Tag: Rivers
-
တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ… အေးမြင့်ဆွေ (ဆည်/ရေ)
မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များ မှောင်မည်းညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။ ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဉတု ပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများ ရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းခြင်းကဲ့သို့ ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက် ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေကြရပါသည်။ ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့် အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှု လွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှရေများ ကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။ မိမိကိုယ်တိုင်လည်း ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာ မသိရှိရသေးခင်က ထိုသို့တွေးထင်ခဲ့ဖူးသည်ဖြစ်ရာ ဤဆောင်းပါးတွင်…
-
အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
လူကြီးပိုင်းအတော်များများသည် သူတို့ငယ်စဉ်က ကြည့်ဖူးခဲ့မည်ဖြစ်သော ”ပြန်လမ်းမရှိသောမြစ်” ရုပ်ရှင်ကားကို မေ့နိုင်ကြဦးမည်မဟုတ်ချေ။ ရောဘတ်မစ်ချမ်နှင့် မာရီလင်မွန်ရိုးတို့ ပါဝင်ပြီး အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ မြစ်တစ်စင်းကို ကျောရိုးပြု ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်ကားအဖြစ် အမှတ်ရနေကြမည်။ ”ပြန်လမ်းမရှိသောမြစ်”ရုပ်ရှင်နည်းတူ မြစ်များကို အခြေခံဖန်တီးခဲ့သော အခြားအနုပညာလက်ရာများ မရေမတွက်နိုင်အောင် ရှိသည်။ စာရေးဆရာကြီးမတ်တွိုန်း၏ ကမ္ဘာကျော်လက်ရာ ”ဟပ်ကယ်ဘယ်ရီဖင်း၏ စွန့်စားခန်းများ”သည် အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ကို အခြေခံထားသည်။ အလားတူ ကမ္ဘာ့အရှည်ဆုံး မြစ်များ ဖြစ်ကြသော အယ်မဇုန်မြစ်နှင့်နိုင်းလ်မြစ်တို့သည် ဝတ္ထုနှင့်ရုပ်ရှင်ဇာတ်လမ်းပေါင်း များစွာကို မွေးဖွားပေးခဲ့သည်။ ဂီတဘက်တွင် မြစ်အကြောင်း ဖွဲ့ဆိုထားသည့် ကမ္ဘာကျော်သီချင်းများရှိသည့် နည်းတူ မြန်မာတွင်လည်း ယမုန်နာပတ်ပျိုးမှသည် မြင့်မြင့်ခင်သီဆိုသော ‘မြစ်ကြီးဧရာဝတီ’အလယ်၊ ခင်ဝမ်း၏ ‘ဧရာဝတီ’နှင့် ထူးအိမ်သင်၏ ‘ရာဇဝင်များရဲ့သတို့သမီး’ အထိ မြစ်ဖွဲ့သီချင်းများသည် ဂီတချစ်သူများ၏ နှလုံးအိမ်တွင် စွဲကျန်နေကြသည်။…
-
မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ
ရေကြီးရေလျှံခြင်း သို့မဟုတ် ရေလွှမ်းမိုးခြင်း ဆိုသည်မှာ ပုံမှန်အချိန်၌ ခြောက်သွေ့နေသည့် မြေပြင်ပေါ်သို့ မြစ် သို့မဟုတ် မိုးရေ၊ ဆီးနှင်း၊ ရေခဲကဲ့သို့သော ဇာစ်မြစ်တစ်ခုခုမှ ရေများရောက်ရှိလာကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်နေခြင်းဟု ဖွင့်ဆိုသည်။ ရေကြီးရေလျှံခြင်း၏ အကြောင်းရင်းများမှာ မိုးသည်းထန်စွာ သုံးရက်နှင့်အထက် ဆက်တိုက်ရွာသွန်းခြင်း၊ မြစ်ချောင်းများနှင့်ရေထုတ်စနစ်များ အနည်ထိုင် ပိတ်ဆို့ခြင်း၊ ဒီရေတောစသည့် ရေနှင့်ဆက်စပ်သော သဘာဝအခြင်းအရာများ အရည်အသွေး ကျဆင်းခြင်းနှင့် လျော့နည်းပျောက်ကွယ်ခြင်း၊ မိုးသည်းထန်ချိန်နှင့် ရေထရက် ဆုံစည်းမိခြင်း၊ မုန်တိုင်းဒီရေတက်ခြင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ရေကြီးမှုအန္တရာယ်များကို တစ်နှစ်လျှင် သုံးကြိမ်ခန့်အထိ အများဆုံးကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်လနှင့် မိုးနှောင်းပိုင်း စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဖြစ်လေ့ရှိကာ မိုးအများဆုံး ရွာသွန်းသော သြဂုတ်တွင် အဆိုးရွားဆုံး…
-
ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)
(၈ .၁၁ .၂၀၁၆ နှင့် ၉ . ၁၁ . ၂၀၁၆ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။) မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction…
-
အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု
လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။ အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။ အနောက်ပိုင်း သဲကန္တာရ ဒေသတွင် မြစ်ချောင်းများ မရှိဘဲ…
-
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
https://news-eleven.com/ Published 26 April 2022 မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊…
-
မြစ်ပြင်များ၏ အကျယ်အဝန်း
မြစ်တစ်စင်း၏ အချက်အလက်ကို ပြောဆိုကြရာ၌ မြစ်၏ အရှည်၊ အချိန်ယူနစ် တစ်ခုအတွင်း စီးဆင်းသည့် ရေထုထည်တို့ကို ဖော်ပြလေ့ရှိသည်၊ မြစ်ပြင်၏ အကျယ်အဝန်းသည် အရေးပါသော အချက်တစ်ခု ဖြစ်သော်လည်း ယင်းကို တိုင်းတာ ဖော်ပြခြင်း နည်းပါးသည်၊ အကြောင်းများအနက် အချို့မှာ မြစ်၏ အစိတ်အပိုင်းအချို့သည် ဝေးလံခေါင်သီ၍ သွားရောက် တိုင်းတာရန် မလွယ်ကူခြင်း၊ မြစ်ပြင်၏ အကျယ်အဝန်းသည် ရာသီကို လိုက်၍ ပြောင်းလဲသဖြင့် တသမတ်တည်း ရှိမနေသောကြောင့် ဖြစ်သည်။ အမေရိကန် ပညာရှင်များ ဖြစ်ကြသော George Allen နှင့် Tamlin Pavelsky တို့သည် Landsat ဂြိုဟ်တုမှပေးပို့သော ဓာတ်ပုံပေါင်း ၇၃၀၀ ၏ အကူဖြင့် ၂၀၁၈ ခုနှစ်က ကမ္ဘာ့မြစ်များ၏ ပျမ်းမျှအကျယ်ကို တိုင်းတာ…