ရန်ကုန်ရေပေးရေးသမိုင်း

| စတင်သည့်ခုနှစ် | အရင်းအမြစ် |
| ၁၈၄၂ | ရေတွင်းကြီး ၃၀ |
| ၁၈၇၉ | ကန်တော်ကြီးကန် |
| ၁၈၈၄ | အင်းလျားကန် |
| ၁၉၀၄ | လှော်ကားရေလှောင်ကန် |
| ၁၉၄၀ | ဂျိုးဖြူရေလှောင်ကန် |
| ၁၉၉၂ | ဖူးကြီးရေလှောင်ကန် |
| ၂၀၀၅ | ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်) |
| ၂၀၁၄ | ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) |
ဆက်စပ်ဖတ်ရှုရန် နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းများမှ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက်ရှိသည်။ ပေးဝေပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် မြေပေါ်ရေဖြစ်ပြီး ကျန် ၁၀ %သည် မြေအောက်ရေ ဖြစ်သည်။ ရေဖြန့်ဝေပေးရာ၌ အိမ်သုံးရေတစ်ယူနစ်လျှင် ငွေကျပ် ၈၈ ကောက်ခံပြီး စီးပွားရေးသုံးအတွက် ရေမီတာတစ်ယူနစ်လျှင် ငွေကျပ် ၁၂၀ ကောက်ခံသည်။ (တစ်ယူနစ် = ဂါလန် ၂၂၀) မြို့တော်နေလူဦးရေ၏ ၄၅ ရာခိုင်နှုန်းအတွက် ရေပေးဝေနေသည်။
ပင်မရေလှောင်ကန်များ
| လှော်ကား | ဂျိုးဖြူ | ဖူးကြီး | ငမိုးရိပ် | |
| စတင်တည်ဆောက် | ၁၉၀၀ | ၁၉၃၆ | ၁၉၇၃ | ၁၉၉၂ |
| ပြီးစီး | ၁၉၀၄ | ၁၉၄၀ | ၁၉၈၈ | ၁၉၉၅ |
| ရေဝေရေလဲဧရိယာ | ၁၀.၅ စတုရန်းမိုင် | ၁၂.၇ စတုရန်းမိုင် | ၂၇.၂၇ စတုရန်းမိုင် | ၁၆၀ စတုရန်းမိုင် |
| ရေပြင်ဧရိယာ(ရေပြည့်) | ၄.၄ စတုရန်းမိုင် | ၂.၈ စတုရန်းမိုင် | ၆.၈ စတုရန်းမိုင် | ၁၇.၁၉ စတုရန်းမိုင် |
| ရေသိုလှောင်ပမာဏ | ၁၂၀၀၀ ဂါလန်(သန်း) | ၁၆၆၀၀ ဂါလန်(သန်း) | ၂၃၀၀၀ ဂါလန်(သန်း) | ၄၈၇၉၁ ဂါလန်(သန်း) |
| အသုံးပြုနိုင်သောပမာဏ | ၁၀၆၀၀ ဂါလန်(သန်း) | ၈၄၀၀ ဂါလန်(သန်း) | ၂၀၀၀၀ ဂါလန်(သန်း) | ၄၅၅၃၈ ဂါလန်(သန်း) |
| တစ်နေ့ရေပေးပမာဏ | ၁၄ ဂါလန်(သန်း) | ၂၇ ဂါလန်(သန်း) | ၅၄ ဂါလန်(သန်း) | ၉၀ ဂါလန်(သန်း) |
ကြားခံရေလှောင်ကန်များ
| ကုက္ကိုင်းရေလှောင်ကန် | မဟာဝိဇယရေလှောင်ကန် | ရွှေတိဂုံဘုရားရေလှောင်ကန် | |
| တည်ဆောက်နှစ် | ၁၉၂၆ | ၁၉၆၅ | ၁၈၉၄ |
| တည်နေရာ | ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့် | ရွှေတိဂုံဘုရားလမ်း၊ ဆက်သွယ်ရေးတပ်ဝင်း | ရွှေတိဂုံတောင်ဘက်မုခ် |
| ရေလှောင်ပမာဏ | ရေဂါလန်သန်း ၂၀ | ရေဂါလန် ၁၀ သန်း | ရေဂါလန် ၁ သန်း |
| ပေးဝေမြို့နယ် | ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း ၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် | – | ဒဂုံ၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ |
အဝီစိတွင်းစခန်းများ
| သဲဖြူ(လှိုင်သာယာ) | ရန်ကုန်ပေါက်(ဒလ) | ဒဂုံတောင်(၁) | ဒဂုံတောင်(၂) | |
| တည်ဆောက်ခုနှစ် | ၂၀၀၀ | ၂၀၀၀ | ၂၀၀၈ | ၂၀၀၉ |
| တစ်နေ့ရေပေးပမာဏ | ၁ သန်း | ၁ သန်း | ၁ သန်း | ၁ သန်း |

(ဆောင်ရွက်ဆဲ)လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း


ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ လဂွန်းပြင်ဆည်ရေကို ရယူသန့်စင်သည့်အတွက် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းဟု ခေါ်ဆိုသည်။
လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။
ရေပေးဝေရေး ဇုန် (၇)ဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ နေ့စဉ် ရေဂါလန် ၁၃ သန်း ၊ ဇုန် (၈)ဖြစ်သည့် ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်သို့ နေ့စဉ် ရေဂါလန် ၁၄ သန်း၊ ဇုန် (၂) ဖြစ်သည့် သာကေတနှင့် ဒေါပုံသို့ နေ့စဉ် ရေဂါလန် သုံးသန်း၊ သီလဝါ အထူးစီးပွားရေးဇုန်သို့ ရေဂါလန် ၁၀ သန်း နေ့စဉ် ရေဂါလန် သန်း ၄၀ ပေးဝေမည်။
ရေဖိအားညီမျှစွာပေးဝေနိုင်ရန်အတွက် Supervisory Control and Data Acquisition System ကို အသုံးပြုသွားမည်။
Service Reservoir နှင့် Pumping Station များကို ရေပေးဝေရေးဇုန် (၇)အတွက် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၃၁ ရပ်ကွက်တွင် တည်ဆောက်ထားသည်။ ရေဂါလန် ၄ . ၆ သန်းဆံ့ပြီး တစ်နာရီလျှင် ရေဂါလန် ခုနစ်သိန်း ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။ ဇုန် (၈)အတွက် ဒဂုံမြို့သစ် (ဆိပ်ကမ်း ) မြို့နယ် ၆၉ ရပ်ကွက်တွင် တည်ဆောက်ထား သည်။ ရေဂါလန်ခြောက်သန်းဆံ့ပြီး တစ်နာရီလျှင် ရေဂါလန် ၁၁ သိန်းနှင့် သီလဝါအထူးစီးပွားရေးဇုန်အတွက် တစ်နာရီ လျှင် ရေဂါလန် ၃ . ၈ သိန်း ဖြန့်ဝေပေးနိုင်မည်။
စီမံကိန်းတွင် ပါဝင်သည့် ရေသန့်စင်စက်ရုံသည် အမှတ် ၂ လမ်းမကြီးနှင့် အမှတ် ၇ လမ်းမကြီးတို့၏ လမ်းဆုံအနီးတွင် တည်ရှိသည်။
ရေပိုက်လိုင်းအရှည်မှာ ၂၇ ဒသမ ၄ မိုင် ၊ ရေဖြန့်ဝေပိုက်လိုင်းအရှည်မှာ ၁၇၉ . ၆ မိုင်ရှိသည်။
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို JICA ODA LOAN ဖြင့် ဆောင်ရွက်သည်။ ချေးငွေပမာဏ ဂျပန်ယန်း ၂၃ . ၆၈၃ ဘီလီယံဖြစ်ပြီး အတိုးနှုန်းမှာ ၀ . ၀၁ ရာခိုင်နှုန်းဖြစ်သည်။ ချေးငွေပြန်ဆပ်ရမည့်ကာလမှာ နှစ် ၄၀ ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်သို့ နေ့စဉ် ရေဂါလန် ၁၀ သန်း ရောင်းချရငွေနှင့် ရေသုံးစွဲသူ ပြည်သူများထံမှ ရရှိမည့်ရေဖိုးရေခများဖြင့် ပြန်လည် ပေးဆပ်မည်။
(ဆောင်ရွက်ဆဲ)ထန်းတပင်မြို့ ကုက္ကိုဝမြစ် ရေသန့်စင် ပေးဝေရေးစီမံကိန်း

လှိုင်မြစ်၏မြစ်လက်တက်ဖြစ်သော ကုက္ကိုဝမြစ်ရေကို သန့်စင်၍ တစ်ရက်လျှင် ရေဂါလန်သန်း ၆၀ ပေးဝေရန် ရာထားသည်။
ယင်းစီမံကိန်းမှ သောက်သုံးရေများကို လှိုင်သာယာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ တာမွေ၊ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင် စသည့်မြို့နယ် များကို ရေဖြန့်ဖြူးပေးနိုင်ရေး စီစဉ်သွားမည် ဖြစ်သည်။ ၂၀၂၅ ခုနှစ်၌ ပြီးစီးမည်ဟု မျှော်မှန်းထားသည်။
ရည်ညွှန်း https://www.ycdc.gov.mm/ ၊ https://www.facebook.com/ycdcws ၊ အချက်အလက်ရယူသောနေ့ ၂၂ . ၁၀ . ၂၁
၂၀၂၆ အောက်တိုဘာ ၉ ရက်နေ့ ဖြည့်စွက်ချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လှော်ကားရေလှောင်ကန်၊ ဂျိုးဖြူရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန်၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)၊ လဂွန်းပြင်ရေသန့်စင်စက်ရုံ၊ ゞင်းအပြင် သဲဖြူနှင့် ရန်ကုန်ပေါက်မြေအောက် ရေပေးဝေရေးစခန်းနှစ်ခုမှ ရန်ကုန်မြို့နေ ပြည်သူများကို ရေဂါလန် ၂၄၄ သန်း ဖြန့်ဝေပေးလျက်ရှိသည်။ လှော်ကားရေလှောင်ကန်ကို တစ်နေ့လျှင် ရေဂါလန် သန်း ၆၀ ဖြည့်တင်းနိုင်မည့် လှိုင်မြစ်-လှော်ကားရေအားဖြည့် စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်စီမံကိန်းပြီးစီးခဲ့သည်။
လက်ရှိ ရန်ကုန်မြို့ရေဖြန့်ဝေမှုအနေဖြင့် ရေပို့ပိုက်မအရှည် ၄၈၆ မိုင်၊ ရေဖြန့်ဖြူးပိုက်လိုင်းအရှည် ၁၂၅၆ မိုင်၊ ရေစုကန်နှင့် ထပ်ဆင့်ရေတွန်းစက်ရုံများကို အသုံးပြုပြီး ရန်ကုန်မြို့၏ ၆၁ ရာခိုင်နှုန်းကို ရေလွှမ်းခြုံပေးဝေလျက်ရှိသည်။ မြေအောက်ရေအားဖြည့်အဝီစိတွင်းများ၊ မြေသားမိုးရေစုကန်များ အသုံးပြုပြီးလည်း ဖြန့်ဝေပေးလျက်ရှိသည်။
ရန်ကုန်မြို့၏ မြေအောက်ရေသုံးစွဲမှု လျော့နည်းသွားစေရန်နှင့် ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ရန် အနာဂတ်ရေပေးဝေရေး စီမံကိန်းများဖြစ်သည့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်းနှင့် တိုးမြစ်ရေပေးဝေရေး စီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ပြီဆိုလျှင် မြေအောက်ရေသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ပြီးဖြစ်သည်။
(အောက်တိုဘာ ၈ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဖြေကြားချက်)
Leave a Reply