ပင်လယ်ကိုအလျှော့ပေးရတော့မလား

သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။ အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာ ယိုင်နဲ့နေပြီ။ အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက … Continue reading ပင်လယ်ကိုအလျှော့ပေးရတော့မလား

ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်

ရေထိန်းသိမ်းအသုံးချနိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိ ဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင်တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်း ရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည်အထိ ကြုံတွေ့ဖို့ မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ရေအရင်းအမြစ်များကို … Continue reading ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်

မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ

၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ ကြုံတွေ့ခဲ့ရသည့် မိုးခေါင်မှုကြောင့် ရေလျော့နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်း နေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ … Continue reading မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ

ရေရှားကမ္ဘာအတွက် အသင့်ပြင်ကြပါစို့

ရေကြည်ရာမြက်နုရာဟူ၍ စကားရှိသည့်အတိုင်း လူတို့သည် မြို့ပြ ပြည်ရွာများ တည်ထောင်ရာ၌ မြစ်ချောင်း အင်းအိုင်နှင့်နီးသောအရပ်တွင် ဦးစားပေး တည်ထောင်ခဲ့ကြသည်။ စ၍တည်ကတည်းက ရေကို အလေးပေးခဲ့သကဲ့သို့ ရေကိုထိန်းသိမ်းနိုင်ခြင်းရှိမရှိဆိုသည့်အချက်က ယင်းမြို့ပြများနှင့် လူ့ယဉ်ကျေးမှုကြီးများ၏ ရေရှည်တည်တံ့မှုကို အဆုံးအဖြတ်ပေးခဲ့သည်။ မိုင်ယာယဉ်ကျေးမှု လွန်ခဲ့သောနှစ်ပေါင်း … Continue reading ရေရှားကမ္ဘာအတွက် အသင့်ပြင်ကြပါစို့

မြန်မာ့ခြောက်သွေ့ဒေသအတွက်မိုးရေ

မြန်မာပြည်အလယ်ပိုင်းခြောက်သွေ့ဒေသကို ရခိုင်ရိုးမက ကွယ်ထားသဖြင့် မိုးနည်းသည်ဟု ပထဝီဝင်သင်ခန်းစာများ၌ သင်ခဲ့ရသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမခံနေသဖြင့် ခြောက်သွေ့ဒေသသို့ ရေငွေ့ပါသည့်ပင်လယ်လေများ မရောက်နိုင်သောကြောင့် မိုးနည်းသည်ဟုဆိုလျှင်တောင်ဘက်လမ်းကြောင်းကို စဉ်းစားကြည့်သင့်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှစကာ ပဲခူးရိုးမနှင့် ရခိုင်ရိုးမကြားရှိ လမ်းကြောင်း၌ ခြောက်သွေ့ဒေသရောက်သည် အထိ မည်သည့်အတားအဆီးမျှမရှိ၊ … Continue reading မြန်မာ့ခြောက်သွေ့ဒေသအတွက်မိုးရေ

အုံ့ဆိုင်းသစ်တော စီးသောရေကြည်

ရေဝေဒေသ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောများသည် လိုအပ်သောသစ်ဝါးများကို ထုတ်လုပ်ပေးသည်၊ ရေစီးကို ထိန်းသိမ်းပေးသည်၊ အေးမြသောအာဝါသကိုပေးသည်၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေသည်၊ ကာဘွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ထုတ်ပေးသည်စသဖြင့် သိကြသည်။ သစ်တောရှိသော နေရာတွင် မိုးများသည်ဟုလည်း ယေဘုယျ သိကြသည်။ မိုးရွာသွန်းစေ … Continue reading အုံ့ဆိုင်းသစ်တော စီးသောရေကြည်

ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

ရောဂါဖြစ်ပြီးမှဆေးကုသည်ထက် မဖြစ်မီကြိုတင်ကာကွယ်နိုင်လျှင် အကောင်းဆုံး ဖြစ်သကဲ့သို့ ရေစီးဆင်းရာ ဇာစ်မြစ်ဖြစ်သည့် ရေဝေဒေသများကို တတ်နိုင်သမျှ ထိန်းသိမ်းခြင်းဖြင့် မြစ်ချောင်းများထဲ၌ ရေကောင်း ရေသန့်များ စီးဆင်းရန်၊ ရေကြီးရေလျှံမှုနည်းပါးသွားရန် လုပ်ဆောင်နိုင်ကြသည်။ ရေဝေဒေသ Watershed ဆိုသည်မှာ မိုးရေ၊ လူနေအိမ်ခြေ၊ … Continue reading ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ