• စက်မှုတော်လှန်ရေးဆိုသည်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည်တို့၌ လူအား၊ တိရစ္ဆာန်တို့၏အားစသည်တို့ကို အဓိကသုံးနေရာမှ လောင်စာသုံးစက်ကိရိယာများဖြင့် လုပ်ငန်းပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပြီးမြောက်လာစေနိုင်ခြင်း ဖြစ်စဉ်ကို ခေါ်သည်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်မှာ ရေနွေးငွေ့အင်ဂျင်ကို တီထွင်အသုံးပြုနိုင်မှုကြောင့် အဓိကဖြစ်သည်။ ရေနွေးငွေ့အင်ဂျင်မှ အစပြုလိုက်သော စက်ကိရိယာများကို အသုံးချနိုင်ခြင်းသည် လူ့သမိုင်း၌ မီးကို သုံးစွဲတတ်ခြင်းပြီးလျှင် ကြီးမားကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။ ရေနွေးငွေ့၏ရွေ့လျားတွန်းကန်အားဖြင့် တာဘိုင်ကို လည်ပတ်စေခြင်း၊ ပစ်စတင်များကို ရှေ့တိုးနောက်ငင် ရွေ့လျားစေခြင်းတို့ဖြင့် စက်ကိရိယာများ အလုပ်လုပ်သည်။ သုံးပြီးသောရေနွေးငွေ့တို့ကို ပြန်လည်အအေးခံကာ ရေပြန်ဖြစ်စေခြင်းဖြင့် အကျော့ပေါင်းများစွာ ပြန်လည်အသုံးချသည်။ ပေါ်ဦးစ ရေနွေးငွေ့အင်ဂျင်တို့တွင် ကျောက်မီးသွေး၊ ထင်းတို့ဖြင့် ရေကိုဆူပွက်စေ၍ ရေနွေးငွေ့ကို ဖန်တီးသည်။ နောက်ပိုင်းတွင်…

    Continue reading →: စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု
  • စက်ကိရိယာများမပါ လူအားသက်သက်ဖြင့်သာ လုပ်ခဲ့စဉ်က ပြီးမြောက်နိုင်သော အလုပ်ပမာဏသည် လွန်စွာ နည်းပါးသည်။ ပျမ်းမျှယောက်ျားတစ်ယောက် တစ်ရက်စားသော အစာ၌ စွမ်းအင် ကယ်လိုရီ ၂၀၀၀ မှ ၃၀၀၀ ခန့်သာပါသည်။ ယင်းသည် ဓာတ်ဆီ ၁၀၀ မီလီလီတာတွင်ပါသော စွမ်းအင်နှင့်တူညီသည်။ ထို့ကြောင့် သူလုပ်၍ ပြီးနိုင်သော အလုပ်ပမာဏမှာလည်း ဓာတ်ဆီ ၁၀၀ မီလီလီတာမှ ရသော စွမ်းအင်ထက် မပိုနိုင်ပေ။ ကျောက်မီးသွေး၊ ရေနံစသည်တို့ကိုသုံး၍ စက်ကိရိယာများကို တီထွင် မောင်းနှင်တတ်လာသောအခါတွင်မူ လောင်စာစွမ်းအင်များကို သုံးလျှင် သုံးသလောက် အလုပ်ပို၍ပြီးစီးလာသည်။ အလုပ်ပိုလုပ်လာနိုင်သောအခါ ဝင်ငွေပိုကောင်းလာကြသည်။ လမ်းလျှောက်၊ စက်ဘီးစီး၍ သွားလာနေရာမှ ကိုယ်ပိုင်ကားဖြင့် ခရီးနှင်လာနိုင်သည်။ ပူအိုက်သောအခါ ယပ်တောင်ဖြင့် ယပ်ခတ်နေရသောဘဝမှ…

    Continue reading →: သုံးပင်လိမ်အရင်းအမြစ်များ
  • ကမ္ဘာ့လူဦးရေနှင့် ရုပ်ကြွင်းလောင်စာအသုံး များပြားလာခြင်းတို့ကြောင့် ရာသီဥတုစနစ်ပြောင်းလဲပုံ အဆင့်ဆင့် ခုနှစ် ဖြစ်ရပ် ၁၇၁၂ ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် ကျောက်မီးသွေးအများအပြားစတင်အသုံးပြု ၁၇၆၀ အင်ဂျင်စက်အများအပြား အသုံးပြုခြင်းဖြင့် ပထမစက်မှုတော်လှန်ရေး စတင် ၁၈၀၀-၁၈၇၀ လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၂၉၀ ပီပီအမ်ကမ္ဘာ့ပျမ်းမျှအပူချိန် ၁၃ . ၆ ဒီဂရီစင်တီဂရိတ် ၁၈၀၄ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ပြည့် ၁၈၂၄ ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ်အာနိသင်အကြောင်း စတင်ဖော်ထုတ် ၁၈၈၆ ကမ္ဘာ့ပထမဆုံးမော်တော်ကားကို ထုတ်လုပ် ၁၈၉၆ ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်က ကျောက်မီးသွေးကြောင့် လေထုတွင်းရှိနှင့်ပြီး အပူဓာတ်ကို ပိုမိုပြင်းထန်လာစေလိမ့်မည်ဟု ပြော ၁၈၇၀-၁၉၁၀ ဒုတိယစက်မှုတော်လှန်ရေး စတင်၊ အင်ဂျင်စက်အသုံးပြုမှု ပိုတွင်ကျယ်လာ ၁၉၂၀-၁၉၂၅…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း
  • စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ကျင်းပလျက်ရှိသော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း အစည်းအဝေး၏ တရားဝင်အမည်မှာ COP26 ဖြစ်သည်။ COP26 သည် Conference of the Parties 26 ၏ အဖျားဆွတ် အတိုကောက်ဖြစ်ပြီး ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ၏ ၂၆ ကြိမ်မြောက် အစည်းအဝေးဟု ပြန်ဆိုနိုင်သည်။ ပါဝင်ပတ်သက်သော အဖွဲ့အစည်းများဆိုသည်မှာ ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်(the United Nations Framework Convention on Climate Change (UNFCCC))တွင် ပါဝင်ခဲ့သော နိုင်ငံများကို ရည်ညွှန်းသည်။ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို စက်မှုတော်လှန်ရေးခေတ် အစပိုင်း၏…

    Continue reading →: ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး
  • ပင်လယ်ခြားသော ရပ်ဝေးနယ်များသို့ သင်္ဘောများဖြင့် မသွားနိုင်မီကပင် ကမ္ဘာ၏ တောင်ဘက်စွန်းတွင် တိုက်ကြီးတစ်တိုက် ရှိနေနိုင်ကြောင်းကို ဂရိလူမျိုးတို့က မှန်းဆခဲ့သည်။ ယင်းအချိန်က ကမ္ဘာ၏ မြောက်ဘက်စွန်း အာတိတ်ဒေသကို တွေ့ပြီးဖြစ်ရာ တောင်ဘက်စွန်း၌ ရှိနေနိုင်သည့်တိုက်ကို အာတိတ်၏ ဆန့်ကျင်ဘက်ဟု အဓိပ္ပာယ်ရသည့် အန္တာတိတ်(အန္တာတိက)ဟု ခေါ်ခဲ့သည်။ စွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ်သည် ၁၇၇၃ ခုနှစ်တွင် အန္တာတိကတိုက်အနီးသို့ ရောက်သော်လည်း ကုန်းမြေကို မမြင်ခဲ့ရချေ။ မျောနေသော ရေခဲတောင်များတွင် ကျောက်တုံးများ ပါဝင်နေသည်ကို တွေ့၍ အနီးအနား၌ ကုန်းမြေထုတစ်ခု ရှိမှန်းသာ သိခဲ့သည်။ ၁၈၂၀ ပြည့်နှစ်တွင်မှ ဗြိတိသျှလူမျိုး ဝီလျံစမစ် နှင့် အက်ဒဝပ်ဘရန်းစဖီးတို့က အန္တာတိကတိုက်ကို စတင်မြင်တွေ့ခဲ့သည်။ စတုရန်းမိုင်ငါးသန်းခွဲကျယ်သော အန္တာတိကတိုက်သည် အာရှ၊…

    Continue reading →: အန္တာတိက
  • ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု အများအပြားရှိသည့်အနက် စီးဆင်း အရည်ပျော် အငွေ့ပျံ စသောနည်းများဖြင့် ကမ္ဘာ့ရေထု ရွေ့လျားနေပုံကို ဒြပ်ဆွဲအား(Gravity) အသုံးပြု၍ တိုင်းတာပြီး ရရှိသည့် အချက်အလက်များကို ကမ္ဘာသို့ ပြန်လည် ပေးပို့နေသော ဂြိုဟ်တုနှစ်လုံးကို ဂရေ့စ်(Gravity Recovery and Climate Experiment, or GRACE)ဟု အဖျားဆွတ်၍ ခေါ်ကြသည်။ ရေထုရွေ့လျားမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်သွယ်နေရာ ရေထုကို လေ့လာခြင်းဖြင့် ပြောင်းလဲနေသောရာသီဥတု၏ အချို့သော အခြင်းအရာများကိုလည်း သိရှိကြသည်။ အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)နှင့် ဂျာမန် ဘူမိသိပ္ပံ သုတေသနဌာန (GFZ German Research Center for Geosciences )တို့က ၂၀၀၂ ခုနှစ်က ဂရေ့စ်ဂြိုဟ်တုနှစ်လုံးကို လွှတ်တင်ခဲ့ပြီး…

    Continue reading →: ဂရေ့စ် — ရေနှင့်ရာသီဥတုလေ့လာရေးဂြိုဟ်တုများ
  • တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။ ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌…

    Continue reading →: ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ