Category: Water
-
ဧရာဝတီမြစ်ဖျားခံရာဒေသရှိ အရည်ပျော်နေသောရေခဲမြစ်များနှင့် ယင်းဖြစ်စဉ်၏ သက်ရောက်မှုများ

ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ အမူဒါရိယာ(Amu…
-
ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့ (အေးမြင့်ဆွေ (ဆည်/ရေ))
အေးမြမြနွေလေညင်းများ၊ ရွှေအိုရောင်ရွက်ဝါကြွေများနှင့် ဉဩတေးသီသံချိုချိုများ ကြားတွင် မတ်လ ၂၂ ရက်နေ့၊ ကမ္ဘာ့ရေနေ့( World Water Day) သည် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။ ဤမြေကမ္ဘာ၏ ဇီဝအမြုတေဖြစ်သော ရေသယံဇာတ အရင်းအမြစ်များအား ကမ္ဘာသူ ကမ္ဘာသားအားလုံး ထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဉီးဆောင်မှုဖြင့် ကမ္ဘာ့ရေနေ့အား ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ကျင်းပကြလေ့ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေနေ့ဆောင်ပုဒ် ၂၀၂၅ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်(Theme)မှာ“ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” (Glacier Conservation)ဖြစ်ပါသည်။ ရေအရင်းအမြစ်ထိန်းသိမ်းမှု အတွက် အများစု သတိမထားမိခဲ့ကြသော ရေခဲမြစ်များအား အထူးသတိပြု အာရုံစိုက်မိစေသောကြောင့် အလွန်ထူးခြားပါသည်။ ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ကမ္ဘာ့ရေနေ့အတွက် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ…
-
ရေသောက်ခြင်းအနုပညာ
ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇၀ ရာခိုင်နှုန်းသည် ရေများဖြစ်ကြသည်။ ကလေးသူငယ်များ၏ ခန္ဓာကိုယ်တွင် ၈၀ ရာခိုင်နှုန်းမျှရေပါပြီး အသက်ရလာသည်နှင့်အမျှ ရေပမာဏ ဖြည်းဖြည်းချင်း လျော့သွားသည်။ အသက်ကြီးရင့်သူများတွင် ကျောက်ကပ်အလုပ်လုပ်မှု၊ ဟော်မုန်းနှင့် ကိုယ်တွင်းဇီဝဖြစ်စဉ် ပြောင်းလဲသဖြင့် ရေသောက်လိုစိတ်နည်းလာခြင်း စသည်တို့ကြောင့် ရေသည် ကိုယ်အလေးချိန်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ လူ့ခန္ဓာကိုယ်အပေါ် ရေကအကျိုးပြုပုံ ‘ရေသည်အသက်’ဆိုသည့်စကားအတိုင်း လူ့ခန္ဓာကိုယ်အပေါ် ရေ၏အကျိုးပြုလုပ်ဆောင်ချက် အများအပြား ရှိသည်။ ရေသည် အပူဓာတ်ကို ထိန်းထားနိုင်သော သတ္တိရှိသဖြင့် အေးသော၊ ပူသော ပတ်ဝန်းကျင်တို့တွင် ကိုယ်ခန္ဓာ ရုတ်ချည်း အေးလွန်း၊ ပူလွန်းခြင်း မဖြစ်အောင် ထိန်းညှိပေးသည်။ ပြင်ပအပူချိန်သည် ခန္ဓာ အပူချိန်ထက် မြင့်နေပါက ကိုယ်တွင်းရှိရေသည် ချွေးအသွင်ဖြင့်ထွက်လာပြီး ချွေးအငွေ့ပျံသောအခါ ကိုယ်ခန္ဓာသည် အေး၍ကျန်ရစ်သည်။ အရိုးအဆစ်များကြားရှိ…
-
မမြင်ကွယ်ရာမှရေများသည်ပင်
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်း ခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီ ဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင် ပါသည့် လစ်ဗျားတွင် အမြဲစီးနေသည့်မြစ် မရှိဘဲ ရေကန်နှင့် စမ်းချောင်းအနည်းငယ်သာ ရှိသည်။ လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင် ရှိကြသဖြင့် မြို့တော်ထရစ်ပလီ အပါအဝင် မြို့ကြီးများအတွက် မြေထဲပင်လယ်ရေကို ရေချိုချက်စက်ရုံများဖြင့် ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ် ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ် ကြီးမားသည့်အပြင် အချို့ရေချိုချက်စက်ရုံများသည် ကောင်းစွာအလုပ်မလုပ်နိုင်သဖြင့် မြို့ တော်ထရစ်ပလီသာမက အခြားမြို့ကြီးအချို့တွင်လည်း…
-
ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၅)
အပူချိန်တက်လာခြင်းအကြောင်းရင်း လွန်ခဲ့သည့်နှစ်တစ်ရာကျော်အတွင်း ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏပိုလာခြင်းကြောင့်ဟု သေချာပေါက်နီးပါး ယူဆနိုင်သော်လည်း အဆိုပါအချက်ကို လက်မခံလိုသူအချို့က ယင်းဓာတ်ငွေ့ပိုလာမှုသည် သဘာဝအကြောင်းကြောင့် မဖြစ်နိုင်သလောဟု မေးခွန်းထုတ်ကြသည်။ အပေါ်ပုံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ဝဝဝ၀ ခန့်အတွင်း ကမ္ဘာ့လေထုတွင်းရောက် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ အပြောင်းအလဲနှင့် တောင်ဝင်ရိုးစွန်းဝန်းကျင် အန္တာတိကတိုက်၏ အပူချိန် အပြောင်းအလဲကို နှိုင်းယှဉ်ပြသသောပုံ ဖြစ်သည်။ ယင်းကာလအတွင်း ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ကမ္ဘာ့အပူချိန်တို့သည် သူတက်ကိုယ်တက် သူကျကိုယ်ကျဖြင့် အတက်အကျ ညီနေခဲ့ကြောင်း ပုံတွင် မြင်နိုင်သည်။ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀ဝဝဝ၀ ခန့်မှစကာ ၁၉ ရာစုနှစ်ခန့်အထိ ၁၈၀ ပီပီအမ် (ppm = parts per million)နှင့် ၂၈၀ ပီပီအမ်တို့ကြားတွင်သာ သဘာဝအလျောက် နိမ့်ချည်မြင့်ချည်…