-
Continue reading →: ရေလျှံတွင်း
မြေအောက်ရေများ ခိုအောင်း တည်ရှိနေသဖြင့် ရေအောင်းလွှာ (Aquifer) ဟု ခေါ်သော အဓိက မြေလွှာ နှစ်မျိုး ရှိသည် (ပုံ)။ အပေါ်ပိုင်းရှိ ရေအောင်းလွှာသည် ရေမစိမ့်နိုင်သော သို့မဟုတ် ရေစိမ့်နှုန်း နည်းသော မြေလွှာ (confining bed) ပေါ်၌ ရှိသည်၊ ယင်းမြေလွှာပေါ်၌ ရေပိတ်လွှာ မရှိသဖြင့် ဖိအားမဲ့ ရေအောင်းလွှာ (unconfined aquifer) ဟု ခေါ်သည်၊ ဖိအားမဲ့ ရေအောင်းလွှာရှိ ရေတွင်း (အလယ်တွင်း)၏ ရေပြင်သည် တွင်းဘေး ရေအောင်းလွှာရှိ ရေပြင်နှင့် အညီ ဖြစ်နေ၍ water table well ဟုလည်း ခေါ်သည်။ အောက်ဘက်ရှိ ရေအောင်းလွှာရှိ ရေများကိုမူ…
-
Continue reading →: ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ – ၁ – လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ – မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ – ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ – သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ – သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ – ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ – အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက်…
-
Continue reading →: အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု
လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။ အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။…
-
Continue reading →: ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
https://news-eleven.com/ Published 26 April 2022 မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊…
-
Continue reading →: မြစ်ပြင်များ၏ အကျယ်အဝန်း
မြစ်တစ်စင်း၏ အချက်အလက်ကို ပြောဆိုကြရာ၌ မြစ်၏ အရှည်၊ အချိန်ယူနစ် တစ်ခုအတွင်း စီးဆင်းသည့် ရေထုထည်တို့ကို ဖော်ပြလေ့ရှိသည်၊ မြစ်ပြင်၏ အကျယ်အဝန်းသည် အရေးပါသော အချက်တစ်ခု ဖြစ်သော်လည်း ယင်းကို တိုင်းတာ ဖော်ပြခြင်း နည်းပါးသည်၊ အကြောင်းများအနက် အချို့မှာ မြစ်၏ အစိတ်အပိုင်းအချို့သည် ဝေးလံခေါင်သီ၍ သွားရောက် တိုင်းတာရန် မလွယ်ကူခြင်း၊ မြစ်ပြင်၏ အကျယ်အဝန်းသည် ရာသီကို လိုက်၍ ပြောင်းလဲသဖြင့် တသမတ်တည်း ရှိမနေသောကြောင့် ဖြစ်သည်။ အမေရိကန် ပညာရှင်များ ဖြစ်ကြသော George Allen နှင့် Tamlin Pavelsky တို့သည် Landsat ဂြိုဟ်တုမှပေးပို့သော ဓာတ်ပုံပေါင်း ၇၃၀၀ ၏ အကူဖြင့်…
-
Continue reading →: မြစ်တစ်စင်း၏ ဈာပန (အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်)
(စကားဦး – မြစ်၊ ချောင်းဟု ဆိုရာ၌ ဧရာဝတီမြစ်၊ ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း စသည် တို့ကို ထောက်၍ ကျယ်ပြန့်၍ ထုထည် များသော ရေစီးကြောင်းသည် မြစ် ဖြစ်ပြီး အသင့်အတင့်သာ ကျယ်သော ရေစီးကြောင်းသည် ချောင်း ဖြစ်သည်ဟု ယေဘုယျ နားလည်ခဲ့ပါသည်။ ထို့ထက် ပို၍ တိကျစွာ သိရှိလိုသဖြင့် ပါမောက္ခ ဆရာ ဦးမောင်မောင်အေးအား မေးမြန်းသောအခါ ဆရာက မြစ်နှင့်ချောင်း ကွဲပြားပုံ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည် ပေးပို့ပါသည်၊ ဆရာပေးပို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်မှ ကောက်နုတ် ဖော်ပြရလျှင် Stream moves in a relatively…
-
Continue reading →: မြန်မာ့ မြစ်ချောင်းအချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍
(ဘီဘီစီ မြန်မာပိုင်းသည် ဆည်မြောင်း အင်ဂျင်နီယာ ဦးအေးမြင့်အား မေးမြန်း၍ သူ့ထံမှ အဓိက ရရှိသော အချက်အလက်များဖြင့် “ပါတော်မူချောင်း သို့မဟုတ် မြန်မာ့မြေပေါ်က ပျောက်ဆုံးသွားတော့မယ့် မြစ်တစ်စင်း” ဆောင်းပါးကို ၂၀၂၂ ဧပြီ ၁၀ ရက်နေ့က ဘီဘီစီ မြန်မာပိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်၊ ကျွန်တော်က ယင်းဆောင်းပါးပါ အချို့အကြောင်းအရာနှင့် အချက်အလက်များကို ပိုမို သိရှိလိုသဖြင့် ဦးအေးမြင့်နှင့် ဆက်သွယ် မေးမြန်း ဆွေးနွေးခဲ့ပါသည်၊ ယင်းသို့ ဆွေးနွေးရာမှ ဘီဘီစီ ဆောင်းပါးကို အဓိက အခြေခံ ကိုးကားပြီး ထပ်မံ ဖြည့်စွက်၊ ပိုမို တိကျအောင် ပြင်ဆင်၍ အသစ် ရေးသား တင်ပြသင့်ကြောင်း ဦးအေးမြင့်နှင့်…