November 2021

  • ရေကန်ကြီးပေါင်း ၁၄၀ ကျော်ကို ဦးဆောင် ရှင်းလင်း သန့်စင်ပေးသူ အိန္ဒိယလူငယ်တစ်ဦး

    ယခုအသက် ၃၅ နှစ်အရွယ်ရောက်နေသူ အရွန်ခရစ်ရှနာမူရ်သီး(Arun Krishnamurthy)သည် သူဆယ်ကျော်သက် အရွယ်တုန်းက သူ့အိမ်အနီးရှိ ရေကန်ကို ကြည့်ရင်း စိတ်မချမ်းမသာဖြစ်ခဲ့ရပုံကို ပြန်သတိရနေသည်။ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့သား အရွန်ခရစ်ရှနာမူရ်သီး နေခဲ့သောအိမ်ဘေးရှိ ကန်သည် ရေကန်ဟုဆိုသော်လည်း အမှိုက်များဖြင့် ပြည့်နေသဖြင့် သူ၏ငယ်စဉ်ဘဝသည် ပျော်စရာ မကောင်းခဲ့ပေ။ သို့သော် ယင်းကန်ကြီးကြောင့်ပင် ခရစ်ရှနာမူရ်သီး၏ ဘဝ၌ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ရသည်။ အမှိုက်ကန်ကြီးကို…

  • ငလျင်နှင့် မြေအောက်ရေ (မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား))

    ၁။ စကားဦး ကျွန်တော် ငလျင်ပညာရှင် မဟုတ်ပါ။ သို့သော် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ လုပ်ငန်းများကို ကျေးရွာရေရရှိရေး ဝန်ထမ်းဘ၀ (၁၉၈၀-ခုနှစ်)ကစ၍ စဉ်ဆက်မပြတ် လေ့လာမှတ်သား လုပ်ကိုင်ခဲ့ပါသည်။ မြေအောက်ရေနှင့် စက်ရေတွင်းများ ဆိုင်ရာ အတိုင်ပင်ခံ၊ အကြံပေးအလုပ်များကို လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ရေအရေးဆိုင်ရာ ဆောင်းပါးများကို ပြည်သူများအတွက် ဂျာနယ်၊ စာစောင်များ၊ အင်တာနက် စာမျက်နှာများတွင် အခါအားလျော်စွာ ရေးသားပါသည်။…

  • မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

    တစ်ခေတ်တစ်ခါက ရေကြီးမှုတွေကာကွယ်ဖို့ဆိုရင် မြေသားတာတမံတွေ အခိုင်အမာ တည်ဆောက် မြှင့်တင်ပြီး ကာကွယ်ခဲ့ကြပါတယ်။ Structural Measure လို့ဆိုတဲ့ အင်ဂျင်နီယာ အဆောက်အအုံနဲ့ ဖြေရှင်းတဲ့နည်းပေါ့။ ရေဘေးကာကွယ်ရေးတွေ အဓိကလုပ်နေတဲ့ ကျွန်တော်တို့ရဲ့မိခင်ဌာန ဆည်မြောင်းမှာလည်း ဒီနေ့အထိ ဒီနည်းပဲ အဓိကထားလုပ်နေတာပါ။ ဒီအကြောင်းအရာနဲ့ ဆက်နွှယ်ပြီး “ဧရာဝတီရေကြီးမှု ပြဿနာကို ဆည်မဆောက်ဘဲ တာဆင့် တာမြှင့်နည်းတွေနဲ့ လုပ်လို့မရနိုင်ဘူးလား”လို့ ကမ္ဘာ့ဘဏ်မှာ ဒီနေ့အထိ…

  • သဲခုံစွယ်နှင့် ပင်လယ်ရေပြင်မြင့်တက်မှု

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ကျိုက်နဲရေလယ်ဘုရားသို့ ၂၀၂၁ နိုဝင်ဘာ ၂၁ နေ့က ဘုရားဖူးသွားသူအချို့ ပင်လယ်လှိုင်းပုတ်၍ အသက်ဆုံးခဲ့ရသည်။ ကျိုက်နဲရေလယ်ဘုရား၏ ထူးခြားချက်မှာ ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်တွင်း၌ တည်ရှိပြီး ဘုရားဘက်သို့ ဦးတည်သည့် လမ်းတစ်ခုရှိခြင်း ဖြစ်သည်။ ယင်းလမ်းကို ပထဝီဝင်ဝေါဟာရဖြင့် သဲခုံစွယ်(Spit)ဟု ခေါ်ကြောင်း သိရသည်။…

  • ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး

    စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တနှစ်ပတ်ကြာပြုလုပ်ခဲ့သော COP 26 ခေါ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အောက်ပါ အဓိကသဘောတူညီချက် သုံးခုကို ချမှတ်၍ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင်…

  • ရာသီဥတုပြောင်းလဲခြင်း အမေးများသော မေးခွန်းနှင့် အဖြေများ

    ၁-ရာသီဥတုပြောင်းလဲနေကြောင်း မည်သည့်အချိန်က စသိခဲ့သနည်း။ ၁၈၉၀ ပြည့်နှစ်လွန်အချိန်တွင် ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်နှင့် အမေရိကန်ပညာရှင် ချိန်ဘာလိန်တို့က ရုပ်ကြွင်းလောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာကြီးပိုပူလာနိုင်ကြောင်း သီးခြားစီ ပြောဆိုခဲ့သည်။ ကမ္ဘာ့လေထု၏ အချို့နေရာများတွင် ပုံမှန်ထက်ပူနွေးနေကြောင်း ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင် သိရှိခဲ့ကာ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်နေသည်ကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍…

  • ရာသီဥတု ပြောင်းလဲမှုဘေး ဒုက္ခသည်များ

    (ဖြစ်စဉ်-၁) ဘင်္ဂလားဒက်ရှ်ရှိ ဂေါ်ပိုဒိုမန်ဒို၏ မိသားစုများသည် ရွှံ့ဗွက်ပေါသည့်ရွာမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာနေကြသည်။ ဦးစွာစွန့်ခွာသွားသူများကတော့ တံငါအလုပ်ဖြင့် အသက်မွေးသော ဦးလေးနှစ်ယောက် ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် ငါးအရနည်းလာ၍ အိန္ဒိယနိုင်ငံဘက်ကူးကာ ဆောက်လုပ်ရေးလုပ်သား သွားလုပ်ကြသည်။ ဂေါ်ပိုဒိုမန်ဒို၏ အစ်ကိုများသည်လည်း တံငါအလုပ်ဖြင့် ထမင်းမဝသည့်အခါ တောထဲတွင် ကျားသောင်းကျန်းနေမှန်း သိလျက်နှင့် သစ်ခုတ်၊ ပျားဖွတ်သည့်အလုပ်ကို ပြောင်းလုပ်ကြသည်။ နောက်ဆုံးတွင် အစ်ကိုများလည်း အဖေကိုခေါ်၍…