခွင့်ပေးသည်။ မိုးရေခံစနစ်တည်ဆောက်ခြင်းလက်စွဲ စာအုပ်များကိုထုတ်ဝေထားသည်။ တစ်မြို့လုံးတစ်ရွာလုံးအတွက်အပြင် တစ်အိမ်ချင်း မြေအောက်ရေ ဖြည့်ရာတွင် အထောက်အကူရစေသောပုံများကိုလည်း ဖြန့်ဝေကြသည်။ သာဓက(၂) ဘင်္ဂလားဒက်ရှ်ဘင်္ဂလားဒက်ရှ်သည်လည်း… READ MORE

  • မိုးကာခင်းကန်

    (ဤပို့စ်သည် Saw Ardar Poe က ညွှန်းသဖြင့် Maung Maung Oo အကောင့်တွင် တင်ထားသည် တို့ကို သဘောကျ၍ တစ်ခုတည်း ဖြစ်အောင် စုစည်းထားသောပို့စ် ဖြစ်ပါသည်။ ) ငါန်းဇွန်နယ်ကြော၏မြေအနေအထားသည် အနိမ့်အမြင့်မညီ၊… READ MORE

”လူတွေဟာ အတော်ရှုပ်တဲ့သတ္တဝါတွေပါလား၊ သဲကန္တာရတွေကို ကျယ်ပြန့်လာစေပြီး ရေကန်တွေကို ခန်းစေကြတယ်”

– ဂီလ်စတန်း