-
Continue reading →: ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃
(ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့(အိုင်ပီစီစီ)၏ “ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃” အစီရင်ခံစာပါ အဓိကအချက်များ) ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ကမ္ဘာ့မျက်နှာပြင်ပျမ်းမျှအပူချိန်သည် ၁၈၅၀ နှင့် ၁၉၀ဝ ကြား ကာလထက် ၁ ဒသမ ဝ၉ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်။ မြေပြင်အပူချိန်သည် ၁ ဒသမ ၅၉ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ပြီး သမုဒ္ဒရာရေပြင်သည် ဝ ဒသမ ၈၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏသည် ဂိုင်ဂါတန် ၂၄၀ဝ ခန့် ဖြစ်သည်။ ယင်းပမာဏ၏…
-
Continue reading →: အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော ရေအောင်းလွှာ (ဦးမြင့်သိန်း – မောင်ကျေးရေ)
အမေရိကန်နိုင်ငံ၏ အကြီးဆုံးသောရေအောင်းလွှာဖြစ်သည့် အိုဂလ်လလာရေအောင်းလွှာသည် ၁၇၄၀ဝ၀ စတုရန်းပေ ကျယ်ဝန်းသည်။ တောင်ဒါကိုတာ၊ ဝမ်အမင်း၊ နီဘရာစကာ၊ ကော်ရိုရာဒို၊ ကန်ဆက်၊ နယူးမက်စီကို၊ အုပ်ကလာဟိုးမားနှင့် တက်ဆက်ပြည်နယ်၊ ပေါင်း ၈ ပြည်နယ်အောက်တွင် ဖြစ်တည်နေပြီး ထို ၈ ပြည်နယ်၏ ရေအရင်းအမြစ်ဖြစ်သည်၊ ၁၈၉၈ ခုနှစ်တွင် ဘူမိဗေဒပညာရှင် အင်အိပ်ချ်ဒါတွန်က ရေအောင်းလွှာအနီးရှိ အိုဂယ်လလမြို့ကို အစွဲပြု အမည်ပေးထားခြင်း ဖြစ်သည်။ ကုနု်းမြင့်ဒေသတွင် ဖြစ်တည်နေသည့် ရေနေတိမ်သော ယင်းရေအောင်းလွှာသည် နှစ်သန်းပေါင်း ၂ သန်းမှ ၆ သန်းရှိ နှောင်းပိုင်း မိုင်ယိုစင်းမှ အစောပိုင်းသက်တမ်းရှိ အနည်ကျကျောက်လွှာတွင် ပါဝင်သည့် သဲ၊ ရွှံ့ဆန်သဲ၊ ရွှံ့၊ ကျောက်စရစ်မျိုးစုံ ပါဝင်ဖွဲ့စည်းထားသည်။…
-
Continue reading →: နိုက်ထရိုဂျင်
နိုက်ထရိုဂျင်သည် လေထုထဲတွင် အများဆုံးတည်ရှိသော ဓာတ်ငွေ့ဖြစ်သည်။ လေထု ၏ ၇၈ ရာခိုင်နှုန်းသည် နိုက်ထရိုဂျင် ဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင်းနှင့် မြေဆီလွှာတွင်း၌လည်း နိုက်ထရိုဂျင် ပါဝင်တည်ရှိသည်။ သက်ရှိတို့ ရှင်သန်ရာတွင် အရေးပါသည့် ပရိုတိန်းဓာတ်ပေါင်းထဲ၌ နိုက်ထရိုဂျင် ပါဝင်သည်။ နိုက်ထရိုဂျင်ကြောင့် သီးနှံများ ဖွံ့ဖြိုးအောင်မြင်သည်။ သို့သော် နိုက်ထရိုဂျင်သည် လေထုတွင်းမှ သက်ရှိများထဲသို့ အလွယ်တကူ ရောက်လာခြင်း မဟုတ်ချေ။ နိုက်ထရိုဂျင်အက်တမ်နှစ်လုံးဖြင့် ဖွဲ့စည်းထားသည့် နိုက်ထရိုဂျင်မော်လီကျူးသည် အလွန်ခိုင်မြဲကာ အလွယ်တကူ ဓာတ်ပြုပြောင်းလဲခြင်း မရှိသဖြင့် သန့်စင်သော နိုက်ထရိုဂျင်မော်လီကျူးသည် သက်ရှိများအတွက် မည်သို့မျှ အသုံးမဝင်ချေ။ ဓာတ်ပြုပြောင်းလဲရန် မလွယ်သော၊ အသုံးမဝင်သော နိုက်ထရိုဂျင်ကို သဘာဝနည်း၊ လူတို့ဖန်တီးသောနည်း တစ်မျိုးမျိုးဖြင့် ပြောင်းလဲစေကာ…
-
Continue reading →: ၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄…
-
Continue reading →: ရာသီကပ်ဘေးနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဒဏ် ခံနေရသည့် အင်းတော်ကြီးဒေသ (ထွန်းလင်းအောင် (မြစ်ကြီးနား) )
” မင်းလယ်ကော ဘယ်လောက်ထိလဲ ဆိုတဲ့ အမေးမျိုး မမေးရဲဘူး။ တစ်ချို့ ဧက ၂၀ နီးပါးလောက်ဖြစ်သွားတော့ လုပ်စားစရာ ကုန်သွားတယ်။ မွေးကတည်းက ဒီမြေတွေနဲ့ လုပ်ကိုင်လာခဲ့ကြတာကို။တချို့ မိတ်ဆွေတွေ၊ အမျိုးတွေလည်း အိပ်ဆေး သောက်နေကြရတယ်။ ကိုယ်တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူး။ တစ်နယ်လုံးဖြစ်တာလို့ ပြောပေးရတယ်”ဟု လယ်ခြောက်ဧကမှာ နှစ်ဧက ပျက်တဲ့ အင်းလေးက ကိုကျော်မင်းကဆိုသည်။ သူပြောသည့် တနယ်လုံး ဖြစ်တာဆိုကတော့ မှန်ပါသည်။ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်များတွင် မိုးသည်းစွာ ရွာသွန်းခဲ့ရာ ဟိုပင်ဒေသနှင့် အင်းတော်ကြီး ဒေသ တဝှမ်း တောင်တွေပြိုကာ မြေစာတွေ ရေနှင့်အတူ မျှောပြီး လယ်တွေ…
-
Continue reading →: စက်ရေတွင်းဟုခေါ်ဝေါ်သုံးနှုန်းကြပါစေလို (ဦးမြင့်သိန်း – မောင်ကျေးရေ)
(ဤဆောင်းပါးကို ၂၀၂၀ ခုနှစ်ဖေဖဝါရီလ ၁၉ ရက် က ရေးသားပြီး ကာတွန်းပုံကို ကျွန်တော်၏ မြေအောက်ရေမိတ်ဆွေ ဦးဇော်မိုးလှိုင် (ရေအရင်းအမြစ်) က ဆွဲပေးပါသည်။ မြန်မာနိုင်ငံတွင် စက်ရေတွင်းကို“ အဝိစီတွင်း” ဟု ခေါ်ဝေါ်သော အရပ်စကားအသုံးအနှုန်းသည် မသင့်လျော်ဟု ယူဆသောကြောင့် ရေးသားခြင်း ဖြစ်ပါသည်။) စက်ရေတွင်း(ခေါ်ဝေါ် သုံးစွဲရမည့် စကားလုံး) အဝီစိတွင်း (မခေါ်ဝေါ် မသုံးစွဲသင့်သော စကားလုံး) စက်မှုလယ်ယာဦးစီးဌာန၊ ကျေးရွာရေရရှိရေးဌာနခွဲသည် ရေဆယ်စုနှစ် (၁၉၇၉-၈၀ မှ ၁၉၉၀-၉၁) အတွင်း စက်ရေတွင်းများ တူးဖော်နေစဉ်ကာလက ရေရရှိရေးနှင့်အသုံးချရေးဆိုင်ရာ ဆွေးနွေးပွဲများကို နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ စာရေးသူမှတ်မိသည်က ၁၉၈၆ တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲ၌ စက်ရေတွင်း…
-
Continue reading →: ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ကြုံရဖွယ်ရှိသည့် ရေအခက်အခဲ
၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုရာသီဥတုအခြေအနေ ပေါ်ပေါက်လာနေကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ် ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။ အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့် ဆက်စပ်သော လေထုနှင့် လေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ် သမုဒ္ဒရာဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသောဒေသများ၏ မိုးလေဝသ အခြေအနေကိုပါ သက်ရောက်သည့် ဖြစ်စဉ်ကို ခေါ်သည်။ ပုံမှန်ထက် ထူးကဲစွာအေးမြလာသည့် ပစိဖိတ် သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်သည်မူ အယ်လ်နီညိုနှင့်ဆန့်ကျင်ဘက် လာနီညာရာသီဥတု အခြေအနေကို ပေါ်ပေါက်စေသည်။ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းနိုင်ငံများတွင် မိုးများပြီး…