Category: Greenhouse Gases
-
ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုအရင်းအမြစ်များ ၂၀၂၄ ခုနှစ်
ရာသီဥတုပြောင်းလဲအောင် လုပ်ဆောင်ရာတွင် စွမ်းအင်သုံးစွဲခြင်းက အဓိကကျသည်။ စွမ်းအင်သုံးစွဲသော ကဏ္ဍသုံးမျိုးမှာ လျှပ်စစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် အပူအအေးပေးခြင်းတို့ ဖြစ်ကြသည်။ ယနေ့ကမ္ဘာတွင် လျှပ်စစ်ထုတ်လုပ်ရာ၌ ကျောက်မီးသွေးကို အများဆုံးသုံးကြပြီး သဘာဝဓာတ်ငွေ့ကို ဒုတိယအများဆုံး သုံးသည်။ ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံကို ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့မှ ရရှိပြီး သုံးပုံတစ်ပုံကို ကာဘွန်အထွက်နည်းသော အရင်းအမြစ်များ ဖြစ်ကြသည့် ရေအား၊ နျူးကလီးယား၊ ဆိုလာနှင့် လေအားတို့မှ ရရှိသည်။ အရင်းအမြစ်များအလိုက် ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုပမာဏ ၂၀၂၄ ခုနှစ် ကျောက်မီးသွေး ၁၀၅၈၇ တယ်ရာဝပ်-နာရီ (TWh) သဘာဝဓာတ်ငွေ့ ၆၇၉၆ တယ်ရာဝပ်-နာရီ ရေအား ၄၄၁၉ တယ်ရာဝပ်-နာရီ နျူကလီးယား ၂၇၆၅ တယ်ရာဝပ်-နာရီ လေအား ၂၄၉၇ တယ်ရာဝပ်-နာရီ ဆိုလာ ၂၁၃၀ တယ်ရာဝပ်-နာရီ ကာဘွန်အထွက်နည်းသော…
-
၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း ညီလာခံ
သဘာဝဖြစ်စဉ်များသည် အစဉ်ပြောင်းလဲနေတတ်ရာ အများဆုံးနှင့် အမြင်သာဆုံး ပြောင်းလဲတတ်သည့် သဘာဝဖြစ်စဉ်မှာ မိုးလေဝသဟု ဆိုနိုင်သည်။ အချိန်တစ်ချိန်၊ နေရာတစ်ခု၌ ဖြစ်ပေါ်နေသော ပူသည်၊ အေးသည်၊ မိုးရွာသည်၊ နေသာသည် စသည့် လေထု၏ အခြေအနေများကို မိုးလေဝသဟု ခေါ်သည်။ မိုးလေဝသသည် လေထုအပူချိန်၊ လေထုဖိအား၊ စိုထိုင်းမှုစသည့် များစွာသောအချက်တို့ပေါ် မူတည်ပြီး အစဉ်အမြဲ ပြောင်းလဲသည်။ ယခုနေပူသော်လည်း မကြာမီ နေရိပ်သွားတတ်သည်။ သာယာနေလျက်က မထင်မှတ်ဘဲ မိုးရွာချသည်ကို ကြုံဖူးကြသည်။ လေ၏ ဝှေ့ယမ်းတိုက်ခတ်မှုကို ရုတ်ချည်းခံလိုက်ရသူတို့ ဒယီးဒယိုင် ဖြစ်သွားကြသည်။ ဒေသတစ်ခု၏ မိုးလေဝသသည် အပြောင်းအလဲ မြန်သော်လည်း ယင်းဒေသ၏ ရာသီဥတုသည်မူ တည်ငြိမ်နေတတ်သည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၌ ရှည်ကြာသောကာလတစ်ခုအတွင်း ဖြစ်ပေါ် ပြောင်းလဲခဲ့သော ပျမ်းမျှ မိုးလေဝသအခြေအနေကို ခေါ်သည်။…
-
ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃
(ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့(အိုင်ပီစီစီ)၏ “ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃” အစီရင်ခံစာပါ အဓိကအချက်များ) ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ကမ္ဘာ့မျက်နှာပြင်ပျမ်းမျှအပူချိန်သည် ၁၈၅၀ နှင့် ၁၉၀ဝ ကြား ကာလထက် ၁ ဒသမ ဝ၉ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်။ မြေပြင်အပူချိန်သည် ၁ ဒသမ ၅၉ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ပြီး သမုဒ္ဒရာရေပြင်သည် ဝ ဒသမ ၈၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏသည် ဂိုင်ဂါတန် ၂၄၀ဝ ခန့် ဖြစ်သည်။ ယင်းပမာဏ၏ ၅၈ ရာခိုင်နှုန်းသည် ၁၈၅၀ နှင့် ၁၉၈၉…
-
၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄ ဒသမ ၅ ပီပီဘီ ဖြစ်ကာ စက်မှုခေတ်…
-
ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ – ၁ – လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ – မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ – ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ – သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ – သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ – ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ – အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊…
-
ဂျီအိုအင်ဂျင်နီယာ
မှန်အလုံပိတ်ထားသော ကားများထဲတွင် လူနှင့် အခြားပစ္စည်းများမှ ထွက်သော အပူဓာတ် သို့မဟုတ် အနီအောက်ရောင်ခြည်ကို ကားမှန်က တားဆီးထား၍ ကားတွင်း၌ ပူနွေးလာသကဲ့သို့ လေထုတွင်းရှိ သဘာဝ ဖန်လုံအိမ် ဓာတ်ငွေ့များသည်လည်း မြေပြင်ကို ရိုက်ခတ်ပြီး ပြန်ကန်ထွက်လာသော နေရောင် အပူဓာတ်ကို အာကာသထဲ ပြန်ထွက်ခွင့် မပေးဘဲ ထိန်းအုပ်ထားခြင်းဖြင့် ကမ္ဘာကို အလောတော် အခြေအနေ၌ နွေးထွေးစေသည်။ သို့သော် လူတို့က ရေနံ၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်းလောင်စာများကို အလွန်အကျွံ သုံးစွဲမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ ရှိသင့်သည်ထက် များလာပြီး ကမ္ဘာ့အပူချိန်သည် တစ်ချိန်ထက် တစ်ချိန် တိုးတက်လာလျက် ရှိသည်။ ယင်းပြဿနာကို ကုစားဖို့ ကာဘွန်ဒိုင်အောက်ဆိုက် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးစားနေကြသော်လည်း ယင်းကြိုးပမ်းမှု အောင်မြင်ရန် အလားအလာမှာ…
-
ရာသီဥတုပြောင်းလဲမှုနှင့်မြန်မာ
၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တ နှစ်ပတ် ကြာ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးတွင် အဓိက သဘောတူညီချက် သုံးခုကို ချမှတ်နိုင်ခဲ့သည်။ ၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေး ခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေး လာမည့်နှစ်တွင် ထပ်မံစည်းဝေးကြရန်၂ – ကျောက်မီးသွေးအသုံးလျှော့ချရန်၃ – ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီ ပိုပေးရန်တို့ ဖြစ်ကြသည်။ နေရာအနှံ့အပူချိန်တက်လာ၊ ရေခဲပြင် အရည်ပျော်၊ ပင်လယ်ရေပြင် မြင့်တက်၊ မုန်တိုင်းပိုတိုက်၊ တိုက် သော မုန်တိုင်း အားပိုကောင်းလာ၊ ရေကြီးရေလျှံ၊ အချို့ နေရာများတွင် မိုးခေါင်စသဖြင့် ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များကို ယခုကပင်…