Category: Precipitation
-
ပြောင်းလဲနေသော ရေသံသရာကို ရေဖူလုံရေးရှုထောင့်မှလေ့လာခြင်း
ကမ္ဘာပေါ်၌ အရည်၊ အခဲ၊ အငွေ့ အသွင်သုံးမျိုးဖြင့် တည်ရှိနေသည့် ရေများသည် အဓိကအားဖြင့် ငါးနေရာတွင် စုဖွဲ့နေကြသည်။ ယင်းတို့မှာ ပင်လယ် သမုဒ္ဒရာရေများ၊ လေထုတွင်းရှိ ရေငွေ့များ၊ ဆီးနှင်းနှင့် ရေခဲပြင်များ၊ မြေပေါ်ရေနှင့် မြေအောက်ရေများ ဖြစ်ကြသည်။ အထက်ပါအတိုင်း စုဖွဲ့မှုသည် တည်ငြိမ်ခြင်းမရှိဘဲ အမြဲလှုပ်ရှားနေသည်။ ကမ္ဘာပေါ်တွင် လူနှင့်သက်ရှိများ ရှင်သန်ခြင်းသည် ရေရှိခြင်းက အကြောင်းတစ်ခု ဖြစ်သကဲ့သို့ ရေသည် အသွင်သုံးမျိုးဖြင့် လှုပ်ရှားလည်ပတ်ခြင်းကလည်း အခြား အကြောင်းတစ်ခုအနေနှင့် ပါသည်။ လှုပ်ရှားလည်ပတ်ခြင်း ရပ်တန့်သွားခဲ့လျှင် ရေအရင်းအမြစ်များသည် ပြန်လည်ပြည့်တင်းနိုင်ခြင်း မရှိတော့သောကြောင့် လူတို့သည် အနီးရှိ ရေကန်များ၊ ရေသေမြစ်ချောင်းများ၊ မြေအောက်ရေကြောများ အပါအဝင် ပြန်မပြည့်နိုင်သည့် ရေအရင်းအမြစ်များကိုသာ သုံးစွဲရတော့သည့်အတွက် ယင်းတို့အားလုံး တတိတိ လျော့နည်းလာခြင်း၊ ညစ်ညမ်းလာခြင်းတို့ကို ရင်ဆိုင်ရမည်။…
-
၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄ ဒသမ ၅ ပီပီဘီ ဖြစ်ကာ စက်မှုခေတ်…
-
မြန်မာ့အပူချိန်နှင့် မိုးရေချိန် ပြောင်းလဲမှု လေ့လာချက်
ဤလေ့လာချက်သည် မြန်မာနိုင်ငံ၌ ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုးလေဝသစခန်း ၃၅ ခု၏ တိုင်းတာချက်များကို အသုံးပြု၍ အစွန်းရောက် နေ့စဉ်အပူချိန်နှင့် မိုးရေချိန်များ နှစ်စဉ်ပြောင်းလဲလာပုံကို လေ့လာသည်။ ယင်းလေ့လာချက်အရ မြန်မာနိုင်ငံ၌ သိသာစွာ ပူပြင်းလာနေသောအချက်ကို တွေ့ရှိသည်။ ၂၀ဝ၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အပူချိန်မြင့်မားလာမှုသည် ၂၀၁၁ ခုနှစ်မှလွဲ၍ နှစ်စဉ် ဝ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်စီ တက်လာနေခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန်များသည် တောက်လျှောက် မြင့်မားလာနေခဲ့သည်။ ပူပြင်းသောနေ့နှင့်ညများသည် များပြားလာနေပြီး အေးသောနေ့နှင့်ညများ လျော့နည်းသွားသည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားကာလတွင် ၁၉၈၁ နှင့် ၂၀၁၅ အတွင်း မိုးရွာသွန်းမှု များလာသော်လည်း…
-
ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ရွာသွန်းမြဲထက် ကျော်လွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် အချို့ဒေသများတွင် မိုးပိုရသော်လည်း…
-
ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ – ၁ – လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ – မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ – ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ – သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ – သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ – ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ – အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊…
-
မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဖြစ်လာနိုင်သည်များ
(ကြေးမုံသတင်းစာ၊ ၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ (၁၉၊ ၉၊ ၂၀၀၈) နေ့ထုတ်မှ ကောက်နုတ်ဖော်ပြသည်။) မြန်မာနိုင်ငံ၏ ၁၉၅၀ ပြည့်နှစ်မှစ၍ ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၅၀ မှ ၁၉၇၈ ခုနှစ်အထိ ပထမကာလ၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဒုတိယကာလ၊ ၁၉၉၉ ခုနှစ်မှ နောက်တတိယကာလ အဖြစ် သုံးကြိမ်ပိုင်းခြားလေ့လာသည်။ ပထမကာလတွင် စိုစွတ်သောရာသီဥတုဖြစ်ပြီး ယင်းနှစ်များအတွင်း မိုးကောင်းခြင်း၊ မုတ်သုံအဝင်အထွက် မှန်ကန်ခြင်းတို့ကြောင့် လွန်ကဲဖြစ်စဉ်များမရှိဘဲ ရာသီဥတု ကောင်းမွန် မှန်ကန်နေသည်ကို မှတ်တမ်းများအရ တွေ့မြင်ခဲ့ရသည်။ ဒုတိယကာလတွင် နှစ်စဉ်မိုးရွာသွန်းမှု နည်းပါးလာခြင်း၊ အပူချိန်များမြင့်တက်လာခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့သော ရာသီဥတုများ ဖြစ်ပေါ်လာခဲ့သည်။ မုတ်သုံအဝင် နောက်ကျပြီး အထွက်စောသည်ကိုလည်း တွေ့လာရသည်။…
-
ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။ ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌ လည်းကောင်း ကမ္ဘာပတ်လမ်းကြောင်းထဲ၌ ပျံသန်းကာ မြေဆွဲအားကို တိုင်းတာနေခဲ့သည်။…