Category: Security
-
ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့ (အေးမြင့်ဆွေ (ဆည်/ရေ))
အေးမြမြနွေလေညင်းများ၊ ရွှေအိုရောင်ရွက်ဝါကြွေများနှင့် ဉဩတေးသီသံချိုချိုများ ကြားတွင် မတ်လ ၂၂ ရက်နေ့၊ ကမ္ဘာ့ရေနေ့( World Water Day) သည် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။ ဤမြေကမ္ဘာ၏ ဇီဝအမြုတေဖြစ်သော ရေသယံဇာတ အရင်းအမြစ်များအား ကမ္ဘာသူ ကမ္ဘာသားအားလုံး ထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဉီးဆောင်မှုဖြင့် ကမ္ဘာ့ရေနေ့အား ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ကျင်းပကြလေ့ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေနေ့ဆောင်ပုဒ် ၂၀၂၅ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်(Theme)မှာ“ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” (Glacier Conservation)ဖြစ်ပါသည်။ ရေအရင်းအမြစ်ထိန်းသိမ်းမှု အတွက် အများစု သတိမထားမိခဲ့ကြသော ရေခဲမြစ်များအား အထူးသတိပြု အာရုံစိုက်မိစေသောကြောင့် အလွန်ထူးခြားပါသည်။ ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ကမ္ဘာ့ရေနေ့အတွက် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ…
-
ပင်လယ်ရေ တကယ်ခန်း
အင်းတော်ကြီးရေစပ်မှ ကြည့်လျှင် ရေလယ်ရှိ ရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာ ရှိဆဲ၊ ကြည်ညိုစွာ ဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းကီလိုမီတာ ၂၆၀ ခန့်ကျယ်သဖြင့် မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ အကြီးဆုံးရေကန် စာရင်းဝင်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်း ကောစပြုလာနေသည်။ ကောရခြင်း အကြောင်းရင်းများအနက် စတုရန်းကီလိုမီတာ ၈၅၀ ခန့်ကျယ်သည့် အင်းတော်ကြီး ရေဝေဒေသရှိ သစ်တောများ ပြုန်းတီးကာ မြေပြိုလာသဖြင့် မြေစာများ အင်းထဲသို့ ဝင်ရောက် အနည်ထိုင်ခြင်းက တစ်ကြောင်းဖြစ်သည်။ တောင်ပြို မြေပြိုမှု များလွန်းသဖြင့် “အင်းထဲသို့ တောင်လိုက်ကြီး ပစ်ထည့်နေသည်နှင့် တူသည်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် စက်ယန္တယား ကြီးငယ်များဖြင့် အင်းတော်ကြီး…
-
ငြိမ်းချမ်းရေးကို ရေဖြင့် ရယူခြင်း
အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုနေကြသည်ဟု ထင်ရသော်လည်း ပို၍ နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို အထူးသဖြင့် ဂျော်ဒန်မြစ်ရေကို သူပိုရသင့် ငါပိုရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့ရသည်။ ခြောက်ရက်စစ်ပွဲဟု လူသိများသော ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ခဲ့ခြင်းအကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့် ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးရှာရွန်က ပြောခဲ့သည်။ ”၁၉၆၇ ခုနှစ်မှာ ခြောက်ရက်စစ်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ နှစ်နှစ်ကျော်ကတည်းက စစ်ပွဲစခဲ့တယ်လို့ ဆိုနိုင်ပါတယ်”ဟု သူက ပြောခဲ့သည်။ ဆီးရီးယားနှင့် ဂျော်ဒန်တို့က ဂျော်ဒန်မြစ်ရေကို ပိုမိုလွှဲပြောင်းရယူရန် လုပ်ဆောင်ခဲ့ခြင်းအား ရှာရွန်က ညွှန်းခြင်းဖြစ်သည်။ ဆီးရီးယားနှင့်လက်ဘနွန်နယ်စပ်ဒေသမှ မြစ်ဖျားခံသည့် ဂျော်ဒန်မြစ်သည်…
-
လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)
တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန်စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက်အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံနည်းပညာမျှဝေခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံ တည်ဆောက်မှုအား ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်အကောင်အထည်ဖော်မှုများကိုမူ (၂၀၂၀-၂၀၂၁)…
-
အမြင်၌ ပေါများသော်လည်း လက်တွေ့တွင် ရှားနေသော သောက်သုံးရေ
အထက်ပါပုံ၌ ပုံသေးကို ကြည့်လျှင် ကမ္ဘာ့မျက်နှာပြင်ဧရိယာ အတော်များများကို ရေဖုံးနေသဖြင့် ကမ္ဘာကြီးတွင် ရေအလျှံပယ်ကြွယ်ဝသည်ဟု ထင်ရသည်။ တကယ်တွင်လည်း ကမ္ဘာသည် မျက်နှာပြင် ဧရိယာ၏ ၇၁ ရာခိုင်နှုန်း၌ ရေများဖြင့် အတိပြီးနေသည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်ရှိ ရေအားလုံးကို ထုတ်ယူစုစည်းကာ ရေစက်တစ်စက်တည်းအသွင်ဖြင့် ကမ္ဘာလုံးပေါ် အချိုးကျ တင်ပြထားသည့် ပုံကြီးကို ကြည့်လျှင် ရေထုထည်စုစုပေါင်းသည် ကမ္ဘာ၏ အရွယ်အစားနှင့် ယှဉ်လျှင် များစွာ သေးငယ်ကြောင်း တွေ့ရသည်။ ရေအလျှံပယ် ကြွယ်ဝသည်ဟု ထင်မြင်ချက်သည် မဟုတ်မှန်ကြောင်း သိလာရသည်။ တဖန် ရေချိုအားလုံးကို ရည်ညွှန်းသည့် ညာဘက်က အစက်သည် ရေအားလုံးကို ကိုယ်စားပြုသော အစက်နှင့် စာလျှင် ၂ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရှိကာ…
-
ပြောင်းလဲနေသော ရေသံသရာကို ရေဖူလုံရေးရှုထောင့်မှလေ့လာခြင်း
ကမ္ဘာပေါ်၌ အရည်၊ အခဲ၊ အငွေ့ အသွင်သုံးမျိုးဖြင့် တည်ရှိနေသည့် ရေများသည် အဓိကအားဖြင့် ငါးနေရာတွင် စုဖွဲ့နေကြသည်။ ယင်းတို့မှာ ပင်လယ် သမုဒ္ဒရာရေများ၊ လေထုတွင်းရှိ ရေငွေ့များ၊ ဆီးနှင်းနှင့် ရေခဲပြင်များ၊ မြေပေါ်ရေနှင့် မြေအောက်ရေများ ဖြစ်ကြသည်။ အထက်ပါအတိုင်း စုဖွဲ့မှုသည် တည်ငြိမ်ခြင်းမရှိဘဲ အမြဲလှုပ်ရှားနေသည်။ ကမ္ဘာပေါ်တွင် လူနှင့်သက်ရှိများ ရှင်သန်ခြင်းသည် ရေရှိခြင်းက အကြောင်းတစ်ခု ဖြစ်သကဲ့သို့ ရေသည် အသွင်သုံးမျိုးဖြင့် လှုပ်ရှားလည်ပတ်ခြင်းကလည်း အခြား အကြောင်းတစ်ခုအနေနှင့် ပါသည်။ လှုပ်ရှားလည်ပတ်ခြင်း ရပ်တန့်သွားခဲ့လျှင် ရေအရင်းအမြစ်များသည် ပြန်လည်ပြည့်တင်းနိုင်ခြင်း မရှိတော့သောကြောင့် လူတို့သည် အနီးရှိ ရေကန်များ၊ ရေသေမြစ်ချောင်းများ၊ မြေအောက်ရေကြောများ အပါအဝင် ပြန်မပြည့်နိုင်သည့် ရေအရင်းအမြစ်များကိုသာ သုံးစွဲရတော့သည့်အတွက် ယင်းတို့အားလုံး တတိတိ လျော့နည်းလာခြင်း၊ ညစ်ညမ်းလာခြင်းတို့ကို ရင်ဆိုင်ရမည်။…