Category: Awareness
-
ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့ (အေးမြင့်ဆွေ (ဆည်/ရေ))
အေးမြမြနွေလေညင်းများ၊ ရွှေအိုရောင်ရွက်ဝါကြွေများနှင့် ဉဩတေးသီသံချိုချိုများ ကြားတွင် မတ်လ ၂၂ ရက်နေ့၊ ကမ္ဘာ့ရေနေ့( World Water Day) သည် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။ ဤမြေကမ္ဘာ၏ ဇီဝအမြုတေဖြစ်သော ရေသယံဇာတ အရင်းအမြစ်များအား ကမ္ဘာသူ ကမ္ဘာသားအားလုံး ထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဉီးဆောင်မှုဖြင့် ကမ္ဘာ့ရေနေ့အား ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ကျင်းပကြလေ့ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေနေ့ဆောင်ပုဒ် ၂၀၂၅ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်(Theme)မှာ“ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” (Glacier Conservation)ဖြစ်ပါသည်။ ရေအရင်းအမြစ်ထိန်းသိမ်းမှု အတွက် အများစု သတိမထားမိခဲ့ကြသော ရေခဲမြစ်များအား အထူးသတိပြု အာရုံစိုက်မိစေသောကြောင့် အလွန်ထူးခြားပါသည်။ ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ကမ္ဘာ့ရေနေ့အတွက် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ…
-
တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ… အေးမြင့်ဆွေ (ဆည်/ရေ)
မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များ မှောင်မည်းညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။ ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဉတု ပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများ ရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းခြင်းကဲ့သို့ ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက် ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေကြရပါသည်။ ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့် အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှု လွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှရေများ ကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။ မိမိကိုယ်တိုင်လည်း ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာ မသိရှိရသေးခင်က ထိုသို့တွေးထင်ခဲ့ဖူးသည်ဖြစ်ရာ ဤဆောင်းပါးတွင်…
-
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေး တာများ – အေးမြင့်ဆွေ(ဆည်/ရေ)
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်း အင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှု ဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာလျက် ရှိနေပါသည်။ ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့ နူးညံ့ပျော့ပြောင်းသည်ထင်ရသော ရေ၏ အဖျက်စွမ်းအားသည်လည်း လွန်စွာကြီးမားပါသည်။ တွေ့ရှိမှုများအရ အလွန်လျင်မြန်စွာ စီးဆင်းလာသော ရေအနက် ၆ လက်မခန့်သည် လူတစ်ဉီးအား လဲကျမျောပါသွားစေနိုင်သကဲ့သို့ ထိုရေအနက် ၂ ပေခန့်သည် ကားတစ်စီးအား မျောပါသွားစေနိုင်ပါသည်။ ရေကြီးမှုဖြစ်ပွားပါက လူ တိရစ္ဆာန်နှင့် အဆောက်အအုံများ ပျက်စီးခြင်း၊ သီးနှံရိက္ခာများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး…
-
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ကြုံရဖွယ်ရှိသည့် ရေအခက်အခဲ
၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုရာသီဥတုအခြေအနေ ပေါ်ပေါက်လာနေကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ် ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။ အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့် ဆက်စပ်သော လေထုနှင့် လေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ် သမုဒ္ဒရာဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသောဒေသများ၏ မိုးလေဝသ အခြေအနေကိုပါ သက်ရောက်သည့် ဖြစ်စဉ်ကို ခေါ်သည်။ ပုံမှန်ထက် ထူးကဲစွာအေးမြလာသည့် ပစိဖိတ် သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်သည်မူ အယ်လ်နီညိုနှင့်ဆန့်ကျင်ဘက် လာနီညာရာသီဥတု အခြေအနေကို ပေါ်ပေါက်စေသည်။ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းနိုင်ငံများတွင် မိုးများပြီး စိုစွတ်သည့် အခြေအနေများ ပေါ်ပေါက်ပြီး မြန်မာအပါအဝင် ပစိဖိတ်သမုဒ္ဒရာ၏…
-
ပူတယ်လေ ဆယ်နေကဲ ရေဘယ်မှာလဲ (ဦးမြင့်သိန်း – မောင်ကျေးရေ)
ဒီရာသီ ရေရှား နေရပြီ။“ဥတုရာသီ တောကိုမှီ၏” တဲ့၊ရှေးမြန်မာလူကြီးတွေရဲ့ ဆိုစကားလေ့လာကြည့် မှန်နေ၏၊ပြောင်းနေသည့်ရာသီမြန်မာပြည်ဝယ် တနံတလျားမှီစရာတောလည်း မရှိ၊ ရှိတဲ့တောက မအုပ်တောင်လည်း မစိမ်း၊ ရေလည်း မပျို မြစ်လည်း မစိုရေကန်အိုချောက်၊ ချောင်းအိုင်ပြောက်ရောက်ယက်ခတ်ကာ သောက်ရေရှာပြည်သူတွေဒုက္ခ မသေးလှစုပေါင်းကာ အဖြေရှာရမှာပါ့။ (စာရေးသူ၏ မိတ်ဆွေ ရေနံချောင်း၊ ချောက်နေ ရေနံသာဒင်းဂါးက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဓာတ်ပုံများ ပေးပို့၍ ဆောင်းပါးရေးပေးရန် တိုက်တွန်းသဖြင့် ဤဆောင်းပါးကို သူ့ထံရေးပို့ခဲ့ပါသည်။ ထိုအချိန် (၂၀၂၀ ဝန်းကျင်)က ယင်းဒေသ၌ မိုးခေါင်ရေရှားပြီး လူနှင့် တိရစ္ဆာန်တို့အတွက် သောက်သုံးရေရှားပါး၊ ခိုနားစရာ အာဝါသမရှိ ဖြစ်နေခဲ့သည်။ ယနေ့တွင်ကား ထိုဒေသသည် ရေနံသာဒင်းဂါး၏ ဦးဆောင်မှု၊ ရွာခံ လူငယ် များ၊ အလှူရှင်များ၏ အကူအညီဖြင့် ရေနံချောင်း…
-
ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
၂၀၂၂ ခုနှစ် ကမ္ဘာ့ရေနေ့ (World Water Day) နီးလာသောအခါ ဆောင်းပါးများ ရေးပို့ရန်၊ စာရေးသူ ဆက်သွယ်ထားသောအဖွဲ့များနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော နိုင်ငံတကာရေအဖွဲ့အစည်းများက ကြော်ငြာစာတမ်းများ၊ ခံယူချက်များ၊ စာရွက်စာတမ်းများ စာရေးသူထံ အီးမေးလ်ကတဆင့် ပေးပို့လာသည်။ ထိုသူတို့ထံသို့ ဆောင်းပါးတစ်စောင် ပို့ခဲ့ပါသည်။ ယခုဆောင်းပါးကို မိမိနိုင်ငံ၏ ပြည်သူအများ ရေအရေး မမေ့ကြစေဖို့ တန်ဖိုးထားစေရေး သတိပေးဆောင်းပါးအဖြစ် ရေးသားခြင်း ဖြစ်ပါသည်။ ၂၀၂၂ နှစ်၏ ကမ္ဘာ့ရေနေ့ သတ်မှတ်ချက်မှာ “မြေအောက်ရေ” ဖြစ်သည်။ မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း။ မမြင်ရသော မြေအောက်ရေသည် မြင်ရသည့်နေရာတိုင်းမှာ အကျိုးသက်ရောက်စေ၏။ ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပညာရှင်နှင့်ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေးကာ နှစ်စဉ်မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပြီး…